Kaung Thitsar Deliver the best travel experience.

ယနေ့ငွေလဲနှုန်းများ။Kpay, KBZ, CBBanking, Face to Face at Huai Khwang
22/11/2024

ယနေ့ငွေလဲနှုန်းများ။
Kpay, KBZ, CB

Banking, Face to Face at Huai Khwang

ယနေ့ထိုင်းငွေလွှဲနှုန်း။ Kpay/ KBZ/ CB
21/11/2024

ယနေ့ထိုင်းငွေလွှဲနှုန်း။

Kpay/ KBZ/ CB

Hello! လာမယ့်ခရီးသွားရာသီမှာ ပတ္တယားကမ်းခြေသွားပြီးအပန်းဖြေမယ့်သူများအတွက် ကျွန်တော်ကိုယ်တိုင်သဘောကျခဲ့တဲ့ ခရီးသွားပုံစံ...
09/10/2024

Hello! လာမယ့်ခရီးသွားရာသီမှာ ပတ္တယားကမ်းခြေသွားပြီးအပန်းဖြေမယ့်သူများအတွက် ကျွန်တော်ကိုယ်တိုင်သဘောကျခဲ့တဲ့ ခရီးသွားပုံစံလေးကို ပြောပြပေးသွားပါမယ်။
ပတ္တယားရောက်ရင် လူတော်တော်များများက Nong Nooch Park၊ ဘုရား စတဲ့နေရာတွေအသွားများကြတယ်။ ခုမှစသွားမယ့်သူတွေအတွက်ကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေဖြစ်ပေမယ့် ကျွန်တော်ကရောက်ဖူးပြီးပြီမို့ ဒါတွေမသွားချင်တော့ပဲနဲ့ ကမ်းခြေမှာ ဘော်ဒါတွေနဲ့ ပင်လယ်စာအကင်လေးစားလိုက်၊ Soft Drink လေးသောက်လိုက်၊ ရေကူးလိုက်နဲ့ ပင်လယ်ကြီးရဲ့လွတ်လပ်တဲ့ အရသာကိုခံစားရင်း အပန်းဖြေလိုက်ရတာကို အလွန်ပဲနှစ်သက်ခဲ့ပါတယ်။
ဘန်ကောက်ကနေ နေ့လည်စာစားပြီးချိန် ၁ နာရီလောက်အေးအေးဆေးဆေး ကားမောင်းလာရင် ပတ္တယားကို ၃ နာရီလောက်ရောက်ပါတယ်။ နေကျချိန်ဆိုတော့ Pattaya viewpoint မှာ ပတ္တယားကမ်းခြေရဲ့ အလှအပကိုခံစားပြီး အလှဓာတ်ပုံတွေလဲရိုက်လို့ရပါတယ်။ ပြီးရင်တော့ပတ္တယားရဲ့ အရမ်းတန်တဲ့ Seafood Market မှာ ပင်လယ်စာ ၃၊ ၄ မျိုးဝယ်ပြီး တစ်ခါတည်း လတ်လတ်ဆတ်ဆတ်ကင်ခိုင်းထားခဲ့လိုက်တယ်။ ကင်နေတဲ့အချိန်မှာ အနားက 7/11 ဆိုင်က သောက်စရာတွေနဲ့ ရေခဲဝယ်ပြီး အကင်ရတဲ့အချိန် ပင်လယ်ကမ်းခြေကိုစဆင်းပါပြီ။ ရေကူးရင်း ပင်လယ်စာနဲ့ Cold Drink သောက်ရတဲ့ အရသာကိုတော့ သင်ကိုယ်တိုင်ပဲခံစားကြည့်လိုက်တော့ဗျာ။
ဒါ့အပြင် ပတ္တယားလို့ပြောလိုက်တာနဲ့ Walking Street ကတော့ မပါမဖြစ်ပြောရမှာပါ။ ဒါကြောင့် ရေကူးပြီးတာနဲ့ ကျွန်တော်တို့ Walking Street နဲ့ Soi 6တစ်လျှောက် ငေးမောရင်း လမ်းလျှောက်ထွက်ရတာကလဲ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပြီးရင်တော့ ည ၁၁ နာရီမှာဘန်ကောက်ကိုပြန်လာပါမယ်။ ပတ္တယားကမ်းခြေရဲ့ အနှစ်အရသာကို အပြည့်အဝခံစားဖို့ အသေးစိတ်သိရှိလိုပါက ကျွန်တော့ကိုသာဆက်သွယ်လိုက်ပါ။

08/10/2024

Hello! အားလုံးပဲမင်္ဂလာပါ။

မင်မင်ဒီ Page လေးကိုလုပ်လိုက်ရတာကတော့ မင်မင်ထိုင်းနိုင်ငံကို ရောက်နေတဲ့ကာလတစ်လျှောက် သွားဖြစ်ခဲ့တဲ့ ခရီးတွေကို မျှဝေပေးပြီးတော့ တကယ်လို့ ချစ် Customer လေးတို့သွားချင်တယ်ဆိုရင်လဲ မင်မင်ကစီစဉ်ပေးဖို့အသင့်ရှိနေပါတယ်။ Budget Tour ကစလို့ Premium Tour တွေအထိ မင်မင်ကပြောပြပေးသွားမှာမလို့ ထိုင်းနိုင်ငံအနှံ့ ခရီးသွားမယ်ဆိုရင် မင်မင့်ဆီသာဆက်သွယ်လိုက်ပါနော်။ မင်မင်သိသလောက် အကြံပေး ချိတ်ဆက်ပေးသွားမှာဖြစ်လို့ သိလိုသမျှကိုလဲ အချိန်အရွေး မေးထားလိုက်နော်။

ที่อยู่

Bangkok

เบอร์โทรศัพท์

+959441386201

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kaung Thitsarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kaung Thitsar:

แชร์