Fashion House ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Fashion House, แฟชั่นและการออกแบบ, Bangkok.

သက်ကြီးစကား သက်ငယ်ကြားCredit ❤️💜🧡
12/02/2025

သက်ကြီးစကား သက်ငယ်ကြား

Credit ❤️💜🧡

 #ချည်ပန်းထိုးချစ်လို့ သိမ်းထားတဲ့ပုံတွေပါဖုန်း ရှင်းမှာမို့ postတင်ပြီး save 🥰လိုအပ်သူများ ရှယ်ပြီး Save နိုင်ပါတယ်ရှင်...
14/01/2025

#ချည်ပန်းထိုး

ချစ်လို့ သိမ်းထားတဲ့ပုံတွေပါ

ဖုန်း ရှင်းမှာမို့ postတင်ပြီး save 🥰

လိုအပ်သူများ ရှယ်ပြီး Save နိုင်ပါတယ်ရှင့်

ဖန်တီးသူတွေကို လေးစားစွာ Crdပေးပါတယ်ရှင်🥰

💜💜ခရမ်းရောင်        ချစ်သူတွေအတွက်ပါ💜💜ဒီရက်ပိုင်း စိတ်ကြည်စေတဲ့အရောင်💜
03/01/2025

💜💜ခရမ်းရောင်
ချစ်သူတွေအတွက်ပါ💜💜

ဒီရက်ပိုင်း စိတ်ကြည်စေတဲ့အရောင်💜

Ethic ( စည်း - ကျင့်ဝတ် )  Ethic ရှိတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ❓အရမ်း ခင်နေရာကနေ မခင်ကြတော့ဘူးမုန်းသွားမယ်ဆိုတောင် ...
30/06/2024

Ethic ( စည်း - ကျင့်ဝတ် )
Ethic ရှိတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ❓

အရမ်း ခင်နေရာကနေ မခင်ကြတော့ဘူး
မုန်းသွားမယ်ဆိုတောင်
ခင်မင်ကြတုန်းက ပြောခဲ့တဲ့ လှို့ဝှက်ချက်တွေ
အတွင်းစကားတွေကို အတင်းမပြောတဲ့ စည်း။

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်
မဆိုင်တဲ့ personalတွေ သူတပါးရဲ့
အားနည်းချက်တွေကို မပြောသင့်တဲ့ စည်း။

ကိုယ့်ကိုယုံကြည်လို့ ပြောခဲ့တဲ့စကားတွေကို
မျက်နှာလို မျက်နှာရ လိုချင်ဇောနဲ့
သွားသတင်းမပေးသင့်တဲ့ စည်း။

စည်းမရှိတော့ ဘာဖြစ်လဲ? ? ?
ဟုတ်ကဲ့။ ဘာမှတော့ မဖြစ်ပါ။
ကိုယ့်တန်ဖိုး ကိုယ် သတ်မှတ်တာပေါ့။ ။

Ethic ကို လူ့ကျင့်၀တ်၊ ကိုယ်ကျင့်သိက္ခာ၊
ကျင့်၀တ်တရား၊ ကိုယ်ကျင့်တရား
စသည်ဖြင့် အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူ့အသိုင်းအဝိုင်းကြီးထဲမှာ Ethic ဆိုတဲ့
လူ့ကျင့်၀တ် အရမ်းကို အရေးကြီးပါတယ်။
အချင်းချင်းလေးစားမှုတွေ၊ စည်းကမ်းတွေ၊
လူသားချင်း စာနာမှု နဲ့ နားလည်မှုတွေ
အများကြီးပါ၀င်ပါတယ်။

Public Area တွေမှာ စကားကို အကျယ်ကြီး
မပြောတာမျိုး၊ သီချင်းသံ အကျယ်ကြီး မဖွင့်တာမျိုး။

၀င်ပေါက်နေရာမှာ ပိတ်မရပ်တာမျိုး။

တခြားသူတွေ စကားပြောနေတဲ့အချိန်မှာ
ကြားဖြတ်ပြီး ၀င်မပြောတာမျိုး။

ငွေကြေးအခက်အခဲရှိနေတဲ့
သူငယ်ချင်းတစ်ယောက်ရှေ့မှာ ကိုယ်သုံး‌နေတဲ့
တန်ဖိုးကြီး Brandတွေ အကြောင်း မပြောတာမျိုး။

မိသားစု ဖြစ်နေစေကာမူ သူများအခန်းထဲ
၀င်မယ်ဆိုရင် တံခါးခေါက်တာမျိုး။

အမှိုက်ကို အမှိုက်ပုံးထဲ‌ သေချာစွန့်ပစ်လိုက်တာမျိုး။

Privacy ကိုထိခိုက်စေနိုင်တဲ့မေးခွန်းတွေ
(ဥပမာ- ကလေးမယူကြသေးဘူးလား၊ လစာက
ဘယ်လောက်ရလဲ၊ နင်တို့သမီးရည်းနှစ်ယောက်
လက်မထပ်ကြသေးဘူးလား )
စတဲ့မေးခွန်းတွေ မမေးတာမျိုး။

သူတစ်ပါးရဲ့ ဖြစ်တည်မှုကို မရှုံ့ချတာမျိုး။
(ဥပမာ- ဟယ် နင်၀လာလိုက်တာ၊
နင်အသားတွေ မဲသွားတယ်နော်၊
အမလေး နင့်မျက်နှာကြီးကလဲ အဖုတွေနဲ့နော်
Skin Care မလုပ်ဘူးလား စသည်ဖြင့်)

စတဲ့ အသေးမွှားမွှား ကိစ္စလေးတွေကအစ
ကြီးကြီးမားမား ကိစ္စတွေအဆုံး သိတတ်
နားလည်ခြင်းကို Ethic ရှိတယ်လို့ ခေါ်ပါတယ်။

Ethic ရှိတယ်ဆိုတာ
IQ ဘယ်လောက် ကောင်းတယ်၊
စာ ဘယ်လောက် တော်တယ်၊
ငွေ ဘယ်လောက် ရှာနိုင်တယ် ဆိုတာနဲ့ မဆိုင်ပါဘူး။

ဘယ်လောက် တော်တော်
ဘယ်လောက် ကောင်းကောင်း
Ethic မရှိတဲ့သူက မရှိတာပါပဲ။

သင့်မှာ ရှိတဲ့ Ethic နှင့် စည်းက
သင့် အဆင့်အတန်း တန်ဖိုးပါပဲ။

Credit

20/06/2024

အကြာကြီး နေမကောင်းခဲ့တဲ့ ကျမ
ဒီ Video ကြည့်ပြီး အားတက်ခဲ့ရပါတယ် ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Crd Video

အတန်းကျောင်း--၂--တန်းပဲ တက်ခဲ့ရပေမယ့်အာရှရဲ့--သရုပ်ဆောင် ဘုရင်---JET LI---အကြောင်း- ( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ်ဆောင...
02/06/2024

အတန်းကျောင်း--၂--တန်းပဲ တက်ခဲ့ရပေမယ့်
အာရှရဲ့--သရုပ်ဆောင် ဘုရင်---JET LI---အကြောင်း-

( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ်
ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ်
တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး
ကျော်ရပ်ကွက်မှ ရတနာတစ်ခုရဲ့အတ္ထုပ္ပတ္တိ)

"လူတွေကိုရယ်အောင်လုပ်နေတဲ့
လူတစ်ယောက်ရဲ့နောက်မှာ
မျက်ရည်တွေပေးဆပ်ထားရတယ်။
ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်
ရတဲ့အလုပ်လောက်လောကမှာခက်
တာမရှိဘူး"

ဂျက္လီ
--------------------------------------------------------------

၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့။

အခြေအနေရော အချိန်အခါရောအဆိုး
ဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမှု့
ကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်
ရုန်းကန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့
စွန် စစ်တပ်ကချပေးထားတဲ့ကျူးကျော်တွေအ
တွက်ရက်ကွက်တစ်ခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်-----

ဖခင်ဖြစ်သူကုန်ထမ်းသမား ဆိုင်းဘုတ်စာလုံးရေး
သူတစ်ယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေ
ရေးကိုမနည်းဖြေရှင်းရဖို့ကတော်ရုံတော့မလွယ်
ကူလှဘူး----------

ဒီလိုနဲ့သူ့ကိုမွေးပြီး၂နှစ်အကြာမှာပဲ
ဖခင်ဖြစ်သူဟာအသက်ကြီးရတဲ့အထဲအလုပ်ပင်
ပန်းမူဒဏ်တွေကြောင့်နာမကျန်းဖြစ်ရာကနေ
ဆေးရုံကိုပို့ခဲ့ရပါတယ်-------

ဆေးရုံရောက်ချိန်ဆေးဖိုး
အတွက်မိခင်ဖြစ်သူဟာလူမမယ်သမီး၂ယောက်
လက်ကိုဆွဲပြီးအသိတွေအိမ်ပိုက်ဆံလိုက်ချေးနေ
ချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာကွယ်လွန်သွားခဲ့ပါ
တယ်--------

သားသမီး၅ယောက်နဲ့ယောက်ျားသေသွား
တဲ့မိန်းမအဖို့ကတော့ကမ္ဘာပျက်တာကမှပိုခံသာ
ဦးမယ်။ သူ့အသက်၂နှစ်ပြည့်မွေးနေ့မှာပဲဖခင်
ဖြစ်သူကွယ်လွန်ခဲ့တယ်-----

သူကတော့တခြားသူ
မဟုတ္ဘူး။ ကျူးကျော်ရပ်ကွက်ကနေ မုဆိုးမမိ
ခင်ရဲ့သားဘဝကနေ ကမ္ဘာ့ရုပ်ရှင်လောကရဲ့သြ
ဇာအရှိဆုံးသရုပ်ဆောင်အယောက်၁၀၀ထဲ အာရှ
ရုပ်ရှင်လောကရဲ့အတော်ဆုံးမင်းသား၅ယောက်
စာရင်းထဲကို ၂၁ရာစုမှာဝင်လာမယ့် ဂျက္လီဆို
တဲ့လူပါပဲ-----
-------------------------

" သုညနဲ့စတာ ဝမ်းနည်းစရာလူ
မဟုတ်ဘူး။
သုညနဲ့စတယ်ဆိုပြီး
ထိုင်ငိုကြွေးနေမှ ဝမ်းနည်းစရာလူ"

ဂျက္လီ
-------------------------

" အဖေ့မျက်နှာကိုကျတော်မမှတ်မိဘူး။ အဖေ
ဘယ်လိုလူမှန်းလဲကျတော်မသိဘူး။ ဒါပေမယ့်အ
ဖေဟာကျတော့်အတွက်တော့ ကိုယ်တိုင်မမြင်ဖူး
ပေမယ့် အမြဲရင်ထဲမှာကိန်းအောင်းနေတဲ့ဘုရား
တစ်ဆူလိုပဲ။ ဒါတခြားလူတွေအတွက်တော့မနှိုင်း
စရာလို့မြင်လိမ့်မယ်။ ကျတော့အတွက်တော့အ
ဖေ့ဓာတ်ပုံက ဒုတိယဘုရားပါပဲ။ "

ဂျက်လီ
--------------------

သူ့အသက်၆နှစ်မှာကျောင်းတက်
ချင်ခဲ့လို့အမေ့ကိုပူဆာရာကအမေခိုးငိုခဲ့တဲ့အ
ဖြစ်ကိုမြင်ပြီး သူကျောင်းတက်ပါရစေအမေလို့
ဘယ်တော့မှမပြောခဲ့တော့ဘူး----

သူတို့မိသားစု
နေထိုင်တဲ့ကျူးကျော်တွေအဖျက်ခံရတော့ရတဲ့
လျော်ကြေးငွေတချိူ့နဲ့ပေကျင်းတန်းလျားတစ်ခုမှာ
နေခွင့်ရခဲ့တယ်----

ရက်ကွက်ထဲကစီးပွားရေးချောင်
လည်တဲ့သူနဲ့သက်တူရွယ်တူသူငယ်ချင်းတွေ
ကျောင်းဝတ်စုံဝတ်နေချိန် သူကစျေးထဲကစျေး
သည်တွေကိုတောက်တိုမယ်ရဝယ်ပေးရတဲ့က
လေးတစ်ယောက်ဘဝကိုဖြတ်သန်းခဲ့ရတယ်-----

ဒါပေမယ့်သူမညံ့ဘူး။ရက်ကွက်ထဲကစာသင်ဝိုင်း
ကိုသူအမြဲသွားနားထောင်တတ်သလို သူ့အသက်
၇နှစ်မှာမူလတန်းဖတ်စာအုပ်အကုန်လုံးကိုသူအ
လွတ်ရနေပြီ။ သားဖြစ်သူစာတော်တာသိပေမယ့်
မိခင်ဖြစ်သူဟာကျောင်းမထားနိုင်တဲ့အတွက်ရင်
နာရတာကလွဲရင်ဘာမှမတတ်နိုင်ခဲ့ဘူး-----

ဒါကြောင့်
သူ့သားကိုဘာမှမလုပ်ပေးနိုင်မယ့်အစားဘာသာ
ရေးအဆုံးအမတွေကိုမိခင်ဖြစ်သူဟာညတိုင်း
ဖတ်ပြခဲ့ပါတယ်-------

ဒါကြောင့်လဲသူဟာကျောင်းမ
နေရပေမယ့်ကျောင်းနေရတဲ့ကလေးတွေထက်ပို
သိပိုတော်ခဲ့တယ်---

သူကဟာသဥာဏ်လဲအရမ်းရွှင်တယ်။

သူကရပ်ကွက်ထဲမှာလူချစ်လူခင်ပေါသ
လိုသူ့ရဲ့အမြဲပြုံးနေတတ်တဲ့သူ့မျက်နှာလေးကိုချစ်
လို့သူ့ကိုအမြဲစားစရာဝတ်စရာတွေပေးတတ်ကြ
တယ်------

ဒါကြောင့်လဲသူ့မိသားစုဟာအစားအ
သောက်ချောင်လည်ခဲ့သလိုမိခင်ဖြစ်သူရဲ့အပ်ချုပ်
လို့ရတဲ့ငွေကလဲအိမ်အတွက်အထောက်အကူ
ဖြစ်ခဲ့တယ်-------

သူကထူးခြားတယ်။ သု့ထက်အင်အား
ကြီးတဲ့သူတွေသူ့ကိုအနိုင်ကျင့်ရင်တောင်အပြုံးနဲ့
အမြဲတုန့်ပြန်တတ်တယ်---

သူကျောင်းမနေရပေမယ့်သူ့ညီမတွေကို
ကျောင်းတက်ခွင့်ရဖို့
အသက်၁၀နှစ်ကောင်လေးကရုန်းကန်ခဲ့တယ်

သူ့မောင်နှမတွေကျောင်းတက်ခဲ့ရတယ်။

သူမနေရပေမယ့်သူ့ညီမလေးတွေကျောင်းတက်ရလို့သူအ
မြဲပျော်ပြီးရပ်ကွက်ထဲသူ့ညီမစာတော်တဲ့
အကြောင်းအမြဲကြွားလုံးထုတ်တတ်တဲ့ ကိုလေလုံးပေါ့--

ဒီလိုသူပျော်နေလေမိခင်ဖြစ်သူကခံစားရလေ--
နောက်ဆုံးသူ့ကိုမိခင်ဖြစ်သူကဘုန်းတော်
ကြီးသင်ပညာရေးကျောင်းကိုပို့ခဲ့ပါတော့တယ်။

-----------------

" မိသားစုထက် နင့်ကိုယ်နင်လဲ
ဘဝမှာပျော်အောင်ရုန်းကန်ရမယ်။
နင်လူတော်မဖြစ်ရင်တောင်
လူဆိုးတစ်ယောက်တော့ငါအဖြစ်မခံ
နိုင်ဘူး။ နင့်အတွက်ပဲနင်တွေးပါ။"
------------------------------

" အမေ့ရဲ့ အဲ့ဒီအချိန်ကစကားကို ကျနော်အခု
ထပ်ထိမှတ်မိသေးတယ်--

မှတ်မှတ်ရရ ပေါ့
ကျနော် ဆရာတော်ဆီမရောက်ခင်ညမှာပေါ့---

အေမကသူ
ငိုတာကိုသားသမီးတွေကိုဘယ်တော့မှမသ်ိစေ
ချင်တဲ့လူ ---

သားသမီးတွေရှေ့မှာအမေကအမြဲ
တမ်းရှေ့တန်းကစစ်သူကြီးတစ်ယောက်လိုမျက်နှာ
ထားနဲ့ပဲဆုံးမပေးတတ်တယ်ဗျ။

ကျနော်မြင်ဖူး
သမျှမိန်းမထဲမှာ အမေကအရဲရင့်ဆုံးပါပဲဗျာ"

သူဘုန်းကြီးကျောင်းကိုရောက်ချိန်မှာ
တော့ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ကိုယ်ခံပ
ညာကျောင်းကိုပါသူတက်ခွင့်ရခဲ့တယ်---

ဒီကျောင်း
ကကောင်းတယ်။ သင်တန်းမှာတော်တဲ့ကလေး
တွေရဲ့မိသားစုကိုပါထောက်ပံ့ပေးတယ်။

ဂျက္လီ
ဟာသိုင်းပညာမှာငယ်စဉ်ထဲကထူးချွန်ခဲ့သလို
သူ့လက်ဦးဆရာတော်ကြီးကပါအံ့သြခဲ့ရတဲ့က
လေးတစ်ယောက်ပါ

၁၃နှစ်သားမှာအလတ်တန်း
သိုင်းကျမ်းစာအုပ်၁၈အုပ်ကိုသူတတ်ခဲ့ပြီ။

ဒါက
ကလေးတစ်ယာက်အဖို့တော်တော်မလွယ်တဲ့
ကိစ္စကြီးပါ။

ညီမဖြစ်သူကိုကျောင်းကောင်းကောင်း
ပြောင်းထားချင်လို့ဂျက်လီဟာသိုင်းသင်တန်းက
ခွင့်မပြုတဲ့သိုင်းပြိူင်ပွဲတွေကိုဝင်ပြိုင်ခဲ့ပါတယ်။

သူဆုတွေရတယ်။
ဒါကြောင့်လဲဆရာတော်ရဲ့ကြိမ်
လုံးကသူ့အတွက်မိတ်ဆွေဖြစ်ခဲ့သလို ဆရာ
တော်ကမနိုင်တဲ့အဆုံးသိုင်းပြကွက်ပြိုင်ပွဲတွေကို
ဂျက်လီအားဝင်ပြိုင်ခိုင်းစေခဲ့ပါတော့တယ်။သူအဲ့
မှာလဲဆုတွေရတယ်။

ဒါကြောင့်သူ့အသက်၁၅နှစ်မှာပဲ သိုင်းသင်တန်းကျောင်းရဲ့နည်းပြနေရာ
ကိုအသက်ငယ်ငယ်နဲ့ပေးအပ်ခြင်းခံခဲ့ရပါတော့တယ်။

ဒီလိုနဲ့တစ်ရက် သူတို့ဘုန်းကြီး
ကျောင်းကိုရုပ်ရှင်အဖွဲ့တွေလာရိုက်ကြတယ်။

နဂိုထဲကဟာသဥာဏ်ရွှင်တဲ့ဂျက်လီကအပြေးအ
လွှားကြည့်ခဲ့တယ်။

သူဘာဖြစ်ချင်မှန်းသူ့ကိုယ်သူ
မသိတဲ့ဂျက္လီဟာ ဟာသသရုပ်ဆောင်တစ်
ယောက်အိမ်မက်ကိုမက်ခဲ့ပါတော့တယ်။

သူဟာသမင်းသားအရမ်းဖြစ်ချင်ခဲ့ပြီ။
ချာလီချာပလင်နဲ့
နေးမတ်ကိုအရမ်းရူးသွပ်တဲ့သူက ရုပ်ရှင်ပိုးထည့်
ပေးဖို့ဒီရိုက်ကွင်းကစတင်ခဲ့ပါတော့တယ်။

ဒီအချိန်
မှာဟောင်ကောင်မှာသူအရမ်းအားကျတဲ့သူတစ်
ယောက်ကလဲလူမသိသူမသိနေရာကနေဟာသ
အက်ရှင်လေးတွေပါနေရပြီ။

သူအားက်တဲ့သူက
တော့တခြားသူမဟုတ္ဘူး ဂျက်ကီချမ်းဆိုတဲ့
ရိုက်ကွင်းကတောက်တိုမယ်ရကောင်အဆင့်ပဲ
ရှိသေးတဲ့သူပါပဲ။

ဂျက်ကီချမ်းဆိုတာဘာကောင်
မှန်းလူတွေမသိသေးခင်အတိုအစဘဝထဲက
ဂျက်ကီချမ်းက ဂျက္လီရဲ့ Idolတယောက်ဖြစ်ခဲ့
ပါတယ်။

ဒါကြောင့်ပဲဂျက်လီဟာ ရုပ်ရှင်လောက
ထဲကိုတိုးဖို့ဆရာတော်နဲ့မိခင်အတွက်စာတစ်စောင်
ချန်ပြီး ဘုန်းကြီးကျောင်းကနေခိုးထွက်ခဲ့ပါတော့
တယ်။

" အမေ သားအတွက်မစိုးရိမ်ပါနဲ့
သားဘာဖြစ်ချင်လဲသိပြီ
အမေပြောတဲ့လူကောင်းတစ်ယောက်
ဖြစ်တဲ့တစ်နေ့အမေ့ကိုကျတော်လာ
ရှာပါ့မယ်"
---------=--------

ဒီစာလေးဟာယနေ့အချိန်ထိအမေရိက
ကဂျက်လီရဲ့နေအိမ်မှာကပ်ထားဆဲပါ။

သူစပြီးရောက်လာတာက ဟောင်ကောင်မြို့ပေါ်။သူဘာ
လုပ်လဲဆို ရုပ်ရှင်အဖွဲ့တစ်ခုကစက်အထမ်းသမား
ဒီကနေ စတန့်အစားထိုးသမားတစ်ယောက်အဖြစ်
သူနေရာရလာခဲ့တယ်။

သူ့ရဲ့Talentကိုမြင်သွား
တဲ့သူက သိုင်းကားတွေရိုက်တဲ့ချောင်ရှီရန်ဆိုတဲ့
ဒါရိုက်တာတစ်ယောက်။

ဒီအချိန်မှာသူ့အသက်၁၇ပဲရှိသေးတယ်။ ဒီလိုနဲ့ဗီဒီယိုကား၂ကားကိုသူ
နဲ့ရိုက်ခဲ့တယ်။

ဒါပေမယ့်ရာဇဝင်ကား။လူမသိပဲပြီးသွားတယ်။

ဒါပေမယ့်ချောင်ရှီရန်ကဇွဲမလျော့ဘူး။

ဘာကြောင့်လဲဆို သူ့ကိုကန်ထုတ်လိုက်ပြီး
တခြားဒါရိုက်တာတစ်ယောက်နဲ့မင်းသားတစ်
ယောက်ကိုနေရာပေးခဲ့တဲ့ Shoungshimဆို
တဲ့ထုတ်လုပ်ရေးကိုသူအနိုင်ရချင်တယ်။

ဒါကြောင့်
ဂျက်လီကိုပဲသူမင်းသားတစ်ယောက်အဖြစ်တင်ပြီး
The Shaolin Temple ဆိုတဲ့ကားကိုရိုက္ခဲ့
ပါတော့တယ်။

ဒါကဂျက်လီရဲ့ပထမဆုံးရုပ်ရှင်ကား
ဖြစ်လာသလို ဟောင်ကောင်ဒေါ်လာ ၁၇သန်းအ
ထိရခဲ့တဲ့ရှောင်လင်သိုင်းကားပါပဲ။

ဒီကားဟာ
ဟောင်ကောင်Film ဆု၂ဆုရခဲ့သလိုဘယ်မင်း
သားမှရိုက်ဖို့ငြင်းဆန်ထားတဲ့ပင်ပန်းလွန်းတဲ့
သိုင်းကားပါ။ဒါပေမယ့်ဂျက်လီနဲ့ရိုက်ခဲ့ချိန်မှာတော့
နာမည်ကြီးထုတ်လုပ်ရေးတွေကဟာခနဲဟင်ခနဲ
ဖြစ်ခဲ့ရပါတယ်။

ဒီကားရိုက်တော့ဂျက်လီအသက်
၁၉နှစ်ပဲရှိပါသေးတယ်။

ဒီသတင်းကတရုတ်ပြည်
မကြီးအထိတက်ခဲ့သလို မိခင်ဖြစ်သူဟာလဲအံ့သြ
ခဲ့ရပါတယ်။

ဒီကားကရတဲ့ငွေနဲ့ မိခင်ဖြစ်သူကို
TV တလုံးဝယ်ပေးခဲ့သလိုအိမ်ခန်းခအကြွေးတွေ
ကိုလဲသူဆပ်ပေးနိုင်ခဲ့ပါတယ်။
----------------------------------------------

" ဘာဖြစ်လာမှန်းမသိတာကို
ကြိုတွေးပြီးကြောက်နေတာ
ထက်စာရင် အဆိုးဆုံးဖြစ်လာမှာ
တွေကိုစာရွက်ပေါ်ချရေးပြီး
ရင်ဆိုင်လိုက်ပါ။ "

ဂျက္လီ
---------------

ဒီကားအပြီးမှာပဲချောင်ရှီရန်ကဂျက်လီက်ို
ဒုတိယကားဆက်ရိုက်ဖို့လုပ်ပြန်တယ်။

ဂျက္လီက
ဟာသမင်းသားပဲဖြစ်ချင်တာ။ဒါပေမယ့်သူရတဲ့
နေရာကနေဘယ်လိုcharacterဖြစ်ဖြစ်သရုပ်
ဆောင်နိုင်ရမယ်လို့သူ့ဆရာချောင်ရှီရန်ကအမြဲ
ဆုံးမလေ့ရှိတယ်။

" မင်းသားဖြစ်ဖို့ကလွယ်တယ်
သရုပ်ဆောင်ဖြစ်ဖို့ကခက်တယ်။
ပိုက်ဆံ+ရုပ်+အဓိကနေရာ
ဒီ၃ခုပေါင်းရင်မင်းသားဖြစ်နိုင်
ပေမယ့် သရုပ်ဆောင်ဖြစ်ဖို့က
တော့ဒီထက်အဆ၁၀၀မကတဲ့
အချက်တွေလိုအပ်တယ်။
မင်းသားတွေပေါတဲ့ခေတ်မှာ
သရုပ်ဆောင်တစ်ယောက်ပဲဖြစ်
ချင်ပါသား"

ချောင်ရှီရန်

" ဒီစကားက ကျနော်ဒီနေ့ဂျက်လီဖြစ်လာ
ဖို့အရေးပါဆုံးဆိုမမှားဘူးဗျ။ ဆရာ့ရဲ့စကားက
ကျနော် ဟာသ အရံ ဇာတ်ပို့ ဗီလိန်ဘယ်နေရာ
ဖြစ်ဖြစ်သရုပ်ဆောင်ရဲဖို့အားဖြစ်စေခဲ့တယ်။ဟုတ်
တယ်ကျနော်မင်းသားဘယ်တော့မှမဖြစ်နိုင်ပါ
ဘူး။ ကျနော့်မှာမင်းသားဖြစ်ဖို့အချက်တွေအစ
ထဲကမရှိဘူး။ ဒါပေမယ့်သရုပ်ဆောင်တစ်ယောက်
ဖြစ်ဖို့တော့ ယုံကြည်မူအမြဲရှိခဲ့တယ်။"

ဂျက္လီ

ဒုတိယကား Kids From Shoalin
ကို၁၉၈၄ခုနှစ် ဇန်နဝါရီလမှာရုံတင်ခဲ့ပါတယ်။
ဟောင်ကောင်ဒေါ်လာ၂၂သန်းအထိရရှိခဲ့သလို
ဂျက္လီဟာလဲ ရှောင်လင်ဘုန်းကြီးတစ်ယောက်
ဇာတ်ရုပ်နဲ့လူသိများခဲ့ပါတယ်။ ဒီကားအပြီးမှာ
တော့ဂျက်လီဟာ ရုပ်ရှင်ကား၄ကားကိုစာချုပ်
ချုပ်ခွင့်ရခဲ့ပါတယ်။ ဒီကားတွေအပြီး The
Master ကားရုံတင်အပြီးမှာတော့အဖြူအမည်း
ခေတ်ကတရုတ်မှာအောင်မြင်ခဲ့တဲ့ Once
Upon A Time In China ကားကြီးကိုရိုက်ဖို့
လူရွေးပွဲမှာဂျက်လီကိုအားလုံးကထောက်ခံခဲ့ကြ
ပါတယ်။ ဒီအချိန်မှာတဖက်မှာလဲဂျက်ကီချမ်းက
ဟာသစတန့်တွေနဲ့အာရှမှာနာမည်ကြီးနေချိန်
ဂျက္လီကလဲ သိုင်းကားနယ်ပယ်မှာအာရှရဲ့
Kingဖြစ်လာဖို့ OUATIC ကားကြီးကို ၁၉၉၁
ခုနှစ်မှာရုံတင်ခဲ့ပါတယ်။ အရမ်းအောင်မြင်ခဲ့သလို
One Upon A Time In Chinaရဲ့နောက်
ဆက်တွဲကားတွေကိုရိုက်ဖို့အထိပါစာချုပ်ချုပ်ခွင့်
ရခဲ့ပါတော့တယ်။OUATIC ၃ကားအပြီးမှာတော့
ဂျက်လီကို Hollywoodထိတက်စေဖို့ဖြစ်လာခဲ့
ပါတယ်။ အဲ့ဒါကတော့ Once Upon A Time
In China and America ကားကြီးပါပဲ။အ
မေရိကအထိသွားရိုက်ခဲ့သလို ဟောင်ကောင်
ရုပ်ရှင်ဆုတွေပါရခဲ့ပါတယ်။ဒီကားအပြီးမှာတော့
ဂျက်လီအားကျရတဲ့မင်းသားတစ်ယောက်ဖြစ်တဲ့
စတီပင်ချောင် စီစဉ်တဲ့ Hit Man ကားကိုရိုက်
ခွင့်ရခဲ့ပါတော့တယ်။ ဒီကားအပြီးမှာတော့ဂျက်
လီကိုHollywoodကကမ်းလှမ်းလာတဲ့The
One ကားကြီးကိုရိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။
ဒီကားဟာ ဂျက်လီအဖို့အခက်ခဲဆုံးကားတစ်ကား
လို့ပြောထားသလို အောင်မြင်မှု့ကလဲအမေရိကန်
ဒေါ်လာ ၇၅သန်းနီးပါးရခဲ့တဲ့ကားကြီးပါ။ ဒီကား
ဟာ ဂျက္လီကို အာရှမှာရော Hollywoodမှာပါ
ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်စေဖို့စတင်ခဲ့
ပါတော့တယ်။


" ဖြစ်ချင်တာကိုထိုင်မစောင့်နဲ့
အိမ်မက်တွေကိုအိပ်ချိန်မှာပဲမမက်နဲ့
ဖြစ်ချင်တာကိုလုပ်ရမှာပျင်းတဲ့လူ
တွေကဖြစ်သင့်တာကိုလုပ်ကြသလို
အိမ်မက်ရှိတယ်ပြောပြောနေတတ်
ပြီး အဲ့ဒီအိမ်မက်ကမနိုးရင်တော့
ကိုယ်ဘာမှဖြစ်မလာနိုင်ဘူး "

ဂျက္လီ

ဒီကားအပြီးမှာတော့ဂျက်လီဟာတစ်ကမ္ဘာ
လုံးကိုအာရှသားတစ်ယောက်ကကိုင်လှုပ်ဖို့စတင်
လာခဲ့ပါတော့တယ်။Hollywoodမှာအာရှသား
တွေအတွက်နေရာမပေးချင်ပေမယ့်အာရှကနေ
Hollywoodကိုတက်လာတဲ့ဂျက်ကီချမ်းလို
ရှာရွှတ်ခန်းလို ဂျက်လီလိုမင်းသားတွေပေါ်
ပေါက်လာခဲ့မူဒဏ်ကိုတော့ Hollywoodကမခံ
နိုင်ခဲ့ပါဘူး။ Hollywoodမှာနေရာရလာတဲ့အ
ချိန်ပဲရှိသေးတယ်။ Hero ကားကြီးကို၂၀၀၂ခု
နှစ်မှာရုံတင်လာခဲ့တယ်။ Hollywoodပြာသွား
တယ်။ ဒေါ်လာသန်း ၁၇၇သန်းကျော်တဲ့အထိဝင်
ငွေကမရပ်ဘူး။ ဒီပုပုကောင်ကဘာလဲဟပေါ့။
သန်း၃၀လောက်ရင်းပြီးအသားတင်အမြတ်သန်း
၁၄၀လောက်ရသွားတယ် Heroကားက။ ထူး
ခွားမူကဒီကားက Best ForeignLanguage
Film ဆိုတဲ့Oscar ဆုကြီးကိုရခဲ့သလို ဆုကြီး
၇ဆုအပြင် အင်္ဂလန်ကရုပ်ရှင်တက္ကသိုလ်ကြီးက
နေသင်ရိုးအဖြစ်ပါယူခဲ့ပါတော့တယ်။ဒါကအာရှ
ရဲ့ပထမဆုံးအနောက်တိုင်းတက္ကသိုလ်တွေကနေ
သင်ရိုးတောင်ယူရတဲ့အထိဖြစ်စေခဲ့တဲ့ကားပါ။
ရှာရွတ်ခန်း ဂျက်ကီချမ်းတောင်မလုပ်ပြနိုင်သေး
တဲ့စံချိန်တစ်ခုကို ဂျက်လီကလုပ်ပြသွားတယ်။ဒီ
ကားအပြီးမှာတော့ဂျက်လီကိုHollywoodမင်း
သားတွေနဲ့တွဲရိုက်ဖို့ EuropaCropကနေစာ
ချုပ်ချုပ်ခဲ့ပြန်ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာတော့
ဂျက်လီကိုလုံးဝမထင်ထားတဲ့အကွက်ကြီးနဲ့
ကာရိုက်တာအဆန်းတစ်ခုနဲ့ Unleashed ကား
ကြီးရုံတင်လာတယ်။ မိခင်မုဒိန်းကျင့်ခံရအသတ်
ခံရတဲ့ကလေးတစ်ယောက်ဟာစိတ္တဇဖြစ်သွားပြီး
အတိတ်မေ့Fighterတစ်ကောင်အသွင်အပြင်နဲ့
ခွေးတစ်ကောင်လိုသရုပ်ဆောင်ခဲ့တဲ့ကားပေါ့။
လည်ပတ်ဖြုတ်ပေးမှခိုင်းစေလို့ရသလိုလူဆိုတာ
ဘာမှန်းမသိတဲ့Psychoသမားတစ်ယောက်ဘဝ
ကိုပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို ဂီတကလူအ
ရိုင်းအစိုင်းတွေကိုတောင်ယဉ်ကျေးသွားစေတယ်
ဆိုတာကိုချပြထားတဲ့ကား။ ဒီကားဟာလဲအောင်
မြင်မူကမသေးသလို ဂျက်လီရဲ့သြဇာကြီးမားမူကို
မရပ်တန့်စေခဲ့တဲ့ကားပါ။ တစ်ကားပြီးတစ်ကား
ထွက်လာတယ်။ထွက်လာတိုင်းလဲပေါ့သေးသေး
တစ်ကားမှမပါဘူး။ဂျက်လီဆိုရင် မကောင်းပါဘူး
ကွာလို့ပြောမယ့်သူမရှိသလောက်ပဲ။
----------------------------------------------

" အထီးကျန်တာပြဿနာမဟုတ်ဘူး
အထီးကျန်တာကိုအကြောင်းပြပြီး
ဘာမှမလုပ်ချင်ရင် မင်း
အကျည်းတန်သွားလိမ့်မယ်။ "

ဂျက္လီ

ဒီကားအပြီးမှာတော့ ဂျက္လီဟာသူ့idol
ကြီးဂျက်ကီချန်းနဲ့ရိုက်ဖို့ဖြစ်လာခဲ့တဲ့ The
Forbidden Kingdom ကားကြီးကို ၂၀၀၈
ခုနှစ်မှာရုံတင်လာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ
သန်း၁၅၀ကျော်ရခဲ့သလို ဒီပမာဏကမသေးလှ
ပါဘူး။ Mummy : ဒီကားကနာမ်မည်ရမင်းသား
တစ်ယောက္က ဗီလိန်လုပ်ဖို့ဆိုလုပ်ချင်ကြမှာမ
ဟုတ္ဘူး။ ဒါပေမယ့်ဂျက်လီဟာ Mummy ရဲ့
ကားအဆက်တစ်ကားဖြစ်တဲ့ Tomb of the
Dragon Emperro ကားကြီးမှာလူဆိုးနေရာ
ကနေပါခဲ့ပါတယ်။ သန်း၄၀၀ကျော်ရခဲ့ပြီးဒီကား
ဟာအာရှမင်းသားတွေထဲ ဝင်ငွေအမြင့်ဆုံးရကား
တစ်ကားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
--------------------------------------

" ဗီလိန်နေရာကိုကျတော်ကြိုက်တယ်။
ဗီလိန်သရုပ်ဆောင်တွေကိုလဲကျ
တော်လေးစားမိတယ်။ဘာကြောင့်လဲ
ဆို ရုပ်ရှင်ကားတစ်ကားမှာဗီလိန်နေရာ
ကပညာအပေးနိုင်ဆုံးနေရာပဲ"

ဒီလိုဗီလိန်တွေ သိုင်းကားတွေအက်
ရှင်တွေ အသတ်အပုတ်တွေချည်းရိုက်နေလို့
အငိုအလွမ်းအဆွေးမိဘသရုပ်ဖော်မေတ္တာသရုပ်
ဖော်နေရာရော ?Ocean Heaven : သမုဒ္ဒရာ
ထက်ကြီးတဲ့မိဘရဲ့မေတ္တာတရားကိုချပြထားတဲ့
ဂျက္လီ အထိုးအသတ်တစ်ကွက်မှမပါတဲ့အဖေ
တစ်ယောက်ရဲ့ဇာတ်ရုပ်။ အသည်းကင်ဆာဖြစ်နေ
တဲ့အဖေနေရာကနေ စိတ်မနှံ့တဲ့သားတို့ရဲ့ဘဝ
လောကဓံကိုထိုးသတ်ပြထားတဲ့ကားပါ။သူသေ
သွားရင် စိတ်မနှံ့တဲ့သားတစ်ယောက်လောကကြီး
ထဲဘယ်လိုနေထိုင်မလဲဆိုတဲ့ဖခင်တစ်ယောက်ရဲ့
သားအပေါ်ချစ်တဲ့အချစ်ကိုပြသထားတဲ့ကားပါ။
ဒီကားဟာဂျက်လီကိုမထင်ထားစေတဲ့သရုပ်
ဆောင်ချက်တွေမြင်ခဲ့ရသလို တော်တော်လဲခွဲ
ထွက္ထားတဲ့ကားပါ။ ဂျက်လီကားတွေတစ်ကား
ချင်းပြောနေရင်ပြီးမယ်တောင်မထင်ဘူး။ The
Expendables မှာလဲHollywoodရဲ့ဒိတ်
ဒိတ်ကြဲကြီးတွေဖြစ်တဲ့အာနိုး ရမ္ဘိုတို့နဲ့တွဲသ
ရုပ်ဆောင်ထားတာကြည့်ရုံနဲ့ဂျက်လီရဲ့ဖြစ်တည်မူ
က်ိုသိနိုင်ပြီပေါ့။နောက်လမှာထွက်မယ့် League
of Gods ကားကလဲရုံမတင်ရသေးဘူးဟောင်
ကောင်မှာပွဲဆူနေပြီ။ ဂျက်ကီချန်းနဲ့IP manကြီး
တို့နဲ့တွဲရိုက်ထားတဲ့ကားကြီးကလဲမကြာခင်လာ
တော့မယ်။ ဒါတင်မကသေးဘူး။ ၂၀၁၈မှာရိုက်
မယ့် Fatherless Childကားကလဲသန်း၁၀၀
အထိအကုန်ကျခံရိုက်ကူးနေပြီ။ xXx ရဲ့အဆက်
မှာလဲ F&F ရဲ့ဂတုံးကြီး ဗင်ဒီဇယ်ရဲ့ရန်သူနေရာ
ကနေပါဝင်လာတော့မယ် ။ ဂျက်လီဆိုရင်
ဘာကားဖြစ်ဖြစ်စောင့်ကြည့်ရတဲ့အထိ ဒီကျူး
ကျော်ရပ်ကွက်က ကလေးတစ်ယောက်ကဖြစ်စေ
ခဲ့ပါပြီ။
-------------------

ဒီလျိုလျှင်ဂျီ ဆိုတဲ့ကောင်လေးအဖြစ်လဲ
ဂျက်လီဆိုတဲ့မင်းသားဟာလက်ရှိအချိန်မှာအာ
ရှရဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်လာသလို
Hollywood မင်းသားတွေထဲလဲအနေအထား
မသေးတဲ့မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ဒါတင်မ
ကပါဘူး Asia ကိုယ်စားလှယ် WHO ရဲ့သံတ
မန်ဖြစ်သလို အာရှသိုင်းအဖွဲ့အစည်းရဲ့အနောက်
နိုင်ငံသံတမန်တစ်ယောက်လဲဖြစ်ပါတယ်။ဂျက်လီ
Foundationကနေနှစ်စဉ်ပညာရေးထောက်ပံ့
မူတွေ မိဘမဲ့ကလေးများစွာကိုပါထောက်ပံ့ပေး
ထားခဲ့ပါပြီ။ဂျက်လီဟာ ဗုဒ္ဓဘာသာတစ်ယောက်
ပီပီ အာရှနိုင်ငံတချို့မှာသူလှူထားခဲ့တဲ့ဘုန်းကြီး
ကျောင်းပေါင်း၂၀၀ကျော်အထိရှိထားသလိုဂျက်
ကီချန်းလိုပဲအာရှရဲ့ထိပ်တန်းမင်းသားကြီးတစ်
ယောက်ဖြစ်နေပါပြီ။
----------------------------

" ဘာသာတရားတိုင်းမှာ
မကောင်းတဲ့အချက်ဆိုတာ
လိုအပ်ချက်ဆိုတာမရှိဘူး
ဘာသာတရားကိုမကောင်းစေတာ
ဘာသာရေးခေါင်းဆောင်နဲ့
ဘာသာရေးဗန်းပြလူတချိူ့ကြောင့်ပဲ"

ဂျက္လီ

"ကျနော်တို့ရဲ့ ကံတွေကပဲ
ကျနော်တို့လူသားတွေကို
ဆုံးဖြတ်ပေးတာပါ

Our actions determine
Our distiny '"

ဂျက္လီ

တချိန်က ကျူးကျော်ရပ်ကွက်ကမုဆိုးမ
သားတစ်ယောက် မောင်နှမတွေအတွက်ကိုယ့်ဘ
ဝကိုအနစ်မွန်းခံပံ့ပိုးပေးခဲ့တဲ့ကောင်လေးတစ်
ယောက် ဘုန်းကြီးကျောင်း သိုင်းသင်တန်းက
နေမအူမလည်နဲ့မင်းသားဖြစ်ချင်လို့မိုက်မိုက်ကန်း
ကန်းနဲ့မြို့ပေါ်ကလူလည်တွေကြားတက်လာခဲ့တဲ့
လူငယ်တစ်ယောက်က လက်ရှိမှာကမ္ဘာ့သြဇာအ
ရှိဆုံး ၂၁ရာစု သရုပ်ဆောင်မင်းသား၁၀၀ထဲပါ
သွားခဲ့ပါပြီ။သုညကစပေမယ့် လက်ရှိမှာတော့
ဂျက္လီဟာ တန်ဖိုးကြီးသရုပ်ဆောင်တစ်ယောက်
ဖြစ်နေပါပြီ။

REF : Jet Li Documentries

19/05/2024

ဖြစ်ဖူးတဲ့ ဘဝတူတွေ ရှိလား 😆😆😆

 #စီးပွားတက်ချင်ကြိုတင်ပြင်🌹🌹🌹🌹🌹🌹🌹🌹🌹🌹ဖတ်ကြည့်နော်... #မိုးလင်းလာရင်...ဆူပူအော်ဟစ်နေတဲ့ အိမ်မဖြစ်ရဘူး။ #ဟိုဟာမရှိဘူး ဒီဟာ...
08/05/2024

#စီးပွားတက်ချင်ကြိုတင်ပြင်
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဖတ်ကြည့်နော်...

#မိုးလင်းလာရင်...
ဆူပူအော်ဟစ်နေတဲ့ အိမ်
မဖြစ်ရဘူး။

#ဟိုဟာမရှိဘူး
ဒီဟာမရှိဘူး
ကုန်ပြီဆိုတဲ့အသံတွေ မထွက်ရဘူး။

#ညနေကတည်းက
ဘာကုန်တတ်လဲ
အမြဲစစ်တတ်တဲ့အကျင့် လုပ်ပါ။
ကြိုဝယ်ထားပါ။

#တချို့အိမ်တွေက
လူကြီးတွေနဲ့ မိမိကိုယ်တိုင်က
ပွစိပွစိ လုပ်မိနေတတ်တယ်။
သတိထား ပြုပြင်ပါ။

မထိန်းတတ်သေးရင်
အိမ်အလုပ် "စ"လုပ်ရင်း
သံဗုဒ္ဓေ( 108 )ခေါက်
စိတ်ထဲကနေ ရွတ်ရင်း လုပ်ကြည့်ပါ။

#ကလေးတွေ
ငိုသံမကြားရအောင်
ဂရုပြုပါ။

ကလေးနိုးလာတာနဲ့
စားဖို့ ကြိုပြင်ထားပါ။

ဆော့စရာလေးတွေ
ဘေးနားထားပါ။

ကလေးရယ်သံလေးတွေ
လွင်နေပါစေ။

#ဘုရားသောက်တော်ရေ ကပ်ပါ။
ဘုရားဝေယျာဝစ္စ လုပ်ပါ။
မေတ္တသုတ် တရားသံတိုးတိုးလေး
ဖွင့်လိုက်ပါ။

#နေ့စဉ်
ဘုရားကို( 500 )ကျပ် ဝတ္ထုငွေလှူပါ။

လကုန်ရင်
ပြန်စွန့်ပြီး
ဘုရားအတွက် လိုတာဝယ်ပါ။

#နေ့စဉ် အိမ်ရှေ့ဘက်ကို
ဆန်လက်တစ်ဆုပ် ပက်လိုက်ပါ။
ငှက်ကလေးတွေကို ကုသိုလ်ပြုပါ။

#မနက်ခင်ဆို
ရှေ့ဘက်ကနေ နောက်ဘက်ကိုတံမြက်လှည်းပါ။

#ညနေကို
နောက်ဘက်ကနေ ရှေ့ဘက်ကို
တံမြက်လှည်းပါ။

#ဖိနပ်အစုတ်
ထီးအစုတ် ကျိုးပဲ့နေတာတွေ
အိမ်မှာ မထားရပါဘူး။

မီးဖိုချောင်မှာ
မလိုအပ်တာမထားပါနဲ့။

စားသလောက် ပန်းကန်
အရေအတွက်ပဲ ထားပါ။
အပိုတွေ သိမ်းပစ်လိုက်ပါ။

#လင်မယား
စောစောစီးစီး စကားမများမိပါစေနဲ့။

#မနက်မိုးလင်းမှာ
ကုသိုလ်တရားနဲ့ အစပြုပါ။

ညအချိန်မှာ
ကုသိုလ်တရားနဲ့ အိပ်ရာဝင်တတ်အောင်
နေပါ။

#တစ်နေ့တာပြီးတိုင်း
ဒီနေ့ ကောင်းမှု တစ်ခု
ဘာလုပ်ခဲ့သလဲ တွေးပါ။

မကောင်းတာ
ဘာလုပ်မိလဲ ဆင်ခြင်ပါ။

နောက်နေ့
ကုသိုလ်တစ်ခု ပြုဖို့ အားစိုက်ပါ။

#ခွေးလေးကို
ထမင်းကျွေးတာလည်း
ကုသိုလ်ပါပဲ။

#ငှက်လေးတွေကို
ဆန်စေ့ပက်ပေးတာလည်း
ကုသိုလ်ပါပဲ။

#ဂုဏ်တော်
ရွတ်မိတာလည်း ကုသိုလ်ပဲ။

#မိသားစုကို
မေတ္တာနဲ့ ချက်ကျွေးတာလည်း
မွန်မြတ်တဲ့ ကုသိုလ်ပါပဲ။

👇✔︎👇✔︎👇✔︎👇✔︎👇✍
လေးစားစွာCrdပေးပါသည်

17/04/2024

🙏🙏🙏 မင်္ဂလာနှစ်သစ်မှာ
ဘဝအဆက်အဆက်က
ခင်ပွန်းကြီး ၁၀ ပါးကို
ရှိခိုးကန်တော့ပါတယ် 🙏🙏🙏

အကြိုက်တွေ့တိုင်း❤️saveထားမိသမျှ❤️credit
06/04/2024

အကြိုက်တွေ့တိုင်း❤️
saveထားမိသမျှ❤️

credit

 #ဂါဝန်ပတ်တန် ❤️Credit
05/04/2024

#ဂါဝန်ပတ်တန် ❤️

Credit

ဥစ္စာနွမ်းပါးတဲ့ မိဘတွေကသားသမီး ပညာတတ်ဖို့ အတွက်နေပူထဲ. . အလုပ်ခွင်ထဲမှာနှစ်ဆ အပင်ပန်းခံပြီး ရုန်းကန်ကြရတယ်။သားသမီး ဘွဲ့...
02/04/2024

ဥစ္စာနွမ်းပါးတဲ့ မိဘတွေက
သားသမီး ပညာတတ်ဖို့ အတွက်
နေပူထဲ. . အလုပ်ခွင်ထဲမှာ
နှစ်ဆ အပင်ပန်းခံပြီး ရုန်းကန်ကြရတယ်။
သားသမီး ဘွဲ့တစ်ခု ရဖို့အတွက်
ထမင်းစားပွဲဝိုင်းက ဟင်းတစ်ခွက်ကို လျှော့ပစ်လိုက်ရတယ်။ရှိတာလေးနဲ့ ရောင့်ရဲ တင်းတိမ်ခဲ့ကြရတယ်။

အချိန်တန်လို့ သားသမီးက ဘွဲ့လည်းရရော
မိဘတွေလည်း ဖတ်ဖတ်ကို မောလို့. . .
တော် တော် ကို နွမ်းလျ ပင်ပန်း သွားကြပြီ။
နှစ်တွေ လတွေ နဲ့ ချီပြီး
သူတို့ ပင်ပန်းလာခဲ့ သမျှ သားသမီး ရဲ့ လခ စားလေးနဲ့အပန်းဖြေလိုက်မယ် ကြံရုံကာရှိသေး. . .
အရွယ်ရောက်လို့ ပညာစုံပြီ ဖြစ်တဲ့
သား သမီးက ကြင်ယာစုံဖို့အထိ ပလန် ချပြီးသွားပြီ။

မိဘနှစ်ပါးခမျာ ဘာမှ မတတ်နိုင်ရှာဘူး။
အေးပေါ့ကွယ်. . . လူ့သဘာဝပေကိုး. .။
သူလည်း လက်တွဲဖော်နဲ့ ပျော်ချင်ရှာမှာ ပေါ့. . .
ဒီလို နားလည်ခွင့်လွှတ်စိတ် လေးတွေနဲ့ပဲ
ကိုယ့်စိတ်ကို ဖြေသိမ့်ကြရင်း
သူတို့ရဲ့ ရှေ့ရေးထက် သားသမီးရဲ့ ရှေ့ရေးကိုပဲ
ဦးစားပေး. . . နေရာပေးရင်း
ရင်ကွဲပက်လက် နဲ့ ရင်ဘတ်ထဲက. . . ဘဝထဲက
ခွဲထွက်ခွင့်ကို ပေးလိုက်ကြရတယ်။

တားချင်ပေမယ့် မတားရက်ဘူး
နှမြောပေမယ့် ပြောမထွက်ဘူး။
အားကိုးချင်ပေမယ့် မမျှော်လင့်ရက်တော့ဘူး။
ဝမ်းနည်းလွန်း အားကြီး လာရင်တောင်
ကွယ်ရာသွားပြီး မျက်ရည်ကျ ပစ်လိုက်တယ်။
သားသမီး ရှေ့မှာတော့ သူတို့ဟာ ပျော်ပျော်ပဲ။
မိဘမေတ္တာ စုန်ရေ ဆိုတာ ဒါပါဘဲလေ. . .။

ပညာလည်းစုံ ကြင်ယာလည်းစုံ သွားတဲ့ သားသမီးကတစ်အိုးတစ်အိမ်တည်လို့ ခွဲထွက်ပစ်ခွာသွားတော့
နွမ်းပါးရှာတဲ့ မိဘ နှစ်ပါးခမျာ
ရှိစုမဲ့စု ဥစ္စာပစ္စည်း လေးတွေကလည်း
သားသမီး ပညာရေးထဲ နှစ်မြှပ်လိုက်လို့ ကုန်ခဲ့ပြီ။
အရွယ်ကလည်း ဇရာရဲ့ လက္ခဏာတွေ ထင်ရှားခဲ့ပြီ။
နွမ်းပေမယ့်လည်း အပန်းဖြေခွင့် မရကြတော့ဘူး။
သူတို့ဟာ ဝမ်းစာရေးအတွက်
နေပူထဲ. . . အလုပ်ခွင်ထဲမှာ
ဆက်ကာ ဆက်ကာ ရုန်းကန် နေခဲ့ ကြရတော့တယ်။
နေညိုချိန်မလှတဲ့ စုန်ရေ တို့ ဘဝပါပဲ။

မိဘ အများစု ဟာ
ဘယ်လောက် လိမ္မာတဲ့ သားသမီးကိုပဲ ဖြစ်ဖြစ်
ဘယ်လောက် အလိုက်သိတဲ့ သားသမီးကိုပဲ ဖြစ်ဖြစ်
အိမ်ထောင် ကျသွားခဲ့ပြီ ဆိုရင် အဲ့ဒီ သားသမီး အပေါ်မှာအားကိုးမျှော်လင့်စိတ်တွေ သိပ်မထားတတ်ကြတော့ဘူး။သူတို့ဘဝကို ဖြစ်သလိုသာ ရုန်းကန်ကြတော့တယ်။

မိဘ ကို အရမ်းချစ်တဲ့ သားသမီး ကတော့
မိဘအတွက် ပြန်ပြီး လုပ်ကျွေးချင်စိတ် ရှိပါတယ်။
သို့ပေမယ့် သူ့မှာကလည်း အိမ်ထောင်ရှိနေတဲ့အခါ
စိတ်ကသာ ရောက်ပြီး လက်တွေ့ ရောက်မလာနိုင်တော့ဘူး။မွေးကတည်းက မိဘဆီ က
အယူချည်း သက်သက် နဲ့ ကြီးပြင်းလာခဲ့တော့
ပြန်လုပ်ကျွေးနိုင်ချိန်ရောက်တော့
အိမ်ထောင်သည် ဖြစ်နေပြီ။ ဘာမှမတတ်နိုင်တော့ဘူး။ကိုယ်က မိဘကို ကျွေးချင်ရင်တောင်
အိမ်ထောင်ဘက်ရဲ့ မျက်နှာကို ကြည့်နေရပြီ။
သူ မကြည်ဖြူရင် ကိုယ်ဘာမှလုပ်လို့ မရတော့ဘူး။

ဒါတင် မကပါဘူး. . .
ကိုယ့်မိဘကို ပံ့ပိုးပေးချင်ရင်
သူ့ မိဘ အတွက်ပါ ထည့်တွေး ပေးလာရတော့တယ်။
ကျွေးချင်ရင် နှစ်ဖက်စလုံးကို ကျွေး. . .
ပေး ချင်ရင် နှစ်ဖက်စလုံးကို ပေး. . .
မကျွေးနိုင်. . . မပေးနိုင်ရင် နှစ်ဖက်စလုံးကို
မကျွေးနဲ့ မပေးနဲ့ ဖြစ်လာကုန်ရော. . .။
နှစ်ဦး နှစ်ဖက် မိဘတွေကို ပေးရပြီ ဆိုတော့
ကိုယ့်မှာကလည်း ဥစ္စာပစ္စည်း မလုံလောက်သေးတာနဲ့
မိဘတွေကို မပေးဖြစ်. . မကျွေးဖြစ်တော့ဘူး. . .
ေဩာ် မိဘကျေးဇူး. . . မိဘကျေးဇူး
စိတ်ကူး ပေါက်ရင်တောင်မှ တကယ်ဆပ်ဖြစ်ဖို့
မလွယ်ကူလှပါဘူး။

ကိုယ့်အပူ ကိုယ့်သောက တွေနဲ့
အိမ်ထောင်သည် ဘဝမှာချာချာလည်နေရင်း
မိဘအိမ်နဲ့ ဝေးမှန်းမသိ ဝေးသွား ခဲ့ကြတယ်။
ဒီလို နဲ့ အချိန်တွေ လွန်လာရင်း
မိဘနှစ်ပါးမှာ ဘဝတိမ်းပါး သွါးတဲ့အခါ
ဒီဘဝမှာ မိဘကျေးဇူး ဆပ်ဖို့ အခွင့်အရေး ဟာ
လုံးဝ ကို လက်လွှတ်ဆုံးရှုံး သွားကြရတော့တယ်။
မိဘကျေးဇူး ကို တကယ်ဆပ်ချင်တဲ့သူ အတွက်
မိဘနှစ်ပါး မရှိတော့ရင် ဘာမှ လုပ်လို့ မရတော့ပါဘူး။
မိဘကို ချစ်ကြသူတိုင်း
မိဘကျေးဇူးကို မြန်မြန် ဆပ်နိုင်ကြပါစေ။

Credit
#ပြန်လည်မျှဝေပါသည်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fashion Houseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์