Stone-nation STONENATION is more than a brand—it's a movement that blends street culture, fashion, and community, empowering locals to rise and build their dreams. 🔥
(1)

စာရင်းမရှင်းခင် စာရင်းအရင်ပေးဖို့ မမေ့ပါနဲ့ ‼️Joker Fight VII မှာ ပါဝင်ယှဉ်ပြိုင်မယ့်Stone-Nation ရဲ့ ရဲရင့်တဲ့ ဖိုက်တာ ...
14/10/2025

စာရင်းမရှင်းခင် စာရင်းအရင်ပေးဖို့ မမေ့ပါနဲ့ ‼️
Joker Fight VII မှာ ပါဝင်ယှဉ်ပြိုင်မယ့်
Stone-Nation ရဲ့ ရဲရင့်တဲ့ ဖိုက်တာ ဘော်ဒါများ ခင်ဗျာ...

အောက်တိုဘာ ၂၆ ရက်နေ့ မှာ ကျင်းပမယ့် Joker Fight VII စင်မြင့်ပေါ်မှာ သင့်ရဲ့ စွမ်းရည်ကို ပြသဖို့ အခွင့်အရေးကြီးရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ။

ဒီပွဲဟာ ထိုင်းနိုင်ငံက ဒေသခံဖိုက်တာများအပြင် နိုင်ငံခြားသား ဖိုက်တာများစွာနဲ့ပါ ယှဉ်ပြိုင်လက်စွမ်းပြရမယ့် ပွဲဖြစ်ပါတယ်။

🛑 အရေးကြီးတဲ့တချက်က အချိန်မီ စာရင်းသွင်းထားဖို့ပါ။

📲 စိတ်ဝင်စားတဲ့ မြန်မာဖိုက်တာ ဘော်ဒါတွေအနေနဲ့ အချိန်မကုန်ခင်၊ အခုပဲ G***anation Page ရဲ့ CB (Chat Box) မှာ "JF" လို့ ပို့ပြီး လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ...💯🌟

***anation
#မြန်မာဖိုက်တာ

13/10/2025

G***ah-Nation ရဲ့ Grower တစ်ဦးလဲဖြစ် HipHop ဂီတကို ရူးသွပ်တဲ့ လူငယ် Grower Artist တစ်ယောက်ဖြစ်တဲ့..

Toeni Asia - Grower Freestyle (Cypher Video)

Produce by Little A

Directed & Edit by Mr Dain (G***ah-Nation )

Support by Newland x 420สมุทรปราการ

StoneNation Production

Youtube Link ကို comment တွေကြည့်ရှူနိုင်ပါမယ်


***aNation

၇ ရက် စတုန်နာသားသမီးများအတွက် အဘဆြာဒိန်းရဲ့ တစ်ပတ်စာဟောစတမ်း | တနင်္ဂနွေနေ့ဖွား - ဝိုင်းရဲ့ခေါင်းဆောင် 👑ဒီတစ်ပတ်မှာ ကိုယ...
13/10/2025

၇ ရက် စတုန်နာသားသမီးများအတွက် အဘဆြာဒိန်းရဲ့ တစ်ပတ်စာဟောစတမ်း |

တနင်္ဂနွေနေ့ဖွား - ဝိုင်းရဲ့ခေါင်းဆောင် 👑

ဒီတစ်ပတ်မှာ ကိုယ်က အရာရာကို ဦးဆောင်နေလိမ့်မယ်။ ဘယ်သူအရင်စရှိုက်မလဲ၊ ဘာသီချင်းဖွင့်မလဲ၊ ဘယ်နေရာမှာထိုင်မလဲဆိုတာ ကိုယ်ပဲဆုံးဖြတ်နေမှာပါ။ ကိုယ့်ရဲ့ Vibe ကောင်းတွေကြောင့် ဝိုင်းက ပိုပြီး စည်းလုံးနေပါလိမ့်မယ်။

ယတြာ = ဝိုင်းရဲ့ ပထမဆုံးအဖွင့်ကို ကိုယ်တိုင်စတင်ပြီး အကောင်းမြင်စိတ်တွေနဲ့ အစပြုလိုက်ပါ။

======

တနင်္လာနေ့ဖွား - အတွေးနယ်ချဲ့သူ 🔭

ဒီတစ်ပတ်မှာ ကိုယ်က စကားသိပ်မပြောဘဲ အတွေးတွေထဲ နစ်မျောနေပါလိမ့်မယ်။ "စကြဝဠာကြီးက ဘယ်လောက်ကျယ်မလဲ"၊ "အပင်တွေက ဘယ်လိုခံစားရမလဲ" ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာပြည့်နေမယ်။ တစ်ယောက်တည်း အေးဆေးတွေးနေရတာကို ပိုသဘောကျနေပါလိမ့်မယ်။

ယတြာ = သဘာဝတရား ဒါမှမဟုတ် စကြဝဠာအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ကားဖွင့်ပြီး အတွေးကမ္ဘာထဲမှာ မျောလွင့်လိုက်ပါ။

======

အင်္ဂါနေ့ဖွား - ဟာသဉာဏ်ရွှင်ပြီး အသံအကျယ်ဆုံးသူ

ဒီတစ်ပတ် ကိုယ့်အတွက် အရာအားလုံးက ရယ်စရာဖြစ်နေပါလိမ့်မယ်။ သူငယ်ချင်းပြောလိုက်တဲ့ သာမန်စကားတစ်ခွန်းကိုတောင် သဘောကျပြီး အားရပါးရ အော်ရယ်နေမိမှာပါ။ ကိုယ့်ကြောင့် ဝိုင်းက ပျော်စရာတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။

ယတြာ = ဟာသရုပ်ရှင်ကောင်းကောင်းတစ်ကား ဒါမှမဟုတ် stand-up comedy ပွဲတစ်ခုကို သူငယ်ချင်းတွေနဲ့ အတူတူကြည့်လိုက်ပါ။

======

ဗုဒ္ဓဟူးနေ့ဖွား - စကားဝိုင်းရဲ့ ပဲ့ကိုင်ရှင်

ဒီတစ်ပတ် ကိုယ်က သီချင်းကောင်းတွေဖွင့်ပြီး ဝိုင်းရဲ့ Vibe ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးမယ့်သူပါ။ ဘယ်အချိန်မှာ သီချင်းအေးအေးလေးဖွင့်သင့်လဲ၊ ဘယ်အချိန်မှာ သီချင်းအမြူးလေးပြောင်းသင့်လဲဆိုတာကို အလိုလိုသိနေပါလိမ့်မယ်။

ယတြာ = အခုလက်ရှိ Vibe နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် သီချင်းတွေကို စုပြီး playlist အသစ်တစ်ခု ဖန်တီးလိုက်ပါ။

======

ကြာသပတေးနေ့ဖွား - ဇာတ်လမ်းပြောသူကြီး 📖

ဒီတစ်ပတ်မှာ ကိုယ့်ခေါင်းထဲရောက်လာတဲ့ အတွေးတွေက ဇာတ်လမ်းကောင်းတွေ ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ ငယ်ဘဝအဖြစ်အပျက် ဒါမှမဟုတ် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို အရသာခံပြီး ပြောပြတဲ့အခါ လူတိုင်းက စိတ်ဝင်တစားနားထောင်နေကြပါလိမ့်မယ်။

ယတြာ = ကိုယ့်ဘဝက အမှတ်အရဆုံး ဟာသအဖြစ်အပျက်တစ်ခုကို ပြန်စဉ်းစားပြီး ဝိုင်းထဲကလူတွေကို ပြန်ပြောပြပါ။

======

သောကြာနေ့ဖွား - အနုပညာရှင် 🎨

ဒီတစ်ပတ်မှာ ကိုယ်က အနုပညာခံစားမှု အရမ်းမြင့်တက်နေလိမ့်မယ်။ ဆေးလိပ်ငွေ့ရဲ့ ပုံစံလေးတွေ၊ ရုပ်ရှင်ထဲက အရောင်အသွေးတွေ၊ သီချင်းတစ်ပုဒ်ရဲ့ သံစဉ်အလှကို သာမန်ထက်ပိုပြီး ခံစားမိနေမှာပါ။ ပုံဆွဲချင်စိတ်၊ ကဗျာရေးချင်စိတ်တွေ တဖွားဖွားပေါ်လာနိုင်သလို အနုပညာတစ်ခုခုကို နက်နက်နဲနဲ ခံစားနေမိပါလိမ့်မယ်။

ယတြာ = စက္ကူတစ်ရွက်ပေါ်မှာ ခဲတံနဲ့ လျှောက်ခြစ်ခြစ်၊ ကိုယ်အကြိုက်ဆုံး သီချင်းကို နားကြပ်တပ်ပြီး အဆုံးထိ နားထောင်ရင်း အနုပညာရဲ့ အရသာကို အပြည့်အဝခံစားလိုက်ပါ။

======

စနေနေ့ဖွား - အေးဆေး Chill မယ့်သူ 🛌

ဒီနေ့ ကိုယ်က ဘာအရှုပ်အထွေးမှ မလိုချင်ဘဲ အေးအေးဆေးဆေးပဲ အနားယူချင်နေပါလိမ့်မယ်။ အိမ်ရဲ့ သက်သောင့်သက်သာအရှိဆုံးထောင့်တစ်နေရာမှာ စောင်လေးခြုံ၊ ခေါင်းအုံးလေးပိုက်ပြီး ငြိမ့်နေရရင်ကို ကျေနပ်နေမယ့်သူပါ။

ယတြာ = အိမ်မှာ ကိုယ်အကြိုက်ဆုံး နေရာကိုရှာပါ၊ ခေါင်းအုံးတွေနဲ့ ကိုယ့်အတွက် သီးသန့်နေရာလေးတစ်ခုဖန်တီးပြီး အပြည့်အဝ အနားယူလိုက်ပါ။

======

နောက်တစ်ပတ်မှာလည်း အခုလို စတုန်နာသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်းအသစ်ကို တင်ပေးသွားဦးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦးခင်ဗျာ...

-nation

ထိုင်းနိုင်ငံမှာ တစ်နှစ်မှာ တစ်ခါသာကျင်းပတဲ့ အကြီးဆုံး ဆေးခြောက် ယဉ်ကျေးမှုပွဲတော်ကြီးနဲ့ အတူ G***a Nation တို့ပြန်လာခဲ့...
11/10/2025

ထိုင်းနိုင်ငံမှာ တစ်နှစ်မှာ တစ်ခါသာကျင်းပတဲ့ အကြီးဆုံး ဆေးခြောက် ယဉ်ကျေးမှုပွဲတော်ကြီးနဲ့ အတူ G***a Nation တို့ပြန်လာခဲ့ပါပြီ။

အချိန်အကြာကြီးပျောက်သွားခဲ့တဲ့ အဘဆြာဒိန်းနဲ့ G***a Nation Team တစ်ခုလုံးက လောကဒဏ်နဲ့ ထိုးနှက်မှုတွေ ကို ခံရပြီးနောက်
လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့ (မနက်ဖြန်) မှာ ပြုလုပ်မယ့် Nudkinpuk Fair 2025 ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ (Press Conference) နဲ့ Party ကို G***anation က အဓိက စပွန်ဆာ တစ်ခုအနေနဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။

🚨 သတင်းကောင်းကတော့ ဒီပွဲဟာ စပွန်ဆာများနှင့် ပါတနာများသာ ဖိတ်ကြားထားတဲ့ အထူးပွဲဖြစ်ပြီး၊ G***anation ဘော်ဒါတွေ အတွက် FREE ENTRY ရရှိမှာပါ။

🎉 ဒီအခွင့်အရေးကို ရယူဖို့ဆို...
G***anation မှ ထုတ်လုပ်ထားတဲ့ မည်သည့်အင်္ကျီမဆို ဝတ်ဆင်လာခဲ့ဖို့ပဲ လိုပါတယ်နော်...

======

🚢 ပွဲအကြောင်းအသေးစိတ်

🗓️ အောက်တိုဘာ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)
📍Bangkok Island သင်္ဘောပေါ် မှာ ကျင်းပမှာဖြစ်ပြီး
⛵ Bangkok Island (พระราม 3) သင်္ဘောဆိပ်ကို
🕒 ညနေ ၃ နာရီခွဲ (3:30 PM) မတိုင်ခင် အရောက်လာပေးပါ။

⚠️ သတိထားရမယ့် တစ်ချက်က
ဒီပွဲက သင်္ဘောနဲ့ထွက်ခွာပြီး ကျင်းပမှာ ဖြစ်လို့ နောက်ကျလို့ လုံးဝမရပါဘူးနော်...

======

📌 ဘော်ဒါတို့ ပါဝင်ဆင်နွှဲနိုင်တဲ့ အဓိက အစီအစဉ်များ

🔸ညနေ ၄:၂၀ မှာ ဝင်ရောက်ပြီး အဝတ်အစား လှူဒါန်းမှု စတင်ပြုလုပ်နိုင်ပါတယ်။

🔸ညနေ ၅:၀၀ မှာ Nudkinpuk Fair 2025 (နိုဝင်ဘာ ၈-၉၊ ChangChui မှာလုပ်မယ့်) ပွဲကြီးကို တရားဝင် မိတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲ။

🔸ညနေ ၅:၃၀ မှာ SWAP SHIRT x Miss Mary Jane အစီအစဉ်ဖြစ်တဲ့ ဘော်ဒါတို့ရဲ့ အဝတ်အစားတွေကို လှူဒါန်းရင်း၊ မိမိလည်း အင်္ကျီတစ်ထည် ပြန်ရွေးယူနိုင်တဲ့ လှူဒါန်းပွဲ။ (လှူဒါန်းထားတဲ့ အဝတ်အစားတွေကို အိမ်ယာမဲ့လူများထံ ပြန်လည်လှူဒါန်းသွားမှာပါ။)

🔸ပြီးရင်တော့ ညနေ ၆:၀၀ နာရီ ကစပြီး ၁၀:၀၀ နာရီအထိ DJ. Baifern, DJ. Chris နဲ့ P SIDE MAFIA တို့ရဲ့ အမိုက်စား After Party နဲ့ ပင်လယ်ပြင်မှာ အတူလွှင့်မျှောကြပါမယ်။

======

G***anation ကထုတ်တဲ့ ဘယ်အင်္ကျီမဆို ပိုင်ဆိုင်ထားသူတိုင်း Cb ကို "ပါတီလာပါမယ်" လို့ အခုပဲ အခမဲ့စာရင်းပေးပြီး

၁၂ရက်နေ့ ညနေ ၃:၃၀ အမီ Bangkok Island ကို အရောက်လာခဲ့ရုံပါပဲ။

ဆိုတော့... ဘန်ကောက်က ဘော်ဒါတို့ရေ
ဒီပွဲက ရိုးရိုးပါတီပွဲတစ်ပွဲ မဟုတ်ပါဘူး။

အရေးပါတဲ့ Cannabis Community ရဲ့ Gathering ပွဲဖြစ်လို့ လက်မလွတ်ဘဲ အချိန်မီ အရောက်လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်...✌️💯

***anation
-Nation

အလုပ်ထဲမှာ ဝိသောက်ဖူးကြလား ⁉️တကယ်တော့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း သောက်မယ်ဆိုရင်  ဒီလိုအကျိုးသက်ရောက်မှုတွေရှိပါတယ်။✅ ...
11/10/2025

အလုပ်ထဲမှာ ဝိသောက်ဖူးကြလား ⁉️

တကယ်တော့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း သောက်မယ်ဆိုရင် ဒီလိုအကျိုးသက်ရောက်မှုတွေရှိပါတယ်။

✅ ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့...

• စာပေ၊ ဂီတ၊ ပန်းချီ၊ ဒီဇိုင်း စတဲ့ creative ပိုင်းမှာ လုပ်ကိုင်ကြတဲ့သူတွေအတွက် အေးချမ်းပြီး idea တွေပိုထွက်တတ်ပါတယ်။

• စိတ်ဖိစီးမှုများတဲ့အလုပ်တွေကို လုပ်ကိုင်သူတွေအတွက် anxiety တွေကို လျှော့ချပေးလို့ အဆင်ပြေပါတယ်။

• အာရုံစူးစိုက်ပြီးလုပ်ရတဲ့ အလုပ်တွေ (တကယ့်အသက်အန္တရာယ်မထိခိုက်စေတဲ့အလုပ်မျိုးတွေ) လုပ်တဲ့အခါမှာလည်း Focus မိမိနဲ့ အေးဆေးတည်ငြိမ်စွာ လုပ်ကိုင်နိုင်ပါတယ်။

=====

❌ မကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့...

• လိုအပ်တာထက်ပိုသုံးနေမယ်၊ များများသုံးနေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ သဘောမကျဖြစ်နိုင်ပါတယ်။

• ဆောက်လုပ်ရေး၊ ယာဉ်မောင်း၊ စက်ထိန်း စတဲ့အလုပ်တွေမှာသုံးတာက အန္တရာယ်အရမ်းများပါတယ်။

• 'တန်‌ဆေးလွန်ဘေး' ဆိုသလို အလွန်အကျွံသုံးမိရင် အိပ်ငိုက်တာ၊ မျောပြီးအလုပ်မပြီးတာတွေ ဖြစ်တတ်လို့ စည်းမျဉ်းတင်းကြပ်တဲ့ လုပ်ငန်းခွင်တွေမှာဆိုရင် အလုပ်ထုတ်ခံရနိုင်ပါတယ်။

=====

အဲဒီတော့ လုပ်ငန်းခွင်မှာ ဝိသောက်ပြီးလုပ်ကိုင်မယ်ဆို

အနည်းငယ်သာသောက်ပြီး အေးအေးဆေးဆေးနဲ့ Creative ဖြစ်နိုင်ပါတယ်။

အလွန်အကျွံဆိုရင်တော့ အလုပ်မပြီးမြောက်ဖြစ်တတ်ပါတယ်။

ဒါကြောင့်... Creative & relax job မျိုးတွေမှာ သုံးရင် အဆင်ပြေပိုပြီး၊ Concentration, safety & rule-based job မျိုးတွေမှာ သုံးရင် အဆင်မပြေဘဲ အန္တရာယ်ရှိနိုင်ပါတယ်။

=====

ဆိုတော့ အခုဖတ်နေတဲ့သူကော ဝိသောက်ရင်း ဘယ်လိုအလုပ်မျိုးလုပ်ချင်လဲ...? ကောမန့်မှာပြောသွားကြပါဦး‌ဗျာ...✌️

Stone-Nation

🚨 ရုပ်ရှင်ဆန်လွန်းသော ဓားပြမှု | လက်နက်ကိုင် ၆ ဦး က ဆေးခြောက် ၁၀၀ ကီလို ပါ ဂိုဒေါင်ကို ဝင်ရောက်စီးနင်း (၃ ဦးမိ၊ ၃ ဦး လွတ...
09/10/2025

🚨 ရုပ်ရှင်ဆန်လွန်းသော ဓားပြမှု | လက်နက်ကိုင် ၆ ဦး က ဆေးခြောက် ၁၀၀ ကီလို ပါ ဂိုဒေါင်ကို ဝင်ရောက်စီးနင်း (၃ ဦးမိ၊ ၃ ဦး လွတ်မြောက်ဆဲ) ‼️

ရယောင်းခရိုင်၊ ထိုင်းနိုင်ငံ 🇹🇭

တရားဝင်ဆေးခြောက်လုပ်ငန်းများ စတင်လာချိန်တွင် ပြစ်မှုဆိုင်ရာ စိန်ခေါ်မှုများ ကို မီးမောင်းထိုးပြလိုက်သည့် ဖြစ်စဉ်တစ်ခုအဖြစ်၊ လက်နက်ကိုင် ၆ ဦးပါ အဖွဲ့သည် ရယောင်းခရိုင်ရှိ ဆေးခြောက်ဂိုဒေါင်တစ်ခုကို အောက်တိုဘာလ ၇ ရက်နေ့ညက ဝင်ရောက်ဓားပြတိုက်ခဲ့သည်။

ဓားပြအဖွဲ့သည် ဂိုဒေါင်အတွင်းရှိ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးလုပ်သားများကို ကြိုးတုပ်ချုပ်နှောင် ပြီးနောက် ခြောက်သွေ့ပြီးသား ဆေးခြောက် (Flower) ၁၀၀ ကီလိုဂရမ် (၁၁၇ ထုပ်) ကို ယူဆောင် ထွက်ပြေးခဲ့သည်။
________

🚓 လျှပ်တစ်ပြက် ဖမ်းဆီးမှု
ရဲတပ်ဖွဲ့မှ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချက်ချင်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်၊ နံနက် ၂ နာရီခန့်တွင် ချွန်ဘူရီခရိုင် (Chonburi) ဘက်သို့ ထွက်ပြေးလာသည့် မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို ရဲတပ်ဖွဲ့မှ ဖြတ်တောက်ဖမ်းဆီးနိုင်ခဲ့သည်။

🟥 ဖမ်းဆီးရမိသူ
ကားပေါ်ပါလာသူ ၆ ဦးအနက် ၃ ဦး (နရစ်ဆရ်၊ ဆုန်ယွတ်၊ အာရယ) တို့ကို ဖမ်းဆီးရမိခဲ့သည်။

🔫 လက်နက်ပစ္စည်း
၎င်းတို့ထံမှ သေနတ်မျိုးစုံ ၄ လက် နှင့် ကျည်ဆန် ၃၁ တောင့် ကို သိမ်းဆည်းရမိခဲ့သည်။

⚖️ ဆေးခြောက်ပမာဏ
လုယူထားသော ဆေးခြောက် ၁၀၀ ကီလိုဂရမ် ကိုလည်း ကားပေါ်မှ ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ သုံးဦးက ၎င်းတို့သည် ရယောင်းရှိ ဂိုဒေါင်မှ ဆေးခြောက်များကို လုယူခဲ့ကြောင်း ဝန်ခံထွက်ဆို ခဲ့သည်။

🤔 အများ၏ သုံးသပ်ချက်အရ

"အတွင်းလူ" အခြေအနေ
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ လုယက်မှုတွင် ပါဝင်သူ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားဆဲ ဖြစ်သည်။ ရဲတပ်ဖွဲ့က လုယက်သူများသည် "အတွင်းလူများ (Insider)" သို့မဟုတ် လုပ်ငန်းနှင့် နီးစပ်သူများ ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။

ဆေးခြောက်ကို တရားဝင် ခွင့်ပြုပြီးသည့်နောက်ပိုင်း ဈေးကွက်တန်ဖိုးမြင့်မားလာသော ဤပစ္စည်းကို ပစ်မှတ်ထားသည့် ရာဇဝတ်မှုများသည် ပိုမိုဖြစ်ပွားလာနိုင်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် လုံခြုံရေးကို အထူးအလေးထားရန် လိုအပ်ကြောင်း ဤဖြစ်စဉ်က သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
________

တရားဝင်ဆေးခြောက်လုပ်ငန်းများ၏ လုံခြုံရေးသည် မည်မျှအထိ တိုးမြှင့်သင့်သည်ဟု ထင်ပါသလဲ ? မိတ်ဆွေရဲ့အမြင်ကိုလည်း Comment တွင် ဆွေးနွေးပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ....✌️

-Nation
#ထိုင်းဆေးခြောက် #ရယောင်း #ဓားပြမှု

🇺🇸 ဖလော်ရီဒါပြည်နယ်တွင် – “ဆေးခြောက်နံ့ရရုံနဲ့ ကားများကို ရှာဖွေစစ်ဆေးခွင့် မရှိတော့” 📰၂၀၂၅၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ဖလေ...
07/10/2025

🇺🇸 ဖလော်ရီဒါပြည်နယ်တွင် – “ဆေးခြောက်နံ့ရရုံနဲ့ ကားများကို ရှာဖွေစစ်ဆေးခွင့် မရှိတော့” 📰

၂၀၂၅၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ်အယူခံတရားရုံးက လူအများအာရုံစိုက်စရာ တရားရုံးဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ “ဆေးခြောက်နံ့ရရုံနဲ့ ကားတစ်စီးကို တားဆီးစစ်ဆေးခွင့်မရှိတော့” ဆိုတဲ့ အယူခံပါ။

⚖️ "Plain Smell Doctrine" — ဥပဒေ အဆုံးသတ်

အမေရိကန်တစ်နိုင်ငံလုံးမှာ အများကြီးအသုံးများခဲ့တဲ့ plain smell doctrine ဆိုတာ... ရဲတွေက “ဆေးခြောက်နံ့ရရုံတစ်ခုထဲနဲ့” ကားများကို စစ်ဆေးခွင့်ရတယ်ဆိုတဲ့ ဥပဒေသဘောတရားပါ။
ဒါပေမဲ့ ဖလော်ရီဒါပြည်နယ်အယူခံတရားရုံးက ဒီနည်းကို တရားမဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

အကြောင်းအရင်းကတော့ ဖလော်ရီဒါပြည်နယ်မှာ ဆေးဘက်ဆိုင်ရာသုံးဆေးခြောက် (medical cannabis) နဲ့ h**p တို့ကို တရားဝင်အသုံးပြုခွင့်ရှိပြီးသား ဖြစ်တဲ့အတွက် ဆေးခြောက်အနံ့တစ်ခုထဲနဲ့ ဥပဒေချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့ မပြနိုင်တော့ပါဘူး။

🚔 ရဲတပ်ဖွဲ့အတွက် အဓိကသိရမယ့်အချက်အနေနဲ့
တရားရုံးက တရားသူကြီးများက ရဲများအား ဒီလို ရှင်းလင်းစွာ ညွှန်ကြားထားပါတယ်။

“ဆေးခြောက်အနံ့ရရုံဖြင့် probable cause (ရှာဖွေသက်သေ) မဖြစ်နိုင်တော့ပါ။ ရဲများအနေနဲ့ ကားတစ်စီးကို ရှာဖွေစစ်ဆေးချင်တယ်ဆိုရင် တခြား သက်သေအထောက်အထားတွေပါ ထည့်သွင်းစဉ်းစားရမယ်။”

ဒါဆိုရင် လက်ရှိနဲ့အနာဂတ်မှာ ဖလော်ရီဒါပြည်နယ်ရဲတွေအတွက် ဆေးခြောက်နံ့တစ်ခုထဲနဲ့ စစ်ဆေးခွင့် မရှိတော့ပါဘူး။

🌎 ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်အတွက် အောင်မြင်မှုတစ်ခု

တရားရုံးဆုံးဖြတ်ချက်ကို လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုအခွင့်အရေး (Right to Privacy) နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စတုတ္ထပြင်ဆင်ချက် (Fourth Amendment) အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။

💭 Stone-Nation မှ ပြောချင်တာကတော့...

◾ဒီ ruling ဟာ stoner community အတွက် အရေးပါတဲ့ milestone တစ်ခုပါ။
◾အရင်တုန်းက ဆေးခြောက်နံ့တစ်ခုထဲနဲ့ ပြဿနာရှာ အဖမ်းခံရတဲ့ လူအများအတွက်
◾ဒီတရားရုံးဆုံးဖြတ်ချက်ဟာ တကယ်လိုအပ်တဲ့ တန်ဖိုးရှိတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

အခုဖတ်နေတဲ့ ကိုယ့်လူကော ဒီသတင်းအပေါ်ဘယ်လိုမြင်လဲ comment မှာ ဝင်ရောက်ဆွေနွေးခဲ့ပါဦးနော်..💯

သတင်းအရင်းအမြစ်တွေအနေနဲ့တော့
👉 Tallahassee Democrat
👉 WCTV News
👉 Bloomberg Law

StoneNation

Cannabis

ဝိ သောက်ရင်း "ရန်သူကိုတောင် မိတ်ဆွေဖြစ်သွားစေနိုင်" တဲ့ အင်္ဂါသားတွေရဲ့ ဒီတစ်ပတ် ကံဇာတာ✨၇ ရက် စတုန်နာသားသမီးများအတွက် အဘ...
06/10/2025

ဝိ သောက်ရင်း "ရန်သူကိုတောင် မိတ်ဆွေဖြစ်သွားစေနိုင်" တဲ့ အင်္ဂါသားတွေရဲ့ ဒီတစ်ပတ် ကံဇာတာ✨

၇ ရက် စတုန်နာသားသမီးများအတွက် အဘဆြာဒိန်းရဲ့ တစ်ပတ်စာဟောစတမ်း |

1️⃣ တနင်္ဂနွေနေ့ဖွား

သူငယ်ချင်းတွေက သတင်းကောင်း ဒါမှမဟုတ် ဆေးခြောက်ကောင်းတွေ သယ်လာပေးလိမ့်မယ်။ ဒီတစ်ပတ်မှာ ကိုယ့်ဆန္ဒတွေ ပြည့်ဝလိမ့်မယ်။ ဆေးခြောက်ပြန်ဝယ်ဖို့ ငွေရေးကြေးရေး အဆင်ပြေနေမယ်။

• ယတြာ = ကိုယ့်မှာရှိတဲ့ ဆေးခြောက်ကို သူငယ်ချင်းတွေနဲ့ ဝေမျှသောက်လိုက်ပါ၊ ပိုပျော်စရာကောင်းပြီး အညံ့တွေပါ လျှော့နည်းသွားပါလိမ့်မယ်။

2️⃣ တနင်္လာနေ့ဖွား

Joint လိပ်တဲ့အခါ နည်းနည်းအခက်တွေ့နိုင်ပေမဲ့ နောက်ဆုံးတော့ အဆင်ပြေသွားမယ်။ မေ့နေတဲ့ ဆေးခြောက်အတုံးလေးကို အိတ်ကပ်ထဲမှာ မထင်မှတ်ဘဲ ပြန်ရှာတွေ့နိုင်တယ်။

• ယတြာ = မပြဲခင် စားစရာမုန့်တွေ ကြိုတင်ပြင်ဆင်ထားပါ။

3️⃣ အင်္ဂါနေ့ဖွား

ကိုယ့်ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့် ဒီတစ်ပတ်မှာ ရန်သူကိုတောင် မိတ်ဆွေဖြစ်သွားစေနိုင်တယ်။ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေက ဝိ သောက်ပြီးတဲ့နောက်မှာ ပိုလွယ်ကူသွားလိမ့်မယ်။

• ယတြာ = ကိုယ်မစမ်းဖူးတဲ့ ဆေးခြောက်အမျိုးအစားသစ်ကို စမ်းသပ်သုံးစွဲကြည့်ပါ။

4️⃣ ဗုဒ္ဓဟူးနေ့ဖွား

ဆေးခြောက်ကုန်တော့မှာမို့လို့ စိတ်ဖိစီးနေနိုင်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ပစ္စည်းအသစ်ရောက်တဲ့အကြောင်း သတင်းကောင်းကြားရလိမ့်မယ်။ ပြဲနေတုန်း အဖိုးတန်ပစ္စည်းမပျောက်အောင် သတိထားပါ။

• ယတြာ = ကိုယ့်ရဲ့ B**g သို့မဟုတ် smoke pipe ကို သန့်ရှင်းရေးလုပ်လိုက်ပါ၊ နောက်တစ်ခါသုံးရင် အရသာပိုကောင်းသွားလိမ့်မယ်။

======

5️⃣ ကြာသပတေးနေ့ဖွား

ဒီတစ်ပတ်က ကိုယ့်အတွက် ကောင်းတဲ့ကာလပဲ။ အရာရာတိုင်းက အဆင်ပြေနေပြီး ဝိ သောက်ရတာကလည်း ပြီးပြည့်စုံနေလိမ့်မယ်။ အတူတူသောက်ရင်း သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံနိုင်တယ်။

• ယတြာ = ဆေးခြောက်နဲ့လုပ်ထားတဲ့ စားစရာမုန့်တစ်ခုခုကို ကိုယ်တိုင်လုပ်ကြည့်ပါ။

6️⃣ သောကြာနေ့ဖွား

ဒီတစ်ပတ်မှာ ကိုယ်က ဝိ အတူတူ သောက်သူတွေကြားထဲမှာ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်သူ ဖြစ်နေလိမ့်မယ်။ ကိုယ်နဲ့အတူရှိတဲ့လူတိုင်းက စိတ်ချမ်းသာမှုရလိမ့်မယ်။ အလုပ်အသစ်တွေ (ဥပမာ - အပင်စိုက်တာမျိုး) စတင်ဖို့ ကောင်းတဲ့နေ့တစ်နေ့ပဲ။

• ယတြာ = စိတ်အပန်းဖြေဖို့ သီချင်းကောင်းတွေ နားထောင်ပြီး Playlist တစ်ခုဖန်တီးပါ။

7️⃣ စနေနေ့ဖွား

ငွေဝင်လာနိုင်တယ် ဒါမှမဟုတ် High Quality ကို ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်တယ်။ ပြဿနာတွေက ဝိ ‌သောက်ပြီးချိန်မှာ ဖြေရှင်းလို့ရသွားလိမ့်မယ်။ အတွေ့အကြုံရင့်တဲ့ သုံးစွဲသူအစ်ကိုကြီးတွေဆီက အကြံဉာဏ်ကောင်းတွေ ရနိုင်တယ်။

• ယတြာ = ကျန်းမာရေးဂရုစိုက်ပါ၊ ချောင်းအရမ်းမဆိုးအောင် သတိထားပါ။ တစ်လိပ်ကို ရင်းနှီးတဲ့သူငယ်ချင်းနဲ့ မျှဝေသောက်သုံးပါ။

နောက်တစ်ပတ်မှာလည်း အခုလို စတုန်နာသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်းအသစ်ကို တင်ပေးသွားဦးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦးခင်ဗျာ...

stone-nation

baydin

🏠ငယ်ဘဝ ကိုယ်စီ အမှတ်တရတွေရှိခဲ့ကြတဲ့ သီတင်းကျွတ်ညလေးမှာ Stonenation ကိုအားပေးနေကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို စိတ်ချမ်းသ...
06/10/2025

🏠ငယ်ဘဝ ကိုယ်စီ အမှတ်တရတွေရှိခဲ့ကြတဲ့ သီတင်းကျွတ်ညလေးမှာ Stonenation ကိုအားပေးနေကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် လိုအင်ဆန္ဒတွေ ပြည့်ပါစေကြာင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏🙏🙏

04/10/2025

My Brother Toeni Asia X Homies ၏ Tree 💯

Title : Tree
Artist : Toeni Asia
Producer : Neonnight

Production Team by StoneNation

အကြိုက်ဆုံး စာသားတွေပါရင် comment မှာ
မန့်ခဲ့ပေးကြဦးနော် ဘော်ဒါတို့ရေ...✨✌️

-Nation


အမျိုးသမီးတွေအတွက် သတိထားစရာသုတေသနတွေ့ရှိချက် 🚨ဆေးခြောက်နဲ့ မျိုးဆက်ပွားကျန်းမာရေး |ကနေဒါနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ဆေးခြော...
02/10/2025

အမျိုးသမီးတွေအတွက် သတိထားစရာ
သုတေသနတွေ့ရှိချက် 🚨

ဆေးခြောက်နဲ့ မျိုးဆက်ပွားကျန်းမာရေး |

ကနေဒါနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်တဲ့အခါ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းအပေါ် ဆေးခြောက်ရဲ့ သက်ရောက်မှု နဲ့ ပတ်သက်ပြီး သုတေသနတွေ စတင်လုပ်ဆောင်လာကြပါတယ်။

တိုရွန်တိုတက္ကသိုလ်က အမျိုးသမီး ကျန်းမာရေးသုတေသီ စီယန်တီယာဒူဗဲလ် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဆေးခြောက်ထဲမှာပါဝင်တဲ့ THC ဓာတုပစ္စည်းက အမျိုးသမီးတွေရဲ့ မျိုးဥပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရလဒ်ကိုတော့ Nature Communications ဂျာနယ်မှာ ဖော်ပြထားပါတယ်။

🔶 THC က မျိုးဥတွေကို ထိခိုက်စေနိုင်လား..?

သုတေသနအရ ဆေးခြောက်သုံးစွဲတဲ့ အမျိုးသမီးတွေရဲ့ မျိုးဥတွေမှာ ခရိုမိုဆုန်းအရေအတွက် မမှန်ကန်မှုတွေ ပိုမိုတွေ့ရှိရပါတယ်။ ဒီလို ခရိုမိုဆုန်းမမှန်ကန်တဲ့ မျိုးဥတွေကြောင့် ကိုယ်ဝန်မရနိုင်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း နဲ့ သန္ဓေသားမှာ ချို့ယွင်းချက်တွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

🔶 ဘာကြောင့်ဒီလိုဖြစ်ရတာလဲ..?

ဆေးခြောက်ထဲမှာပါဝင်တဲ့ THC ဟာ ခန္ဓာကိုယ်ထဲက cannabinoid receptors တွေနဲ့ ဓာတ်ပြုပြီး မျိုးဥရင့်မာမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မျိုးဥအောင်မြင်နှုန်းကိုလည်း လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

🔶 သုတေသနက ဘာတွေ့ရှိခဲ့လဲ..?

၂၀၁၆ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း IVF ကုသမှုခံယူထားတဲ့ အမျိုးသမီး ၁,၀၅၉ ဦးရဲ့ မျိုးဥတွေကို လေ့လာခဲ့ပါတယ်။ အဲဒီထဲက ၆၂ ဦးရဲ့ မျိုးဥတွေမှာ THC ဓာတ်တွေ့ရှိရပြီး သူတို့ရဲ့ မျိုးဥတွေဟာ ခရိုမိုဆုန်းမမှန်ကန်မှုနှုန်း ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။

🔶 ဒါဆို ဆေးခြောက်သုံးတာကို ရပ်သင့်လား..?

ဒူဗဲလ်ရဲ့ အဆိုအရ ဆေးခြောက်သုံးစွဲတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားခါနီးမှာ အနည်းဆုံး ၃ လကြိုပြီး ဆေးခြောက်ရှောင်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒီလိုရှောင်ကြဉ်ခြင်းအားဖြင့် မျိုးဥရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်ပြီး ကိုယ်ဝန်ရရှိဖို့ အခွင့်အလမ်းပိုများစေနိုင်ပါတယ်။

ဒီတွေ့ရှိချက်က ဆေးခြောက်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အရေးပါတဲ့ အချက်အလက်တစ်ခုဖြစ်လာပါတယ်။

ဆေးခြောက်သုံးစွဲတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားနေရင် ဒီသတင်းကို သတိထားဖို့လိုပါလိမ့်မယ်။

အခုဖတ်နေတဲ့ မိတ်ဆွေရော ဒီသတင်းပေါ်မှာ
ဘယ်လိုမြင်လဲ... ကောမန့်မှာ ဝေမျှဆွေးနွေးခဲ့နိုင်ပါတယ်..?

Stone_Nation

WomenHealth

အသက်ကယ်ဆေး တောင်းနေရဆဲ... ဖိလစ်ပိုင် 🇵🇭Philippines နိုင်ငံမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုခွင့်တောင်းဆိုနေကြတဲ့ လူန...
30/09/2025

အသက်ကယ်ဆေး တောင်းနေရဆဲ... ဖိလစ်ပိုင် 🇵🇭

Philippines နိုင်ငံမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုခွင့်တောင်းဆိုနေကြတဲ့ လူနာများ၊ ဆရာဝန်များနှင့် လှုပ်ရှားသူများက စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အဓိက တောင်းဆိုချက်တွေကတော့

✅ ဆေးခြောက်ကုထုံးအတွက် တရားဝင်ခွင့်ပြုချက် မြန်မြန်ဆန်ဆန်ရရှိရေး ဖြစ်ပါတယ်။

✅ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ အစိုးရအဂတိလိုက်စားမှုတွေကြောင့်

✅ ဒီလိုအရေးကြီးတဲ့ ဆေးဝါးဥပဒေ ပြဋ္ဌာန်းဖို့ နှစ်ပေါင်းများစွာ နှောင့်နှေးနေတယ်လို့ ဆိုပါတယ်။

✅ ဒီနှောင့်နှေးမှုဟာ နာတာရှည်ရောဂါဝေဒနာရှင်တွေကို ကုသရာမှာ အခက်အခဲဖြစ်စေပြီး၊

✅ ဆေးခြောက်သုံးစွဲမှုအတွက် မတရားအရေးယူခံနေရသူတွေလည်း ရှိတယ်လို့ ၎င်းတို့က ပြောဆိုပါတယ်။

ဒါကြောင့် ဒီလှုပ်ရှားမှုဟာ ဆေးခြောက်ခွင့်ပြုရေးတစ်ခုတည်းအတွက်သာမက၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစနစ်၊ တရားမျှတမှုနှင့် လာဘ်စားမှုကင်းရှင်းရေး အတွက်ပါ တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ် : 420Philippines

-Nation

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Stone-nationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์