Glamorous Gal - GG

Glamorous Gal - GG "Glamorous Gal - GG" has been established to offer selection of footwear and fashion accessories for ladies.

As our motto, "Elegance Steps for Glamorous Girls," we are proud to provide service as women accessories and transform your appearance.

☀နေပူထဲမသွားလည်း Sunscreen လိမ်းဖို့ လိုအပ်သလား?🏠"အိမ်ထဲမှာပဲနေတာ Sunscreen လိမ်းဖို့ လိုလို့လား" ဆိုတဲ့ အတွေးဟာ မိန်းကလ...
13/07/2026

☀နေပူထဲမသွားလည်း Sunscreen လိမ်းဖို့ လိုအပ်သလား?

🏠"အိမ်ထဲမှာပဲနေတာ Sunscreen လိမ်းဖို့ လိုလို့လား" ဆိုတဲ့ အတွေးဟာ မိန်းကလေးတိုင်း စဥ်းစားကြတဲ့ အတွေးတစ်ခုပါပဲ…။ မိန်းကလေးအများစုက နေပူထဲထွက်မှ၊ ခရီးသွားမှ Sunscreen လိမ်းဖို့ လိုတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ နေရောင်ခြည်ထဲမှာပါတဲ့ အသားအရေကို ပျက်စီးစေတဲ့ UVA နဲ့ UVB ဓာတ်ရောင်ခြည်တွေဟာ တိမ်ထူတဲ့နေ့တွေမှာတင်မကဘဲ အိမ်ပြတင်းပေါက် မှန်တွေကိုပါ ဖောက်ထွင်းဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲမှာပဲ နေနေ Sunscreen ကတော့ မရှိမဖြစ် လိုအပ်တာပါ။

📱နေ့စဥ်သုံးနေတဲ့ ဖုန်း၊ ကွန်ပျူတာ Screen တွေကထွက်တဲ့ Blue Light နဲ့ ပြတင်းပေါက်က တိုးဝင်လာတဲ့ UVA ရောင်ခြည်တွေဟာ အရေပြားကို အရေးအကြောင်းဖြစ်စေပြီး အသက်အရွယ်ထက် ပိုအိုစာစေပါတယ်။

☀Sunscreen မလိမ်းဘဲ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု ကြာလာတဲ့အခါ နေရောင်ခြည်မှာပါတဲ့ UVA က အရေပြားရဲ့ Collagen ဓာတ်တွေကို ဖျက်ဆီးပစ်တာကြောင့် အရေးအကြောင်းတွေ ထင်ကျန်စေပြီး အသက်အရွယ်မတိုင်ခင် အသားအရေကို တွဲကျစေပါတယ်။

🔘အရေပြားက နေရောင်ဒဏ်ကို ကာကွယ်ဖို့ မယ်လနင် (Melanin) ဓာတ်တွေကို အလွန်အကျွံ ထုတ်လုပ်လိုက်တဲ့အတွက် မျက်နှာပေါ်မှာ တင်းတိပ်နဲ့ အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။

🫠UVB ရောင်ခြည်ကြောင့် အသားအရေ နေလောင်တတ်ပြီး မျက်နှာအသားအရေ ကွက်တိကွက်ကြား အရောင်မညီတာမျိုး ဖြစ်စေပါတယ်။
မိုးရွာရွာ၊ နေပူပူ၊ အိမ်ထဲမှာပဲနေနေ SPF 30+ ပါတဲ့ Sunscreen ကို နေ့တိုင်း ပုံမှန်လိမ်းပေးတဲ့ အကျင့်လေးကို လုပ်ကြည့်ပါ….။ အပြင်ထွက်တော့မယ်ဆိုရင် SPF 50+ ပါတဲ့ Sunscreen ကို အပြင်မသွားခင် နာရီဝက်ကြိုတင်ပြီး လိမ်းပါ…၊။

🥰အကောင်းဆုံးနဲ့ ငွေကုန်ကြေးကျအသက်သာဆုံး Anti-aging (အိုမင်းရင့်ရော်မှုကာကွယ်ရေး) Treatment ဟာ Sunscreen လိမ်းခြင်းပါပဲ။ လှပပြီး စိုပြေတဲ့ အသားအရေကို ရေရှည်ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ကစပြီး Sunscreen လိမ်းတဲ့ အလေ့အကျင့်ကောင်းလေးကို မွေးမြူလိုက်ရအောင်ရှင်။

Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗚𝗚
“Elegant steps for Glamorous Girls”

ဆံပင်အရမ်းကျွတ်လို့ စိတ်ညစ်နေတဲ့သူတွေရှိလား….?မင်္ဂလာပါရှင် GG မှ ကြိုဆိုပါတယ်…𝗞é𝗿𝗮𝘀𝘁𝗮𝘀𝗲 ရဲ့ Genesis Series ထဲက လူကြိုက်...
09/07/2026

ဆံပင်အရမ်းကျွတ်လို့ စိတ်ညစ်နေတဲ့သူတွေရှိလား….?

မင်္ဂလာပါရှင် GG မှ ကြိုဆိုပါတယ်…

𝗞é𝗿𝗮𝘀𝘁𝗮𝘀𝗲 ရဲ့ Genesis Series ထဲက လူကြိုက်အများဆုံးဖြစ်တဲ့ Anti-Hairfall Shampoo for Oily Scalp နဲ့ Anti-Hairfall Scalp Serum က ဆံပင်အရမ်းကျွတ်တဲ့သူတွေအတွက် တကယ့်ကို ကယ်တင်ရှင်ပါပဲ…

Anti-Hairfall Shampoo for Oily Scalp လေးက ဦးရေပြားအဆီပြန်တာအတွက်အပြင် ဆံပင်ကျွတ်တာက ဆံပင်အမြစ်တွေ မခိုင်တော့လို့ပါ… ဦးရေပြားပေါ်က ပိုလျှံနေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးပြီး ဆံသားမျှင်လေးတွေကို ထူထဲပြီး Volume တက်လာစေလို့ အဆီပြန် ဦးရေပြားပိုင်ရှင်တွေအတွက် အသက်ပဲနော်။

Anti-Hairfall Scalp Serum က ဆံပင်အမြစ် (Hair Follicles) တွေကို အားဖြည့်ပေးလို့ ကျွတ်ထွက်ခါနီး ဆံသားတွေကို ပြန်လည်ခိုင်မာအောင် ထိန်းထားပေးတယ်။ Serum ဆိုပေမယ့် ပေါ့ပါးပြီး စေးကပ်ခြင်း လုံးဝမရှိလို့ ခေါင်းမလျှော်ခင်ဖြစ်ဖြစ်၊ လျှော်ပြီးရင်ဖြစ်ဖြစ် နေ့တိုင်း သုံးပေးလို့ရပါတယ်။

Shampoo နဲ့ Serum တွဲသုံးပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဆံပင်ကျွတ်တာ သိသိသာသာ လျော့နည်းသွားတာကို မြင်တွေ့ရမှာပါနော်…

ကိုယ့်ရဲ့ ဆံသားအခြေအနေလေးကို လာတိုင်ပင်လို့ရတယ်နော်…. သင့်တော်တဲ့ Product လေးလည်း ကူရွေးပေးမယ်ရှင်….. BKK ကနေ ပစ္စည်းအစစ်အမှန်လေးတွေကို စိတ်ချလက်ချ GG မှာ မှာယူနိုင်ပါပြီရှင်…

No copyright infringement intended. All trademarks, brand names, and logos mentioned are the property of their respective owners. We only provide personal shopping and pre-order services.
Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗚𝗚
“Elegant steps for Glamorous Girls”

အရောင်ထွက်မှန်ပြီး Long Lasting ဖြစ်တဲ့ 𝐂𝐡𝐚𝐧𝐞𝐥 ရဲ့ 𝗟𝗘 𝗥𝗢𝗨𝗚𝗘 𝗗𝗨𝗢 𝗨𝗟𝗧𝗥𝗔 𝗧𝗘𝗡𝗨𝗘💄မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊👄 ဖူးစ...
02/07/2026

အရောင်ထွက်မှန်ပြီး Long Lasting ဖြစ်တဲ့ 𝐂𝐡𝐚𝐧𝐞𝐥 ရဲ့ 𝗟𝗘 𝗥𝗢𝗨𝗚𝗘 𝗗𝗨𝗢 𝗨𝗟𝗧𝗥𝗔 𝗧𝗘𝗡𝗨𝗘

💄မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊

👄 ဖူးစိုပြီး ဆွဲဆောင်မှု ပြင်းတဲ့ နှုတ်ခမ်းလေးတစ်စုံအတွက် အရည်အသွေးကောင်းပြီး အရောင်ထွက်မှန်တဲ့ Designer Brand နှုတ်ခမ်းနီလေးကို ညွန်းပေးမယ်ရှင်..

💄𝐂𝐡𝐚𝐧𝐞𝐥 ရဲ့ 𝗟𝗘 𝗥𝗢𝗨𝗚𝗘 𝗗𝗨𝗢 𝗨𝗟𝗧𝗥𝗔 𝗧𝗘𝗡𝗨𝗘 က ဆိုးလိုက်ရင် နှုတ်ခမ်းကို ရေဓါတ်ဖြည့်ပေးပြီးတော့ 8 နာရီကျော် Soft & Hydrated ဖြစ်နေစေပါတယ်…

💄Smudge-proof ဖြစ်လို့ အစားစားတာ၊ ရေသောက် ကော်ဖီ အအေးသောက်တာတွေလုပ်ရင်တောင် 👄နှုတ်ခမ်းပေါ် မူလအတိုင်းလေး လှလှပပလေး Long lasting ဖြစ်နေတာ…
နှုတ်ခမ်းနီတစ်ချောင်းတည်းနဲ့ Color ရော၊ Gloss Coat ရောပါတာဆိုတော့ ပေးရတဲ့စျေးနဲ့လည်း တန်နေရာပဲရှင်…

Color Shades တွေကလည်း Soft & Elegance ဖြစ်ပြီး Feminine ဆန်တဲ့ ကာလာလေးတွေချည်းပဲဖို့ High-end နှုတ်ခမ်းနီကောင်းကောင်းလေး တစ်ချောင်း ဝယ်တော့မယ်ဆို 💄𝗟𝗘 𝗥𝗢𝗨𝗚𝗘 𝗗𝗨𝗢 𝗨𝗟𝗧𝗥𝗔 𝗧𝗘𝗡𝗨𝗘 ကို 100% Recommend လုပ်ပါတယ်ရှင်…
GG မှာ 𝐂𝐡𝐚𝐧𝐞𝐥 𝗣𝗿𝗼𝗱𝘂𝗰𝘁 တွေကို Official Showroom ကနေပဲ ဝယ်ပေးတာမို့ ပစ္စည်းစစ်မှန်ဖို့ တာဝန်ယူပါတယ်ရှင်….

👉Bkk က Quality ကောင်းတဲ့ အသုံးအဆောင်တွေကို စိတ်ဝင်စားတယ်ဆိုရင် Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……😊
နွေးထွေးစွာဖြင့်
𝐓𝐞𝐚𝐦 𝐆𝐆
“Elegant steps for Glamorous Girls”


👄နှုတ်ခမ်းမဲတာတွေ သက်သာစေဖို့ပျိုမေတို့ရေ…. ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နှုတ်ခမ်းမဲတာကို သက်သာစေဖို့ နည်းလမ်းလေးတွေကို ဒီတပါတ်မှ...
28/06/2026

👄နှုတ်ခမ်းမဲတာတွေ သက်သာစေဖို့

ပျိုမေတို့ရေ…. ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နှုတ်ခမ်းမဲတာကို သက်သာစေဖို့ နည်းလမ်းလေးတွေကို ဒီတပါတ်မှာ မျှဝေပေးမယ်ရှင်…

👄အရည်အသွေးမမီတဲ့ နှုတ်ခမ်းနီတွေ သုံးမိတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ရာသီဥတုဒဏ်နဲ့ နှုတ်ခမ်းက ဆဲလ်သေတွေ မဖယ်ရှားမိတာတွေက နှုတ်ခမ်းမဲစေတဲ့ အဓီကအကြောင်းရင်းတွေပါပဲ။ ဒါဆိုရင် မဲနေတဲ့နှုတ်ခမ်းကို သက်သာစေဖို့ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်ရှင်👇

👄နှုတ်ခမ်းဆဲလ်သေ ဖယ်ရှားခြင်း (Lip Scrub )

👄နှုတ်ခမ်းပေါ်က ဆဲလ်သေတွေ စုပုံလာတဲ့အခါ နှုတ်ခမ်းက ညိုမဲပြီး ပတ်ကြားအက်လာတတ်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားဖို့ သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည် (သို့) သံလွင်ဆီ အနည်းငယ်နဲ့ ရောပြီး နှုတ်ခမ်းပေါ်မှာ (၁) မိနစ်လောက် ဖွဖွလေး စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။

🫗ရေဓါတ်ဖြည့်ခြင်း (Hydration)

💦ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ရင် အရင်ဆုံး သိသာတာက နှုတ်ခမ်းပါ။ နှုတ်ခမ်းခြောက်ရင် ပိုပြီး ညိုမဲလွယ်လို့ တစ်နေ့ကို ရေအနည်းဆုံး (၈) ခွက် သောက် ပုံမှန်သောက်ပေးပါ။

👄အစိုဓါတ်ဖြည့်ခြင်း (Lip Balm)

❄️☀️ရာသီဥတုဒဏ်ကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ပြီး မဲလာတတ်ပါတယ်။ အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် နေ့ခင်းဘက်တွေမှာ နေရောင်ခြည်ဒဏ်၊ လေဒဏ်တွေကနေ Lip Balm မျိုးကို မဖြစ်မနေ အသုံးပြုပေးပါ။ ညအိပ်ခါနီးတိုင်း Vaseline (သို့) အစိုဓာတ်အားကောင်းတဲ့ Lip Balm/Lip Mask တွေကို ထူထူလေး လိမ်းပြီး အိပ်ပေးပါ။

💄နှုတ်ခမ်းနီကို စနစ်တကျ ဖျက်ပါ (Double Cleansing) 🧼💦

💄နှုတ်ခမ်းနီထဲမှာ ပါတဲ့ Chemical တွေ ကျန်ခဲ့ရင် နှုတ်ခမ်းကို တဖြည်းဖြည်း မဲလာစေပါတယ်။ ဒါ့ကြောင့် အပြင်ကပြန်လာတာနဲ့ မျက်နှာပဲသစ်တဲ့အခါ နှုတ်ခမ်းနီတွေကိုပါ ပြောင်အောင် သစ်ပေးဖို့ လိုပါတယ်…။ မျက်နှာမသစ်ခင် Eye & Lip Makeup Remover (သို့) Micellar Water သုံးပြီး နှုတ်ခမ်းနီတွေကို သေချာဖျက်ပါ။

👄ပျိုမေတို့လည်း ညိုမဲနေတဲ့ နှုတ်ခမ်းသားကို စိတ်ပျက်မနေဘဲ ဒီနေ့ကစပြီး သေချာလေး Care လုပ်ပေးလိုက်တော့နော်...

👄နှုတ်ခမ်းသားကို ပန်းရောင်သန်းပြီး ဖူးဖူးအိအိလေး ဖြစ်စေမယ့် အရည်အသွေးမြင့် Lip Care ပစ္စည်းကောင်းလေးတွေကိုလည်း GG မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ 🛍️နူးညံ့တဲ့ နှုတ်ခမ်းအလှကို အတူတူ ပိုင်ဆိုင်ကြစို့။
နွေးထွေးစွာဖြင့်
𝐓𝐞𝐚𝐦 𝐆𝐆
“Elegant steps for Glamorous Girls”


👟ဖိနပ်ကြိုးချည်ရတာ မကြိုက်တဲ့သူလေးတွေအတွက် 𝗦𝗹𝗶𝗽-𝗶𝗻𝘀: 𝗚𝗢𝘄𝗮𝗹𝗸 𝗚𝗹𝗶𝗱𝗲-𝘀𝘁𝗲𝗽 - 𝗕𝗲𝗹𝗮𝗵မင်္ဂလာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊👟S...
25/06/2026

👟ဖိနပ်ကြိုးချည်ရတာ မကြိုက်တဲ့သူလေးတွေအတွက် 𝗦𝗹𝗶𝗽-𝗶𝗻𝘀: 𝗚𝗢𝘄𝗮𝗹𝗸 𝗚𝗹𝗶𝗱𝗲-𝘀𝘁𝗲𝗽 - 𝗕𝗲𝗹𝗮𝗵

မင်္ဂလာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊

👟Skechers ရဲ့ အမိုက်စားနည်းပညာတွေ စုစည်းထားတဲ့ Slip-ins® GO WALK Glide-Step™ 2.0 - Belah က ဖိနပ်ကြိုးချည်ရတာ ပျင်းတဲ့သူတွေ၊ ခရီးခဏခဏသွားရတဲ့သူတွေနဲ့ တစ်နေ့လုံး လမ်းအများကြီးလျှောက်ရသူတွေအတွက် အသင့်တော်ဆုံး ဖိနပ်တစ်ရံပါပဲ..။

✅သူ့ရဲ့အားသာချက်တွေကတော့ Hands-Free Slip-ins ဖြစ်တဲ့အတွက် ခြေထောက်လေး ထိုးထည့်လိုက်ရုံနဲ့ အလွယ်တကူ စီးလို့ရတယ်..။

✅ဖိနပ်နောက်ပိတ်က Heel Pillow လေးက ခေါင်းအုံးလေးလို အိစက်နေလို့ ခြေဖနောင့် နာတာမျိုးမရှိစေပဲ သက်တောင့်သက်သာ ဖြစ်စေတယ်။

✅Air-Cooled Memory Foam ကြောင့် အလေးချိန် ပေါ့ပါးပြီး ခြေလှမ်းတိုင်းကို လေဝင်လေထွက် ကောင်းမွန်လို့ သူရဲ့ Glide-Step Midsole ဒီဇိုင်းက လမ်းလျှောက်တဲ့အခါ အားစိုက်စရာမလိုဘဲ ရှေ့ကို အလိုအလျောက် တွန်းပေးသလို ခံစားရစေမှာပါ။

👟တစ်နေ့လုံး လမ်းလျှောက်မလား၊ ပြေးမလား…၊Gym ဆော့မလား၊ Shopping ထွက်မလား ခြေထောက်ညောင်းမှာ လုံးဝပူစရာမလိုတော့ဘူးနော်။
မှာယူချင်တယ်ဆိုရင်တော့ … GG ရဲ့ Chat Box ကနေ အသေးစိတ် မေးလို့ရပါတယ်ရှင်…
👉Bkk က Quality ကောင်းတဲ့ အသုံးအဆောင်တွေကို စိတ်ဝင်စားတယ်ဆိုရင် Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……😊
နွေးထွေးစွာဖြင့်
𝐓𝐞𝐚𝐦 𝐆𝐆
“Elegant steps for Glamorous Girls”


👟အထာကျကျ 𝗡𝗶𝗸𝗲 𝗧𝗲𝗿𝗿𝗮 𝗠𝗮𝗻𝘁𝗮 𝗦𝘂𝗲𝗱𝗲မင်္ဂလာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊👟𝐍𝐢𝐤𝐞 ချစ်သူတို့အတွက် ညွန်းပေးချင်တဲ့ အထာကျကျ လေး...
21/06/2026

👟အထာကျကျ 𝗡𝗶𝗸𝗲 𝗧𝗲𝗿𝗿𝗮 𝗠𝗮𝗻𝘁𝗮 𝗦𝘂𝗲𝗱𝗲

မင်္ဂလာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊

👟𝐍𝐢𝐤𝐞 ချစ်သူတို့အတွက် ညွန်းပေးချင်တဲ့ အထာကျကျ လေး တရံ ရှိတယ်နော်…
👟နွားသားရေ လည်သာကြမ်းအစစ် (Suede) နဲ့ အဓိက ချုပ်လုပ်ထားတဲ့အတွက် နူးညံ့ပြီး ရာသီဥတုဒဏ် ခံနိုင်တယ်.. ဖိနပ်ရဲ့ အရှေ့နဲ့ အလည်မျက်နှာစာတွေမှာ အထည်သား (Woven Textile) နဲ့ ဒီဇိုင်းဖော်ထားတဲ့အတွက် လေဝင်လေထွက် ကောင်းမွန်ပြီး စီးရတာ သက်တောင့်သက်သာ ရှိတယ်….
👟Retro Style ရိုးရိုးရှင်းရှင်းလေးနဲ့ Classy & Casual ဖြစ်တယ်… Outfit မရွေး လိုက်ဖက်ပြီး အထာကျတယ်…
👟အရောင်ကတော့ Dark Hazel 🟤 နဲ့ Royal Blue🔵 (၂) ရောင် ရပါမယ်ရှင်…
👉Waiting Time အမြန်ဆုံးနဲ့ Customer တို့ဆီ ပို့ဆောင်ပေးတာမို့မှာယူချင်တယ်ဆိုရင် … GG ရဲ့ Chat Box ကနေ အသေးစိတ် မေးလို့ရပါတယ်ရှင်…
👉Bkk က Quality ကောင်းတဲ့ အသုံးအဆောင်တွေကို စိတ်ဝင်စားတယ်ဆိုရင် Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……😊
နွေးထွေးစွာဖြင့်
𝐓𝐞𝐚𝐦 𝐆𝐆
“Elegant steps for Glamorous Girls”


🩰လူကြိုက်အများဆုံး 𝐎𝐧𝐢𝐭𝐬𝐮𝐤𝐚 𝐓𝐢𝐠𝐞𝐫 ရဲ့ 𝙈𝙀𝙓𝙄𝘾𝙊 66 𝙏𝙂𝙍𝙎 🩰မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊🩰မိန်းကလေးဆန်ဆန်လေးနဲ့ သက်တေ...
18/06/2026

🩰လူကြိုက်အများဆုံး 𝐎𝐧𝐢𝐭𝐬𝐮𝐤𝐚 𝐓𝐢𝐠𝐞𝐫 ရဲ့ 𝙈𝙀𝙓𝙄𝘾𝙊 66 𝙏𝙂𝙍𝙎 🩰
မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 😊
🩰မိန်းကလေးဆန်ဆန်လေးနဲ့ သက်တောင့်သက်တာ ဖြစ်တာ ကြိုက်တယ်ဆို ဒါလေး ယူပါရှင်…
🩰 𝐎𝐧𝐢𝐭𝐬𝐮𝐤𝐚 𝐓𝐢𝐠𝐞𝐫 ထဲကနေမှ Best Seller ဖြစ်နေတဲ့ 𝙈𝙀𝙓𝙄𝘾𝙊 66 𝙏𝙂𝙍𝙎 က ကြိုးချည်စရာမလိုတဲ့ Ballet shoe လေးမို့ စီးရတာ ချွတ်ရတာ အရမ်းလွယ်ကူပါတယ်…👌
🩰စီးထားမှန်း မသိသာအောင်ကို ပေါ့ပါးပြီး Girly Vibe အပြည့်နဲ့မို့ Outfit မရွေးလိုက်ဖက်နေမှာ အမှန်ပဲရှင်…
🩰Material ကလည်း Leather နဲ့ ကော Lace နဲ့ကော ကြိုက်တာ ရွေးလို့ရတယ်….
ကာလာလေးတွေက ချစ်စရာကောင်းလွန်းလို့ ရွေးရခက်နေရင် Admin နဲ့ လာတိုင်ပင်လို့ရတယ်နော်… ☺️
👉မှာယူချင်တယ်ဆိုရင် … Chat Box ကနေ အသေးစိတ် မေးလို့ရပါတယ်ရှင်… Customer တွေဆီ အမြန်ဆုံး ပစ္စည်းရောက်အောင် Air Cargo နဲ့ ပို့ပေးတာမို့ Waiting Time လည်း ကြာကြာစောင့်စရာ မလိုပါဘူးရှင်….
Bkk က Quality ကောင်းတဲ့ အသုံးအဆောင်တွေကို စိတ်ဝင်စားတယ်ဆိုရင် Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……
နွေးထွေးစွာဖြင့်
Team GG
“Elegant steps for Glamorous Girls”


👟 Sneaker တွေကို ရေနဲ့ လျှော်သင့်သလား…? ဒီတပါတ် GG ရဲ့ Knowledge Sharing Corner ကနေ သိထားရင် အသုံးဝင်မယ့် Sneaker Tip တစ...
15/06/2026

👟 Sneaker တွေကို ရေနဲ့ လျှော်သင့်သလား…?
ဒီတပါတ် GG ရဲ့ Knowledge Sharing Corner ကနေ သိထားရင် အသုံးဝင်မယ့် Sneaker Tip တစ်ခုကို မျှဝေပေးလိုက်ပါတယ်ရှင်..

💧အများစုက သတိမထားမိပဲ လုပ်လေ့ရှိတာကတော့ Sneaker တွေကို ရေနဲ့ လျှော်လိုက်မိတာပါ…
👟Sneaker အကောင်းတွေကို ရေလျှော်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတော့….
👟ဖိနပ်တွေကို ရေအကြိမ်ကြိမ်လျှော်မယ်ဆိုရင် ဖိနပ်မှာသုံးထားတဲ့ ကော်တွေ ပျော့လာပြီး ကော်မခိုင်တော့ပဲ ကော်တွေ ကွာလာနိုင်ပါတယ်.. ကော်ကွာသွားရင် ဖိနပ်အောက်ခံတွေ ပြုတ်ထွက်လာတတ်တာ.. ဖိနပ်ထိပ်တွေ လန်လာတာတွေ ဖြစ်လာနိုင်ပါတယ်.. 👟ရေစိုသွားတာကြောင့် ဖိနပ်ရဲ့ နဂိုမူလပုံပန်းသဏ္ဍန် ပျက်သွားပြီး ဖိနပ်ကျယ်သွားတာ.. တောင့်တင်းခိုင်မာမှုမရှိတော့တာ… စီးလို့မကောင်းတော့တာ ဖြစ်တတ်ပါတယ်….
👟ဖိနပ်အတွင်းပိုင်းနဲ့ ဖိနပ်အောက်ခံ Cushion တွေအထိ ရေစိမ့်ဝင်သွားရင် ရေလုံးခြောက်သွားဖို့က အချိန်အတော်ကြာ နေလှန်းရပါတယ်…. နေရောင်ကောင်းကောင်း မပြနိုင်ရင် ဖိနပ်အတွင်းထဲမှာ မှိုစွဲတာ နိုင်ပြီး ဖိနပ်အနံ့ဆိုးကနေတဆင့် ခြေထောက် အနံ့ဆိုးတွေပါ ဖြစ်လာနိုင်ပါတယ်…

ဒါဆိုရင် Sneaker တွေကို ရေလျှော်မယ့်အစား ဒီအတိုင်းလေး လုပ်ကြည့်ပါနော်….
✅အရင်ဆုံး ဖိနပ်မှာ ကပ်နေတဲ့ ဖုန်၊ အမှုန်တွေကို ဖိနပ်တိုက်တဲ့ Brush လေးနဲ့ ပြောင်အောင် တိုက်လိုက်ပါ…။
✅Sneaker တွေဖို့ သီးသန့်ထုတ်ထားတဲ့ Cleaning Foam တွေက ရေမလိုပဲ သုံးလို့ရပါတယ်… Cleaning Foam ကို လျှော်ချင်တဲ့နေရာ (သို့) ဖိနပ်တစ်ခုလုံးကို သုံးပြီး Brush နဲ့ တိုက်လျှော်ပေးပါ..
✅နောက်ဆုံးအနေနဲ့ကတော့ အဝတ်ခြောက်တစ်ခုနဲ့ သုတ်ပြီး ဖိနပ်ကို လေနဲ့ အခြောက်ခံလိုက်ရင် ရပါပြီ… Sneaker အတွင်းပိုင်းက အနံ့အသက်တွေအတွက် Shoe Spray လေး ဖြန်းပေးမယ်ဆို ပုံမှန်အတိုင်း သစ်လွင်နေတဲ့ Sneaker လေးကို သက်တမ်းကြာကြာနဲ့ နည်းမှန်လမ်းမှန် ထိန်းသိမ်းနိုင်ပါပြီရှင်… 👌

အခုလို ဗဟုသုတ ရစရာ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင် Glamorous Gal page လေးကို 👍 Like and Follow လုပ်ထားခဲ့ဖို့ မမေ့နဲ့နော် ☺️

နွေးထွေးစွာဖြင့်
Team GG
“Elegant steps for Glamorous Girls”


🌺𝗣𝗲𝗿𝗳𝘂𝗺𝗲 𝗟𝗼𝘃𝗲𝗿 တို့အတွက် 𝐄𝐯𝐞𝐀𝐧𝐝𝐁𝐨𝐲 🌺---------------------------------------------🙏မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်.. 🔔...
12/06/2026

🌺𝗣𝗲𝗿𝗳𝘂𝗺𝗲 𝗟𝗼𝘃𝗲𝗿 တို့အတွက် 𝐄𝐯𝐞𝐀𝐧𝐝𝐁𝐨𝐲 🌺
---------------------------------------------
🙏မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်..

🔔ရေမွှေးချစ်သူတို့အကြိုက် ကမ္ဘာကျော်ရေမွှေးအစစ်တွေကို စျေးအတန်ဆုံး ဝယ်ယူလို့ရတဲ့ 𝐄𝐯𝐞𝐀𝐧𝐝𝐁𝐨𝐲 ကနေ ရေမွှေးတွေကို GG မှာ လာမှာလို့ရပါတယ်ရှင်…

✅Giorgio Armani, ✅YSL, ✅Gucci, ✅Prada, Versace, ✅Lancome, ✅Montblanc, ✅Narcisio Rodriguez, ✅Moschino, ✅Marc Jacobs, ✅Jean Paul Gaultier, ✅Carolina Herrera, ✅Dolce & Gabbana, ✅Jimmy Choo, ✅Valentino, ✅Tiffany & Co, ✅Coach , ✅Ralph Lauren, ✅Issey Miyake, ✅Calvin Klein, ✅Davidoff, ✅Juicy Couture, ✅Jeanne Arthes, ✅Diesel, ✅MCM, ✅Rabanne, ✅Chloe, ✅DKNY, ✅Anni Sui စတဲ့ လူကြိုက်အများဆုံး Brand တွေအပြင် ကမ္ဘာကျော် Celebrity တွေ ထုတ်ထားတဲ့ Billie Eilish, Kate Perry, Paris Hilton, Kylie ရေမွှေးတွေကိုလည်း 𝐄𝐯𝐞𝐀𝐧𝐝𝐁𝐨𝐲 မှာ စုံစုံလင်လင် ရနိုင်ပါတယ်…

👉ရေမွှေးတွေအပြင် အမျိုးသား၊ အမျိုးသမီးသုံး skin care, hair care, personal care & beauty accessories တွေကိုပါ လစဥ် Promotion တွေနဲ့ ဝယ်လို့ရနေတာမို့ 𝐄𝐯𝐞𝐀𝐧𝐝𝐁𝐨𝐲 ကနေ ပစ္စည်းမှာမယ်ဆိုရင် GG ကိုသာ လာခဲ့လိုက်ပါရှင်….
ကြိုက်တာလေးတွေ ဝင်ရွေးလို့ရအောင် Website Link လေး အောက်မှာ ချထားပေးတယ်နော်..

🎯https://www.eveandboy.com/p/fragrance?query=604aeb60e148a6c0bf67a32e
နွေးထွေးစွာဖြင့်

Team GG
“Elegant steps for Glamorous Girls”


💯စျေးအတန်ဆုံး MID YEAR 6.6 SPECIAL  SALES လာပါပြီ🛎️-----------------------------------------------------------🙏မဂ်လာပါရှ...
06/06/2026

💯စျေးအတန်ဆုံး MID YEAR 6.6 SPECIAL SALES လာပါပြီ🛎️
-----------------------------------------------------------
🙏မဂ်လာပါရှင် GG မှ ကြိုဆိုပါတယ်ရှင်🙏
👉အတန်ဆုံးစျေးတွေနဲ့ ရောင်းချတဲ့ နှစ်ဝက်လျော့စျေးအချိန် ရောက်ရှိလာပါပြီ…..
😁6.6 Sales က ထိုင်းနိုင်ငံရဲ့ ရာခိုင်နှုန်း အများဆုံး လျော့လေ့ရှိတဲ့ကာလ ဖြစ်ပြီး Brand တွေအားလုံးကလည်း Offer တွေ အပြိုင်အဆိုင် ပေးကြလို့ ကိုယ်ကြိုက်တာလေး ရှိရင် ဝယ်သင့်တဲ့အချိန်ပါပဲရှင်….
👉GG မှာ ထိုင်းနိုင်ငံရဲ့ Official Store တွေက ရောင်းချတဲ့ အမျိုးသား/ အမျိုးသမီးသုံး အလှကုန်များ၊ အဝတ်အစား၊ ဖိနပ်၊ ပိုက်ဆံအိတ်၊ မျက်မှန်၊ နာရီ၊ ရေမွှေး… စတဲ့ ပစ္စည်းကောင်းတွေကို မူလ Brand တွေက ပေးတဲ့ ရာခိုင်နှုန်း လျော့စျေးနဲ့ လက်ဆောင် Offer တွေအတိုင်း ရအောင် ဝယ်ပေးပါတယ်ရှင်….
✅Customer တွေဆီ အမြန်ဆုံး ပစ္စည်းရောက်အောင် Air Cargo နဲ့ ပို့ပေးတာမို့ Waiting Time လည်း ကြာကြာစောင့်စရာ မလိုပါဘူးရှင်….
🔔Admin က နောက်တင်မယ့် Post တွေမှာ အတန်ဆုံး Item လေးတွေကို ရွေးချယ်ပေးမှာမို့ Glamorous Gal ရဲ့ page ကို Like & Follow လုပ်ခဲ့ပေးဦးနော်……
နွေးထွေးစွာဖြင့်
Team GG
“Elegant steps for Glamorous Girls”


ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Glamorous Gal - GGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์