Lovely Mom & Baby Fashion

Lovely Mom & Baby Fashion မေမေနဲ့ ဘေဘီလေးတို့အတွက် Fashion, ဘေဘီ accessories & ကလေးစာအုပ်လေးတွေကို instock ရောင်းချပေးပါတယ်နော်
အိမ်အရောက်ငွေချေ မြို့အနှံ့အပြားသို့ ပို့ပေးပါတယ်ရှင့်

အပူဒဏ်ခံရချိန်မှာ ဘာတွေစားသောက်ကြမလဲ🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞ဧပြီလ လဆန်းကစပြီး တစ်ရက်ထက် တစ်ရက် သိသိသာသာ ပိုပြီးပူလာတဲ့ ရာသီဥတုကြော...
07/04/2026

အပူဒဏ်ခံရချိန်မှာ ဘာတွေစားသောက်ကြမလဲ
🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞

ဧပြီလ လဆန်းကစပြီး တစ်ရက်ထက် တစ်ရက် သိသိသာသာ ပိုပြီးပူလာတဲ့ ရာသီဥတုကြောင့် Crystal တို့အားလုံး နေ့ဘက်တွေသာမက ညပိုင်းတွေမှာပါ နေရတာ အတော်လေး အဆင်မပြေကြတော့ပါဘူး။ အပူချိန်မြင့်လာတာနဲ့အမျှ အစားအသောက်စားရတာလည်း စားချင်စိတ်မရှိတော့ဘဲ ဘာစားစား အရသာ မရှိ၊ ရေတွေပဲသောက်ပြီး ဗိုက်ပြည့်နေတာမျိုးတွေ ကြုံနေကြမှာပါပဲ။

ဒါကြောင့်မို့ ဒီ post လေးမှာ ရာသီဥတုနဲ့ ကိုက်ညီပြီး၊ ရေဓာတ်ဖြည့်ပေးတဲ့၊ အားလည်းရှိစေမယ့် အစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

⛔️ ဟင်းတွေကို ဆီပြန်၊ ဆီကြော်စသည်ဖြင့် စားခြင်းက အစာချေဖျက်ရတဲ့ အချိန်ပိုကြာစေလို့ ဗိုက်ကို အချိန်ကြာကြာပြည့်အင့်စေပါတယ်။ ရာသီဥတု ပူတာကြောင့် အဲ့လိုဟင်းတွေကို မြင်လိုက်ရင်လည်း မစားချင်ကြတော့တာ များပါတယ်။

⛔️ အပူအစပ်ကတော့ ပူပူလောင်လောင် ဒီရာသီမှာ ပြောစရာတောင် မလိုပါဘူးနော်၊ ပူလွန်းလို့ စားကို မစားသင့်တာပါ။

⛔️ သွေးတိုးရောဂါ ရှိသူတွေကတော့ စားလိုက်တဲ့ အစားအသောက်တွေမှာ အငန်ဓာတ် မလွန်ကဲစေဖို့၊ အဆီဓာတ်မများစေဖို့ ပူတဲ့ရာသီဥတုမှာ ပိုသတိပြုရပါမယ်။

🥙 အသား၊ ငါးတွေကို အသီးအရွက်လေးတွေနဲ့ ရောပြီး ကြော်ချက်ပုံစံချက်ခြင်း၊ ချဉ်ရည်ဟင်းလိုချက်စားခြင်းက အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေပါတယ်။
ဥပမာ - ငါးနဲ့ ကန်စွန်းရိုးနီချဉ်ရည်ဟင်း၊ ကြက်သားအသီးအရွက်စုံကြော်၊ ပုစွန်သီးစုံချဉ်ရည်ဟင်း စသဖြင့်ပေါ့နော်။

🥗 အသား၊ ငါးနဲ့ အသီးအရွက်လေးတွေကို သုပ်စားခြင်းကလည်း စားရတာ ခံတွင်းလိုက်စေလို့ ခုလိုချိန်မှာ အံကိုက်ပဲပေါ့။ ဥပမာ - ငါးဖယ်နဲ့ မြင်းခွါရွက်သုပ်၊ ကြက်သားဟင်းနုနွယ်သုပ် စတာမျိုးပေါ့။
အသား၊ ငါး သီးသန့်ချည်း စားတာထက် Crystal ကတော့ ဟင်းသီးဟင်းရွက်နဲ့ ရောပြီးစားရတာကို ပိုသဘောကျပါတယ်။

ဘာလို့လဲဆိုတော့....

[၁] အသီးအရွက်ပါလို့ ရေဓာတ်ပိုရပါတယ်၊
[၂] အာဟာရဓာတ် စုံလင်စေပါတယ်၊
[၃] တစ်မျိုးတည်းကနေ အာဟာရဓာတ် စုံလင်စေပြီး အရသာလည်းရှိလို့ အချိန်ကုန်၊ ငွေကုန်၊ လောင်စာကုန် သက်သာစေပါတယ်။ (ခုလိုချိန်မှာ ပိုပြီး အဆင်ပြေစေတာပေါ့ 😅😅)

🍉 သင်္ဘောသီး၊ ဖရဲသီး၊ သခွါးမွှေးသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီးစတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေကို စားတာ၊ ဖျော်သောက်တာတွေလည်း လုပ်ခြင်းဖြင့်လည်း ရေဓာတ်ပြည့်ဝစေပါတယ်။

💧ရေသောက်ဖို့လည်း မမေ့ပါနဲ့နော်။

💧ရေကို တစ်နေ့မှာ အနည်းဆုံး ၂.၅ လီတာခန့် သောက်သင့်ပါတယ်။ မိမိလုပ်ရတဲ့ အလုပ်၊ ချွေးထွက်တဲ့ ပမာဏပေါ် မူတည်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ချွေးထွက်များတဲ့နေ့၊ အပူချိန် ပြင်းလွန်းတဲ့နေ့တွေမှာ ဓာတ်ဆားရည်၊ အုန်းရည်၊ သစ်သီးဖျော်ရည်လိုမျိုးတွေလည်း သောက်သင့်ပါတယ်။

⛔️ တစ်ခါတစ်ရံမဟုတ်ဘဲ ချွေးထွက်တိုင်း၊ ရေဆာတိုင်းမှာ carbonated drinks တွေဖြစ်တဲ့ ကိုကာကိုလာ၊ စပါကလင်၊ ကရင်ဆိုဒါ စတဲ့ အချိုရည်တွေ၊ နောက်ပြီး အားဖြည့်အချိုရည်လို့ အများသိကြတဲ့ energy drinks တွေကို မသောက်သင့်ပါဘူး။

💧ချွေးထွက်တိုင်းမှာ ကိုယ်ခန္ဓာကဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်ပေးနိုင်တဲ့ အရည်မျိုးကိုသာ သောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရေနဲ့ ဓာတ်ဆားတွေ မဆုံးရှုံးဘဲ ကြွက်တက်ခြင်း၊ သွေးပေါင်ကျခြင်းစတာတွေကို မခံစားရမှာ ဖြစ်ပါတယ်။

🍺 အရက်၊ ဘီယာ၊ ဝိုင်စတဲ့ alcohol တွေ သောက်တာကိုလည်း ရာသီဥတု ပူတဲ့အချိန်မှာ ဆင်ခြင်သတိပြုသင့်လှပါတယ်။

သိချင်တာ၊ မေးချင်တာလေးတွေကို comment or cb မှာ မေးနိုင်ပါတယ်နော်။ 🫶🏻🫶🏻🫶🏻

အားလုံးပဲ အပူချိန်မြင့်မားတဲ့ ကာလတွေမှာ ဆီလျော်ကိုက်ညီမှုရှိတဲ့ အစားအစာတွေ ရွေးချယ်စားသုံးခြင်းဖြင့် ရောဂါဘယ ကင်းဝေးပြီး၊ ကျန်းမာကြပါစေရှင်။ 🙏🏻🌿

#မှန်ကန်သောဥာဏ်ပညာနဲ့ချစ်ခြင်းတရားနဲ့သာအောင်မြင်နိုင်ပါတယ်

(Nutritionist)
MBBS, MSc (Community Nutrition)


မေမေတို့အကြိုက် ရှေ့ကွဲ နို့တိုက်ပေါက်ပါ ခါးအလျော့အတင်းပါ maternity pajamas 3မျိုးပါ set လေးပါရှင့် ချည်သားအိအိအေးအေး Qu...
05/04/2026

မေမေတို့အကြိုက် ရှေ့ကွဲ နို့တိုက်ပေါက်ပါ ခါးအလျော့အတင်းပါ maternity pajamas 3မျိုးပါ set လေးပါရှင့်
ချည်သားအိအိအေးအေး Quality အမြင့်မို့ ရာသီမရွေး ဝတ်လို့ကောင်းသောပါနော်
ဘောင်းဘီက အတိုရော အရှည်ရောပါတာမို့ အလိုရှိသလိုသာ ဝတ်ပေတော့ပဲ စျေးကလည်း one set စျေးပဲရှိတာမို့ ဘောင်းဘီအတိုက လက်ဆောင်ရလိုက်သလိုပဲရှင့် 😘

Price - 62500
size - M, L, Xl, 2Xl, 3Xl
4 color
ုံတော့ပါဘူးရှင့်
#ရနိုင်တဲ့sizeလေးတွေတစ်ပုံချင်ရဆီအောက်မှာရေးပေးထားပါတယ်ရှင့်

#မြို့ပေါင်း180ဝန်းကျင်အိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်
#အိမ်အရောက်မရတဲ့မြို့တွေကိုလည်းကားဂိတ်ကနေပို့ပေးပါတယ်ရှင့်

နို့တိုက်ပေါက်ပါ လက်ရှည် ဘီရှည် maternity pajama လေးတွေ design သစ်လေးရောက်ပါတယ်နော်  Quality ကို အဓိကထားသော မင်မင်မို့ စ...
05/04/2026

နို့တိုက်ပေါက်ပါ လက်ရှည် ဘီရှည် maternity pajama လေးတွေ design သစ်လေးရောက်ပါတယ်နော်

Quality ကို အဓိကထားသော မင်မင်မို့ စိတ်ချပီး ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

Price - 45500
size - 2Xl size only avalibale

မြို့ပေါင်း 180 ကျော်သိူ့ အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင့်
အိမ်အရောက်မရတဲ့ မြိူ့တွေကိုလည်း ကားဂိတ်ကနေ ပိူ့ပေးပါတယ်ရှင့်

အိမ်နေရင်း ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ နိူ့တိုက်ပေါက်ပါ ကိုယ်ဝန်ဆောင်ဝတ် လက်တို ဘီတို pajama set လေးတွေ ရောက်ပါပီရှင့်    ...
05/04/2026

အိမ်နေရင်း ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ နိူ့တိုက်ပေါက်ပါ ကိုယ်ဝန်ဆောင်ဝတ် လက်တို ဘီတို pajama set လေးတွေ ရောက်ပါပီရှင့်
ဘောင်းဘီအရှည်လေးက 17-18 ဝန်းကျင်ပါနော်

Price - 40500
size - M only left

မြို့ပေါင်း 180 ကျော်သို့ အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင့်
အိမ်အရောက်မရတဲ့ မြို့တွေကိုလည်း ကားဂိတ်ကနေပို့ပေးပါတယ်ရှင့်

ကိုယ်ဝန်ရှိချိန်မှစလို့ မွေးဖွားတဲ့အချိန်ရော နို့တိုက်ချိန်တွေမှာပါ မရှိမဖြစ်လိုအပ်တဲ့  #နို့တိုက်ပေါက်ပါလက်ရှည်ဘီရှည် m...
05/04/2026

ကိုယ်ဝန်ရှိချိန်မှစလို့ မွေးဖွားတဲ့အချိန်ရော နို့တိုက်ချိန်တွေမှာပါ မရှိမဖြစ်လိုအပ်တဲ့ #နို့တိုက်ပေါက်ပါလက်ရှည်ဘီရှည် maternity pajamas တွေပါရှင့်
ဘောင်းဘီတွေမှာလည်း ကြိုးအလျော့အတင်းလေးပါပီးသားမို့ မမဗိုက်ဗိုက်တို့အတွက် ၀တ်လို့ အဆင်ပြေစေမှာပါရှင့်😉
#အဖြုပဲရပါတော့တယ်ရှင့်

Price - Xl = 64000

Quality, design & price စိတ်ချယုံကြည်စွာဖြင့် အားပေးနိုင်ပါတယ်ရှင့်
Quality လေးကိုလည်း မေမေတွေအကြိုက် အမြင့်လိုင်းထဲကပဲ အမြဲသွင်းပေးပါတယ်ရှင့်

#မြို့ပေါင်း၁၈၀ကျော်သို့အိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်

#အိမ်အရောက်မရတဲ့မြို့တွေကိုလည်းကားဂိတ်ကနေပို့ပေးပါတယ်ရှင့်

နို့တိုက်ပေါက်ပါ maternity pajamas လက်တို ဘီရှည် Micky Mouse လေး      ခါးမှာ အလျော့အတင်းလေးလည်းပါပါတယ်ရှင့်  high qualit...
05/04/2026

နို့တိုက်ပေါက်ပါ maternity pajamas လက်တို ဘီရှည် Micky Mouse လေး
ခါးမှာ အလျော့အတင်းလေးလည်းပါပါတယ်ရှင့်
high quality မို့ မင်မင့် customer လေးတိူ့အကြိုက်တွေ့မှာပါနော်

Price - 65000
size - 2Xl only left

မြို့ပေါင်း 180 ဝန်းကျင် အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင့်
အိမ်အရောက်မရတဲ့ မြို့တွေသို့လည်း ကားဂိတိမှတစ်ဆင့် ပို့ပေးပါတယ်ရှင့်

🙋 နို့တိုက်ပေါက်ပါ ချည်သားစစ်စစ် အိစက်ချောမွေ့နေတဲ့ချည်သား high quality လေးပါရှင်    မြင်ရုံနဲ့ Luxury ဆန်တာမျိုးလေး Pri...
05/04/2026

🙋 နို့တိုက်ပေါက်ပါ ချည်သားစစ်စစ် အိစက်ချောမွေ့နေတဲ့ချည်သား high quality လေးပါရှင်
မြင်ရုံနဲ့ Luxury ဆန်တာမျိုးလေး

Price - 60000
size - L, Xl, 2Xl
L ( ရင် 32 to 40 )
Xl ( ရင် 36 to 46 )
2Xl ( 38 to 50 )
cutting ဖွံ့ပါတယ်ရှင့်
#ရနိုင်တဲ့sizeလေးတွေတစ်ပုံချင်းဆီအောက်မှာရေးထားပါတယ်ရှင့်
#ငါးဆင်ပဲကျန်ပါတယ်ရှင့်မေမေတို့

#မြို့ပေါင်း180ဝန်းကျင်အိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်
#အိမ်အရောက်မရတဲ့မြို့တွေကိုလည်းကားဂိတ်ကနေပို့ပေးပါတယ်ရှင့်

" ရင်သွေးလေးကို နတ်သားလေး၊ နတ်သမီးလေးလို ပြင်ပေးချင်တဲ့ မေမေ၊ ဖေဖေတို့အတွက် အသည်းယားစရာ Item လေးတွေပါရှင့်! " 😍" အခုမှ မ...
03/04/2026

" ရင်သွေးလေးကို နတ်သားလေး၊ နတ်သမီးလေးလို ပြင်ပေးချင်တဲ့ မေမေ၊ ဖေဖေတို့အတွက် အသည်းယားစရာ Item လေးတွေပါရှင့်! " 😍
" အခုမှ မဝယ်မိရင် နောင်တရသွားစေမယ့် အရည်အသွေးနဲ့ အလှပဆုံး ဒီဇိုင်းလေးတွေကို ဒီ Album ထဲမှာ စုပေးထားပါတယ်နော်... " ✨
🌟 ဘာတွေ ပါမလဲဆိုတော့...
• ☁️ အသားအေးအေးလေးနဲ့ အဝတ်အစား Set လေးတွေ: ဘေဘီလေးတွေရဲ့ နုနယ်တဲ့အသားအရေအတွက် အထူးထုတ်လုပ်ထားတဲ့ Cotton စစ်စစ်လေးတွေ။
• 🐰 အသည်းယားစရာ Animal Swaddles: ဝက်ဝံလေးလား၊ ယုန်လေးလား... မိမိရင်သွေးလေးကို ချစ်စရာတိရစ္ဆာန်လေးတွေအဖြစ် ပြောင်းလဲပေးမယ့် နွေးထွေးတဲ့ ထွေးပွေ့ဂွမ်းစောင်လေးတွေ။
• 🥣 Safe & Fun Dinnerware: အစားဂျေးများတဲ့ ဘေဘီလေးတွေတောင် အစားစားချင်စိတ်ပေါက်သွားစေမယ့် အရောင်စုံ Silicone ပန်းကန် Set လေးတွေ။
• 🩺 Grooming & Safety: သားသားမီးမီးတို့ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ Grooming Kit နဲ့ ခေါင်းအုံးလေးတွေ။
🛍️ ဈေးနှုန်းနဲ့ မှာယူပုံ
💰 ဈေးနှုန်း: ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ စိတ်ကျေနပ်စရာ ဈေးနှုန်းလေးတွေ ရေးပေးထားပါတယ်ရှင့်။

📩 မှာယူရန်: အသည်းလေးပေးခဲ့ပြီး Chat Box မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။

🚚 ပို့ဆောင်ရေး: ောက်တဲ့မြို့မှန်သမျအိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်
#အိမ်အရောက်မရတံ့မြို့တွေကိုလည်းကားဂိတ်ကနေပို့ပေးပါတယ်ရှင့်


Lovely Mom & Baby Fashion Store
" သင့်ရင်သွေးလေးအတွက် အကောင်းဆုံးနဲ့ အလှဆုံး "

New Born Baby လေးကနေ 9လသားထိ လှလှလေးဆင်လို့ရတဲ့ romper + pant + shoe 3 pcs set လေးပါ့ရှင့်ပုံထည်းကလို ချိတ်လေးပါ့ပီးသားမ...
03/04/2026

New Born Baby လေးကနေ 9လသားထိ လှလှလေးဆင်လို့ရတဲ့ romper + pant + shoe 3 pcs set လေးပါ့ရှင့်

ပုံထည်းကလို ချိတ်လေးပါ့ပီးသားမို့ တစ်ခါတည်း မေမေတို့အနေနဲ့ ဘီဒိုထည်းမှာ လွယ်လွယ်ကူကူ သိမ်းလို့ရပါတယ်နော်

ချည်သားလေးမို့ baby လေးတွေအတွက် အရမ်းဝတ်လို့အဆင်ပြေပါ့တယ်ရှင့်

size လေးကတော့ 3 size လာပါ့တယ်ရှင့်
size -
0 - 3 month
3 - 6 month
6 - 9 month

2 color
price - 40500 ( romper + pant + shoe )

All in stock ပါရှင့်

ကျန်ငွေက မြို့ပေါင်း 180 ကျော်သို့အိမ်အရောက်ငွေချေပို့ပေးပါတယ်နော်

အိမ်အရောက်မရတဲ့မြို့တွေကိုလည်းကားဂိတ်ကနေပို့ပေးပါတယ်ရှင့်

ချစ်စရာ အသည်းယားစရာလေးတွေ လသားနုနု ဘေဘီလေးတွေကို photo shoot ချင်တဲ့ ဖေဖေ မေမေတို့ရေ ချစ်စရာ baby wrapped blanket လေးတွေ...
03/04/2026

ချစ်စရာ အသည်းယားစရာလေးတွေ
လသားနုနု ဘေဘီလေးတွေကို photo shoot ချင်တဲ့ ဖေဖေ မေမေတို့ရေ ချစ်စရာ baby wrapped blanket လေးတွေ ရောက်ပါတယ်ရှင့်

အနွေးသားနုနုလေးမို့ ဘေဘီလေးတွေကို နွေးနွေးထွေးထွေးအိပ်စေပီး photo ကောင်းကောင်းရိုက်လို့ရ ပါတယ်ရှင့်

အိမ်မှာနေရင်းလည်း ထွေးပေးထားလို့ရတဲ့ warm blanket လေးတွေပါရှင့်

Price - 23000
3 designs available
size - 85cm * 85cm

stock နည်းနည်းပဲပါလို့ လက်သွက်နော်

မြို့ပေါင်း 180 ကျော် အိမ်အရောက်ငွေချေ လက်ခံပါတယ်ရှင့်
အိမ်အရောက်မရတဲ့ မြို့တွေကိုလည်း ကားဂိတ်ကနေပို့ပေးပါတယ်ရှင့်

👶🎀 Baby မမလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Non-Slip Socks Shoes လေးတွေပါရှင့် 💕Baby လေးဝတ်လိုက်တာနဲ့ Cute ဖြစ်ပြီး သွာ...
03/04/2026

👶🎀 Baby မမလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Non-Slip Socks Shoes လေးတွေပါရှင့် 💕
Baby လေးဝတ်လိုက်တာနဲ့ Cute ဖြစ်ပြီး သွားလာတဲ့အချိန်လည်း စိတ်ချရမယ့် Socks Shoes လေးတွေ ပါနော်👣✨ Baby မမလေးတွေဝတ်လိုက်ရင်
ချစ်ဖို့ကောင်းပြီး လမ်းလျှောက်လည်း စိတ်ချရတဲ့ Shoes လေးတွေပါ မေမေတို့ရေ🥰

🌸 Soft & Stretch Fabric – Baby လေးအသားအရေနဲ့လိုက်ဖက်ပြီး နူးညံ့ပါတယ်ရှင့်
🌸 Non-Slip sock – ခြေချော်မထွက်အောင်လုပ်ပေးထားလို့ စတင်လမ်းလျှောက်တဲ့ Baby လေးတွေအတွက်လည်း အဆင်ပြေသောလေးပါ
🌸 Flower / Ribbon Design – Baby Photo ရိုက်ရင် အရမ်းလှပြီး Cute look ပေးတဲ့ Design လေးတွေနော်📸
🌈 Color လေးတွေကလည်း ချစ်ဖို့ကောင်း
🏷️ Price - 12500 ( တစ်ရံ စျေးပါ )
size - S, M
S - ( 0 to 1 year )
M - ( 1 to 3 year )

🎁 Baby Shower / Birthday Gift ပေးဖို့လည်း Perfect ပဲ

⚡ မေမေတို့ရေ Stock များများမရှိလို့ ကြိုက်တဲ့ Color / Design လေးရှိရင် အမြန် Order တင်ထားပါနော်

မြို့ပေါင်း 180 ဝန်းကျင် အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင့် ့

အိမ်အရောက်မရတဲ့ မြို့တွေကိုလည်း ကားဂိတ်ကနေ ပို့ပေးပါတယ်ရှင့်



👶🎀 Baby Girl လေးတွေတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Set လေးတွေ ရောက်ပါပြီ 💕 မေမေတို့ Baby မမလေးဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်...
03/04/2026

👶🎀 Baby Girl လေးတွေတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Set လေးတွေ ရောက်ပါပြီ 💕
မေမေတို့ Baby မမလေးဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းနေမှာပါနော် 🥰
Baby မမလေးတွေကို ပိုပြီး Cute ဖြစ်စေမယ့် Headband + Shoes Set လေေးတွေပါရှင့်👣🎀

✨ Set တစ်စုံမှာ
🎀 Headband (ခေါင်းစည်း)
👟 Baby Shoes ပါဝင်ပါတယ်နော်

💖 Soft Fabric – Baby လေးအသားအရေနဲ့ သင့်တော်ပါတယ်ရှင့်
💖 Design လေးတွေက Cute Style
💖 Photo ရိုက်ရင် အရမ်းလှတဲ့ Set လေးနော်
🌈 Color လေးတွေကလည်း 6 color ရှိလို့ စိတ်ကြိုက်ရွေးနော် မေမေတို့
📌 Newborn – 1 Year Baby လေးတွေထိ ဝတ်လို့ရပါတယ်
🎁 Baby Shower Gift / Birthday Gift ပေးဖို့လည်း အရမ်းအဆင်ပြေသောပါရှင့်
⚡ Instock ရှိတုန်း Order တင်ထားပါနော်
📩 ဝယ်ယူလိုပါက Chat Box မှာ Hi လို့သာ ပို့လိုက်ပါ

မြို့ပေါင်း 180 ဝန်းကျင် အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင့်

အိမ်အရောက်မရတဲ့ မြို့တွေကိုလည်း ကားဂိတ်ကနေ ပို့ပေးပါတယ်ရှင့်

.

ที่อยู่

Chomdoi Condo 2, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand 0616566537
Chiang Mai
50000

เวลาทำการ

จันทร์ 08:00 - 22:00
อังคาร 08:00 - 22:00
พุธ 08:00 - 22:00
พฤหัสบดี 08:00 - 22:00
ศุกร์ 08:00 - 22:00
เสาร์ 08:00 - 22:00
อาทิตย์ 08:00 - 22:00

เบอร์โทรศัพท์

+959440224171

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lovely Mom & Baby Fashionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Lovely Mom & Baby Fashion:

แชร์