02/08/2026
ဖိနပ် size မတော်လို့ ပြန်လဲတဲ့ customer တွေကို ပုံမှန်ဆို ဒီတိုင်း ပါဆယ်သေချာ ထုတ်ပီး ပြန်ပို့ပေးပါပဲ ပြောခဲ့ပီး ရောက်လာတာနဲ့ ဖိနပ်ကိုစစ် နောက် တစ် size နဲ့ ဟိုးအရင်ထဲက ခုထိ ပြန်လဲပေးခဲ့တာပါ
ဒါပေမဲ့ နောက်ပိုင်း ဘယ်လိုတွေ တွေ့လာရလဲဆိုတော့ tag ကြိုးတွေ အကုန်ဖြုတ်တယ် tag စာရွက်တွေ စုံအောင် ပါမလာတာတွေ အောက်ချစီးထားလို့ ဖိနပ်က ပေတာတွေ ခြေထောက်က သဲတွေရှိတာကို ဒီတိုင်းစီးကြည့်လို့ ပေထားတာတွေထိ ဘာမှကိုမပြောပဲ အဆင်ပြေအောင် လုပ်ပေးလို့ရတာ အကုန်လုပ်ပေးခဲ့ပါတယ်
ဒီနေ့မနက်ဆို echo gum လို design ကကျ ဖြစ်နိုင်တာက စီးကြည့်တဲ့ချိန် အောက်က ကြမ်းပြင်နဲ့ ဖိနပ်ရှပ်စီးတတ်တဲ့သူနဲ့ဆို အောက်ခြေ sole က ပွန်းသွားတာပါ အဲ့တာကို ဓါတ်ပုံရော Video ရော ရိုက်ပြပေမဲ့ လက်မခံပါဘူး အထဲမှာ သဲတွေပေလာပေမဲ့ wet tissue နဲ့ သုတ်လိုက်လို့ အဆင်ပြေသွားပေမဲ့ ပွန်းသွားတာကကျ နောက် customer တစ်ယောက်ကို ဘယ်လိုမှ ပြန်ရောင်းလို့မရပါဘူး
သေချာရှင်းပြပီး လုပ်ပေးလို့မရလို့ပါ သေချာပြောပေမဲ့ လက်မခံနိုင်ဖြစ်သွားပီး page ပါ block သွားတဲ့အတွက် နောက်မင်တို့ customer တွေနဲ့ မင်တို့ကြားမှာ အထင်လွဲမှုတွေ မဖြစ်ရအောင် ပြန်လဲမဲ့ customer ဆို စည်းကမ်းချက်တွေ ထုတ်ပီး tag တွေဖြုတ်ရင် ဖိနပ်စွန်းရင် ပွန်းသွားရင် ပြန်လဲပေးဖို့ အဆင်မပြေတော့တဲ့ အကြောင်း ကြိုပီးအကြောင်းကြားပါတော့မယ်ရှင်
T&T Shopping Paradise