07/05/2026
တရုတ်တွေ ဝိုင်းနှိပ်စက်ခံရပြီး ဆေးရုံတက်နေရတဲ့
မြန်မာမောင်လေး — သတင်းအဆက်
----------------------------------
ဒီဖြစ်စဉ်မှာ မြန်မာမောင်လေးကို လက်ရှိ မြန်မာ
အသိုင်းအဝိုင်းတချို့နဲ့ “ခွန်ကမ်” တို့က
ကူညီပေးနေကြပြီး၊ တရုတ်ဘက်မှ
ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ
အရေးယူနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
မောင်လေးရဲ့ ပြောပြချက်အရ
ဖေ့ဘွတ်ကနေ သိကြတဲ့ လူတစ်ဦးက ထိုင်းနိုင်ငံမှာ
တရုတ်-မြန်မာ စကားပြန်အလုပ် ချိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် ပတ်စပို့နဲ့ ထိုင်းကို ဝင်ရောက်လာပြီး
ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ စကားပြန်အဖြစ်
အလုပ်လုပ်ခဲ့ပါတယ်။လစာအနေနဲ့ ဘတ် 20,000 မှ 30,000 အထိ ရမယ်လို့ ကတိပေးခဲ့ပေမယ့်
၂လကြာ အလုပ်လုပ်ပြီးနောက် လစာရှင်းရာမှာ
ဘတ် 24,000 သာ ရရှိခဲ့ပြီး ကျန်ငွေ
ဘတ် 10,000 ကျော် မရရှိသေးဘူးလို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ “ကျန်ငွေ လာယူနိုင်ပါတယ်” လို့ ပြောပြီး စားသောက်ဆိုင်တစ်ခုရဲ့ ရုံးခန်းထဲကို ခေါ်သွားခဲ့ကြပါတယ်။ အဲ့ဒီနေရာမှာ တရုတ်အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက် စောင့်နေပြီး —
တံခါးပိတ်ထားတဲ့ အခန်းထဲမှာ မောင်လေးကို ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်။ နှိပ်စက်မှုတွေမှာ
လက်ချောင်းတွေကို ကိရိယာနဲ့ ညှပ်ခြင်း
သံတုတ်နဲ့ ရိုက်နှက်ခြင်း
ရေနွေးပူတွေ လောင်းချခြင်း (ပါးစပ်အပါအဝင်)
တရုတ် ၇ ယောက်က ညနေ 4:30 မှ ည 9:30 အထိ ဆက်တိုက် နှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်တစ်ကြိမ် ရေနွေးပူ ထပ်လောင်းဖို့ ကြိုးစားချိန်မှာ
မောင်လေးက အသက်စွန့်ပြီး ထွက်ပြေးနိုင်ခဲ့ပါတယ်။
လမ်းမပေါ်ကို ထွက်ပြေးလာတဲ့အခါ အနီးအနားရှိ မြန်မာနဲ့ ထိုင်းလူမျိုးတွေက တွေ့ရှိပြီး ကူညီပေးခဲ့ကြပြီး၊ နောက်ဆုံး “ခွန်ကမ်” ဆီကို အကြောင်းကြားကာ အကူညီတောင်းခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ
မောင်လေးဟာ အရိုက်ခံရတာ ၄ ရက်ခန့်ရှိနေပြီး
ပတ်စပို့စာအုပ်ကိုလည်း တရုတ်ဘက်က သိမ်းထားသေးပြီး ကိုယ်ပိုင် ပိုက်ဆံလည်း မရှိတဲ့ အခြေအနေဖြစ်နေပါတယ်“ခွန်ကမ်” ပြောကြားချက်အရ —
မောင်လေးကို လူမဆန်အောင် နှိပ်စက်ထားတဲ့ သက်သေထောက်ထားများရှိနေပြီး တရားစွဲဆိုနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဆေးကုသမှု ဆက်လက်ပြုလုပ်နေပြီး နောက်ထပ် အခြေအနေတွေကို ဆက်လက် အသိပေးသွားမယ်လို့ ဆိုပါတယ်။မောင်လေးအတွက် တရားမျှတမှု ရရှိပါစေ
#သတင်းထူးသတင်းဦး #ထိုင်းသတင်း #ထိုင်းရောက်မြန်မာ