12/08/2026
🎮 eFootball ရဲ့ Update အသစ်နဲ့ အဓိက Feature များ
Custom Tournament Mode: လူ ၈ ယောက်အထိ ကိုယ်တိုင် Tournament လုပ်ပြီး ယှဉ်ပြိုင်နိုင်ပါပြီ။ League/Club/Country စသဖြင့် စည်းမျဉ်းတွေ စိတ်ကြိုက်သတ်မှတ်လို့ရသလို ပြိုင်ပွဲဝင်နေရင်း တခြား Mode တွေပါ ဆော့လို့ရပါမယ်။ Tournament ပိုင်ရှင်အနေနဲ့ တခြားပွဲတွေကို Camera Angle ပြောင်းပြီး Real-time ဝင်ကြည့်လို့လည်း ရပါဦးမယ်။
Fluid Formation စနစ်: Attack နဲ့ Defense ကို Formation သီးခြားစီ ခွဲထားနိုင်ပါပြီ။ ဥပမာ - တိုက်စစ်မှာ ကစားသမားအသာစီးရအောင် Formation တစ်မျိုး၊ ခံစစ်မှာ အကွက်စေ့အောင် Formation တစ်မျိုး ပြောင်းထားလို့ရမှာပါ။ Auto Pick စနစ်ကလည်း ခံစစ်/တိုက်စစ် နှစ်ခုလုံးအတွက် အလိုအလျောက် ဖြည့်ပေးမှာဖြစ်ပါတယ်။
Attack + Defense Playing Style စနစ်: Player တစ်ယောက်မှာ Attacking နဲ့ Defensive Playing Style နှစ်မျိုးလုံး ရှိလာမှာပါ။ (ဥပမာ - Goal Poacher + Front Line Pressure ဆိုရင် တိုက်စစ်မှာ ထိုးဖောက်ပြေးပြီး ခံစစ်မှာ အရှေ့ကနေ တောက်လျှောက် Press လုပ်ပေးမှာပါ)။
Manager Link-up Play ၂ မျိုး: မန်နေဂျာတွေမှာ Link-up Play နှစ်ခုအထိ ပါလာမှာဖြစ်ပြီး Auto Pick စနစ်မှာ Link-up ရအောင် Player တွေကို အလိုအလျောက် ရွေးပေးမယ့် Option ပါလာပါမယ်။ ဒါ့အပြင် Prioritize Base Team Setting နဲ့ ကိုယ်ကြိုက်တဲ့ Club က ကစားသမားတွေကို ဦးစားပေး Auto Pick လုပ်လို့ရပါပြီ။
Position Token အပြောင်းအလဲ: Position Token သုံးတဲ့အခါ မူလ Registered Position ကို ထပ်မရတော့တဲ့အတွက် ကိုယ်လိုချင်တဲ့ Secondary Position ရဖို့ ပိုလွယ်သွားပါပြီ။
Daily Game အသစ်: PlatinumGames နဲ့ ပူးပေါင်းပြီး ပြင်ဆင်ထားတာပါ။ Daily Super Play ဆိုတဲ့ Mini Game မှာ Random Special Player နဲ့ Timing မှန်အောင် Button နှိပ်ပြီး Wonder Goal တွေ သွင်းရမှာဖြစ်ပါတယ်။
Dynamic Volley စနစ်: လေထဲကဘောလုံးကို Stunning Shot နဲ့ အားပါပါ Volley ကန်နိုင်ပါပြီ။ Low Lofted Pass တွေမှာ Normal Shot နှိပ်ရင် မလိုအပ်ဘဲ ခေါင်းထိုးနေတာမျိုး မရှိတော့ဘဲ ဘောလုံးအမြင့်ပေါ်မူတည်ပြီး သဘာဝကျကျ Volley ကန်ပေးသွားမှာပါ။
Movement နဲ့ Animation သစ်များ: Cross Step, Precise Step, Dribbling/Ball Control အသစ်တွေအပြင် Curl Pass, Powerful Shot Follow-through, First-time Kick Animation တွေ ပါဝင်လာပါတယ်။ Goalkeeper တွေအတွက်လည်း ဘေးတိုက်လဲဖမ်းတာ၊ 1v1 မှာ ခန္ဓာကိုယ်ဖြန့်ပြီး Angle ပိတ်တာနဲ့ Save Animation အသစ်တွေ ထည့်ပေးထားလို့ ပို realistic ဖြစ်လာပါတယ်။
🔥 Campaign နဲ့ Player သတင်းများ
New Season Campaign: Barcelona နဲ့ Man Utd ရဲ့ Highlight Players တွေ ရနိုင်မှာဖြစ်ပြီး တချို့ Player တွေမှာ Defensive Playing Style အသစ်တွေ ပါလာပါမယ်။
Frank Lampard Manager: Lampard မှာ Overload Team Playstyle ပါဝင်မှာဖြစ်ပြီး ဘောလုံးရှိတဲ့ဘက်ကို ကစားသမားတွေ စုဆုံပေးတာ၊ Short Pass ပေးရလွယ်တာ၊ ခံစစ်မှာ အကွက်စေ့တာနဲ့ High Line + High Press ကစားချင်သူတွေအတွက် အဆင်ပြေမှာပါ။
Free Epic Aubameyang: Daily Game ရဲ့ Reward အဖြစ် Epic Aubameyang ကို အခမဲ့ ရနိုင်ပါမယ်။
Chelsea Legends (ဩဂုတ် ၁၄): 2016/17 Chelsea ချန်ပီယံအသင်းက Diego Costa, Gary Cahill နဲ့ Eden Hazard တို့ရဲ့ Legend/Epic ကတ်တွေ ထွက်လာပါမယ်။ Diego Costa မှာ Stat တစ်ခုခုကို အများကြီးမြှင့်ပေးနိုင်မယ့် Edge Booster အသစ် ပါလာပါမယ်။
Antonio Conte Manager Pack: Over-the-top Pass နဲ့ One-two Cut-in ဆိုတဲ့ Link-up Play ၂ ခုပါတဲ့ Conte Pack ထွက်လာမှာမို့ တိုက်စစ်ပုံစံစုံ သုံးနိုင်ပါမယ်။
Messi & Yamal Ambassador Packs: Messi နဲ့ Lamine Yamal တို့အတွက် Ambassador Edition အသစ်တွေ ထွက်လာပါမယ်။ ထဲမှာ Epic/Highlight Players, Training Items, In-game Currency နဲ့ Stadium ထားဖို့ Special Giant Prop တွေ ပါမှာပါ။ Deluxe Edition မှာတော့ Special Kit တွေပါ ထပ်တိုးပါလာပါမယ်။
Epic Chelsea Chance Deal: Program ကြည့်ရှုသူတွေအတွက် ပေးထားတဲ့ Promo Code ကနေတစ်ဆင့် Epic Chelsea Chance Deal ကို ရယူနိုင်ပါတယ်။