Casual Burma

Casual Burma Hope you like my live stream
Thanks u all for supporting
You can buy Diamond from my page

Hi Everyone
You can buy Mobile legends Diamond from my page
The Diamonds will be recharge with the fastest speed

ညက အင်တာနက်ဖြတ်တုန်းဘာထူးခြားဖြစ်စဥ်မှ မဖြစ်ကြဘူးမလား။‼️ဘယ်ဖြစ်မလဲ အမှန်က မအလက တစ်ကွက်ပြလိုက်တာ။ပထမနှစ်ညမှာ လူတွေကိုအကြေ...
02/15/2021

ညက အင်တာနက်ဖြတ်တုန်း
ဘာထူးခြားဖြစ်စဥ်မှ မဖြစ်ကြဘူးမလား။‼️
ဘယ်ဖြစ်မလဲ
အမှန်က မအလက တစ်ကွက်ပြလိုက်တာ။

ပထမနှစ်ညမှာ လူတွေကိုအကြောက်တရားတွေနဲ့ ဖြတ်သန်းခိုင်းလိုက်တယ်။
အကြောက်တရားနဲ့ ဖြတ်သန်းလိုက်ရတော့ လူတွေကလုံခြုံစိတ်ချရမှုကို နေလိုလလိုတောင့်တလာတယ်။

အဲ့မှာငါတို့က လုံခြုံစိတ်ချမှုပေးနိုင်တယ်ဆိုပြီး
စစ်ကားတွေနဲ့လှည့်ပြတယ် ကြော်ငြာတယ်။
အစပိုင်းတော့ သူတို့ကာကွယ်မှုပေးမယ်ဆိုတာကို လူတွေဘယ်ယုံကြမလဲ။
တဖြည်းဖြည်းနဲ့ အဲ့အကွက်ကို
လူတွေကနည်းနည်းလက်ခံလာလိမ့်မယ်။
ကြာလာရင် သူတို့ကြောင့်ပဲလုံခြုံသလိုလို
ဟုတ်သလိုလိုနဲ့ တွေဝေလာလိမ့်မယ်။

နောက်တော့ သူတို့အုပ်ချုပ်ပေး
ကာကွယ်ပေးတာလည်းမဆိုးပါဘူးလေ။
ငါတို့လည်းဒီမိုကရေစီတွေ လွတ်လပ်မှုတွေ
အခွင့်အရေးတွေနဲ့ မထိုက်တန်သေးဘူးထင်တယ်။
ငါတို့လုံလုံခြုံခြုံနေကြရဖို့
အာဏာသုံးတာလေးတွေ ပိတ်ပင်ဖမ်းဆီးတာလေးတွေ နည်းနည်းတော့လိုတာပေါ့တွေပါ ဖြစ်ကုန်ရော။
၈၈တုန်းကလည်း အဲ့အတိုင်းပဲ။
တဖြည်းဖြည်းနဲ့ သူတို့က လုံခြုံမှုတွေ
ကာကွယ်စောင့်ရှောက်မှုတွေ​ပေးရင်း
ကိုယ့်အခွင့်အရေးတွေ ရပိုင်ခွင့်တွေ လွတ်လပ်ခွင့်တွေအားလုံးကို လုံခြုံမှုဆိုတဲ့ ခေါင်းစဥ်နဲ့
ဖြည်းဖြည်းချင်းသိမ်းယူလာလိမ့်မယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ သူ့တို့က နိုင်ငံရဲ့အာဏာကို
အင်အားအပြည့်နဲ့ ချုပ်ကိုင်နိုင်လာလိမ့်မယ်။

အဲ့လိုဖြစ်လာဖို့လည်း လူတွေကိုကြောက်အောင် အကြောက်တရားကို စနစ်တကျဖြန့်ဝေလာခဲ့တာပါပဲ။
လူတွေကြောက်လာမှ
သူတို့ကလုံခြုံမှုကာကွယ်မှုပေးလို့ရမှာလေ။
ရွာထဲမှာလူဆိုးလူမိုက်များလွန်းလို့
အပျိုလေးတစ်ယောက်ထဲမလုံခြုံလို့
မုဒိန်းကျင့်တဲ့အိမ်ကပ​ထွေးကိုပဲ
ဘဝလုံခြုံမှုအတွက်ယူလိုက်ရသလိုမျိုး။
အမှန်က လူဆိုးလူမိုက်တွေဆိုတာလည်း
ပထွေးရဲ့တပည့်အများစုပဲ။

နောက်တစ်ကွက်လည်းရှိသေးတယ် အင်တာနက်လည်းဖြတ်လိုက်ရော အခြေအနေအကုန်တည်ငြိမ်သွားရောတွေ့လား ဘာညာ Psywar တွေလည်းလာဦးမယ်။
အဲ့တော့ မင်းတို့လုံခြုံချင်ရင် အင်တာနက်ပေါ်ကလွတ်လပ်ခွင့်တွေကို ငါတို့ပိတ်တာဗွေမယူနဲ့ဆိုပြီးဖြစ်လာလိမ့်မယ်။
သိပ်မကြာခင် Cyber Lawတွေ နိုင်လွတ်လုံပြင်တာတွေ
Great Fire Wall တွေဆိုတာ ပြည်သူတွေလုံခြုံဖို့အတွက် မလုပ်ချင်ပဲလုပ်ရတာပါ
နည်းနည်းတော့လိုတယ်ဘာညာဆိုပြီး
ဟိုဘက်က Psywar post တွေတက်လာတော့မှာ။

အကြောက်တရားကိုအသုံးချပြီးတော့ ပြည်သူတွေကို
အာဏာရှင်ကပေးမယ့် ကာကွယ်လုံခြုံမှုတချို့အတွက်
ပြည်သူတွေရထားတဲ့ လူအခွင့်အရေးတွေ
လွတ်လပ်ခွင့်တွေ ဥပဒေအရကာကွယ်ပိုင်ခွင့်တွေကို
လဲကြပါဆိုပြီး လုပ်နေတာ။
တချို့လူတွေလည်း လုံခြုံမှုရဖို့ လဲချင်လာလိမ့်မယ်။
လုံခြုံမှုရဖို့ဆိုတဲ့ သူတို့ရဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်လိုက်တဲ့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်တချို့ကိုလည်း ရဲရဲတောက်တချို့ကလွဲပြီးတော့ ကျန်လူတွေက
သိပ်ဆန့်ကျင်ကန့်ကွပ်ကြတော့မှာမဟုတ်ဘူး။
အားလုံးကလည်း အကြောက်တရားတွေနဲ့
နေထိုင်နေကြ ကြောက်နေကြတာကို။
တဖြည်းဖြည်းလူတွေက အကြောက်တရားကြောင့်
အာဏာရှင်ပုံပြင်ထဲ အမွှေးနှုတ်ခံရတဲ့ငှက်လို အာဏာရှင်ကို ထိထိရောက်ရောက်
မဆန့်ကျင်နိုင်တော့ပဲအရှုံးပေးရလိမ့်မယ်။

အဲ့ဒီလိုဖြစ်ဖို့အတွက် နေ့နေ့ညည
သတင်းအမှားတွေနဲ့ကော အမှန်တွေနဲ့ကော
ကြော်ငြာချက်တွေနဲ့ကော Psywarတွေနဲ့ကော
အကြောက်တရားတွေဖြန့်နေတာပေါ့။
လူတွေမမေ့ဖို့က ဒီဇာတ်လမ်းက ဇာတ်ညွန်းအဟောင်းကို မင်းသားကော ဗီလိန်ကော ဇာတ်ပို့ကော သူတို့လူတွေနဲ့ ပြန်ရိုက်လိုက်တဲ့ ဇာတ်လမ်းအသစ်ပဲ။
အကြောက်တရားကို
နိုင်ငံရေးမှာ လက်နက်လို အသုံးချနေတာပါ။

ထင်ရှားတဲ့နိုင်ငံရေးစာသားတစ်ခုရှိတယ်

"အကြောက်တရားဆိုတာ ကြောက်နေတဲ့ပြည်သူတွေကို
သူတို့ရဲ့အခြေခံလွတ်လပ်ခွင့်တွေ ရပိုင်ခွင့်တွေ
ဥပဒေအရကာကွယ်နိုင်ခွင့်တွေကို
စွန့်လွှတ်စတေးလိုက်ကြပြီးတော့
အားကောင်းတဲ့ အာဏာရှင်အစိုးရက ကတိပေးလိုက်တဲ့
လုံခြုံစိတ်ချကာကွယ်မှုတွေနဲ့
လဲလှယ်ကြဖို့အတွက် ရည်ရွယ်ပြီး
နိုင်ငံတော်အစိုးရ(သို့)အာဏာရှင်တွေက
ရွေးချယ်အသုံးပြုကြတဲ့ စိတ်ပိုင်းဆိုင်ရာလက်နက် (Psychological Weapon) တစ်ခုပါ။" တဲ့

ကျနော်တို့အနေနဲ့ သူတို့ရဲ့အကွက်ထဲ
မဝင်သွားဖို့လိုအပ်ပါတယ်။
သူတို့အကွက်ကျကျ ဖန်တီးထားတဲ့
ကျနော်တို့ရဲ့အကြောက်တရားတွေကို
သူတို့ပဲ ဖယ်ရှားပေးမယ်ဆိုပြီး
သူတို့ပေးလာတဲ့လုံခြုံမှုတချို့ကို
ကျနော်တို့ရဲ့လွတ်လပ်မှုတွေ အခွင့်အရေးတွေနဲ့
လုံးဝလုံးဝအလဲမခံဖို့ပါပဲ။
လုံခြုံရေးအကြောင်းပြချက်နဲ့ တားဆီးလာတဲ့
လွတ်လပ်ခွင့်တွေ လူ့အခွင့်အရေးတွေကိုလည်း
အကြောက်တရားကင်းကင်းနဲ့ ဆက်ပြီးတက်ညီလက်ညီ ဆန့်ကျင်ကန့်ကွပ်နေဖို့လိုအပ်ပါတယ်။
ဒီအခြေအနေကို နားလည်မှ တောင့်ခံထားနိုင်မှ
ကျနော်တို့နိုင်မှာပါ။
သူတို့ပေးတဲ့ လုံခြုံမှုအတွက် ကျနော်တို့လွတ်လပ်ခွင့်တွေကိုထိုးပေးမိရင် ကျနော်တို့ရှုံးပါပြီ။
ကျနော်တို့လုံးဝရှုံးလို့မရပါဘူး။

အခုpost လေးတော့ share ပေးကြပါ
ဒါမှမဟုတ် copy ပြီး ပြန်တင်ပေးကြပါ
လူတွေသိဖို့မဖြစ်မနေလိုအပ်လို့ပါ
ကျနော်တို့လုံးဝရှုံးလို့မဖြစ်လို့ပါ)

အင်တာနက် ပြန်ပိတ်ခဲ့ရင် Telenor International Roaming ကနေ သုံးလို့ရပါဦးမယ်..အခု အင်တာနက်ရနေချိန်မှာ Telenor App ကနေ Data...
02/07/2021

အင်တာနက် ပြန်ပိတ်ခဲ့ရင် Telenor
International Roaming ကနေ
သုံးလို့ရပါဦးမယ်..

အခု အင်တာနက်ရနေချိန်မှာ

Telenor App ကနေ Data >>> Roaming
အောက်က ပုံထဲဝိုင်းပြထားတဲ့အထဲက

အလယ်က 99 kyats နဲ့ 1 day (12 asian countries ) pack ကို အရံသင့်ဝယ်ထားပါ။

Local internet ဖျက်ချတာနဲ့ အောက်ဆုံးက
599kyats pack ကို အမြန်ဝယ်ပြီး
ဆက်သုံးရပါမယ်။

Bill အနိမ့်ဆုံး ၂၀၀၀ လောက်
အရံသင့် ရှိနေပါစေ..

ထပ်ပိတ်သွားမှာ စိုးလို့ပါ..
Telenor က international package...

၇၂ နာရီကို ၁၄၉ ကျပ် နဲ့ promotion ချပြီး
ကူညီပေးထားတာပဲ ဖြစ်ပါတယ်ဗျ..

မြန်မာက လူတွေကို အသိပေးကြပါ

ဖြည့်စွက် - ဒီ၃ရက် အတွင်း အဲ့ package ကို
subscribe လုပ်ရင် ၁၉၅ ကျပ်နဲ့ ရပါမယ်..

ဘယ်နိုင်ငံခြားကိုပဲ ဆက်ဆက်
တမိနစ်ကို မြန်မာငွေ ၄၀ ကျပ် ကျမယ်.။

Telenor International call package
Subscribe to *979*2*5*16 #
crd- Ye Wanna Tun

02/07/2021

အင်တာနက်ပြန်မဖြတ်ခင်တင်ခဲ့သည်လူများများမြန်မြန်သိအောင် copy ကူးပြီးပြန်တင်ပါ
CDM ဆိုတာ
1. အလုပ်မသွား
2. ထွက်စာမတင်
3. စာရင်းမပေး
4. Ph မကိုင်
5. ရာထူးမတိုး
6.အိမ်လာခေါ်ရင် အနံ့ပျောက်နေလို့ လို့ ပြောတဲ့ Movement ပါ ခင်ဗျာ။
မြန်မာလို သေချာရှင်းအောင် ရေးပြလိုက်ပါတယ်။


ပါဝင်ကြပါ အမေ့အတွက်အရင်ကြိုးစားကြပါ နောက်မှအပီအပြင်ပျော်ကြရအောင် ❤
Come on guysss ❤ We are in the Endgame now

တစ်နိုင်ငံလုံးမှာမှတစ်လုံးတည်း ရှိတဲ့ကြယ်ငါတို့ အကြွေခံလို့မရဘူး။Crd
02/07/2021

တစ်နိုင်ငံလုံးမှာမှ
တစ်လုံးတည်း ရှိတဲ့ကြယ်

ငါတို့ အကြွေခံလို့မရဘူး။
Crd

02/03/2021

Guyssss just in case

ဒါက လိုရမယ်ရ

မတော်တဆ အဆိုးရွားဆုံးအခြေအနေရောက်လို့လမ်းမပေါ်ရောက်ကြရင် ဘယ်လိုကာကွယ်ကြမလဲ...
လမ်းပေါ်ကို ကို့ချစ်ခင်ရတဲ့သူတွေရောက်ရင် ဘယ်လိုကာကွယ်ပေးရမလဲ

shock absorb ဖြစ်တဲ့ ခေါင်းဆောင်းကို ဝတ်ဆင်ပါ... engineer helmet က သင့်တော်ပါတယ် မရှိရင် ဖော့တို့ အဝတ်စထူထူတို့ကိုခေါင်းမှာ ဝတ်ဆင်ပါ

အလွယ်တကူ မကျွတ်နိုင်တဲ့ ဖိနပ်ထူထူကို ဝတ်ဆင်ပါ... ဖန်ကွဲစတွေ သံစတွေ သစ်စတွေနဲ့ အစူးစူးရင် အနင်းခံရပြီး အဖမ်းခံရရုံမက အသက်စဆုံးရှုံးနိုင်ပါတယ်

တစ်ကိုယ်လုံးဖုံးအုပ်နိုင်တဲ့ အဝတ်ကို ဝတ်ဆင်ပါ... gas တွေ မီးလောင်ဗုံးတွေ acid တွေရန်က ကာကွယ်ဖို့ပါ... ဘောင်းဘီသာ ဝတ်ပါ ပူဆိုးမဝတ်ပါနဲ့ ... အလွယ်တကူ ဖမ်းဆွဲထားလို့မရတာတွေဝတ်ပါ

ခြေထောက် ဒူး လက် ဝမ်းဗိုက် ရင်ဘတ် စတာတွေကို အဝတ်ထူထူ ဒါမှမဟုတ် ဖော့ စတာတွေသုံးပြီး တိပ်နဲ့ပတ်တာဖြစ်ဖြစ် ကော်ကပ်တာဖြစ်ဖြစ်လုပ်ထားပြီး ကာကွယ်ပါ... ခြေတွေ လက်တွေ တစ်ခုခုဖြစ်ရင် ဘယ်သူ့မှ ကယ်နိုင်မှာ မဟုတ်ပါ...အမျိုးသားများ သီးသန့် အဓိကနေရာကိုပါ ကာကွယ်ပါ မမေ့ပါနဲ့

Gas ရန်ကကာကွယ်ရန် google ကနေ diy gas mask တွေ ကြိုလေ့လာထားပါ... gas က မဖြစ်မနေလာမှာပါ မတော်တဆ မျက်လုံးထဲ မကောင်းတဲ့ chemical တွေဝင်ရင် ရေနဲ့နိုင်နိုင်ဆေးကြပါ... ရေနဲ့ပဲနိုင်ပါလိမ့်မယ် ဘယ်နည်းနဲ့မှ reliable မဖြစ်ပါ

ရေဗူးဆောင်ပါ... ဒဏ်ရာဆေးဖို့ ... ရေငတ်ပြီးလဲမကျအောင်... ဒဏ်ရာရတဲ့လူကုသနိုင်အောင် ရေသန့်ဆောင်ပါ

လူတွေ ကြိတ်ကြိတ်မတိုးအောင် နီးစပ်ရာလူနားက ခပ်ခွာခွာသာလိုက်ပါ... ခပ်ခွာခွာလိုက်အောင် ပြောပါသွေးဆူပြီး ဝင်တိုးတာရှောင်ပါ...လူအများစုက ပြေးလွှားရင်း အနင်းခံရလို့သေတာများပါတယ်... ဖရိုဖရဲ့ သေဆုံးမှုတွေ မဖြစ်ချင်ရင် နေရာခြားလိုက်ပါ မတွန်းပါနဲ့

ဖြစ်နိုင်လျင် ရေကူးမျက်မှန်လို မျက်လုံးအကာအကွယ်ဝတ်ဆင်ပါ... မျက်မှန်ကတော့ မှန်စပြန်စူးဖို့လွယ်လို့ သိပ်အားမပေးပါဘူး

ထီးက rubber ကျည်ကို deflect လုပ်နိုင်တယ် ကြားဖူးပါတယ်... ဒါမှမဟုတ်ပြင်းအားကို လျော့စေနိုင်တယ်လို့ hong kong protest အရကြားပါတယ်... rubber ကျည်နဲ့ ပစ်မှသာ ထီးထုတ်ကာကွယ်ပါ... မရှုပ်နေပါစေနဲ့...

သူလျှိုရှိတယ်ဆိုတာ မကြောက်ပါနဲ့... သံသယကြောင့် မသေကြပါနဲ့... ဘယ်သော အခါမှ အရပ်ဝတ်ဖြစ်စေ... uniform ဝတ်ဖြစ်စေ ထိခိုက်ဒဏ်ရာရအောင် မလုပ်ပါနဲ့ လက်နက်မသုံးပါနဲ့... လက်စားချေခြင်း သွေးဆူခြင်းကို ရှောင်ကြဉ်ပါ

ချောင်ပိတ်မခံပါနဲ့... ကို့ကို ရှေ့ကော နောက်ကော ပိတ်နိုင်မည့်နေရာများကို ရှောင်ပါ... လမ်းကျဉ်းများ/ ခန်းမများ စတဲ့ ချောင်ပိတ်နိုင်မယ့်နေရာတွေရှောင်ပါ

မတော်တဆ ကို့အိမ်နားမှာ သေနတ်တွေပစ်မယ်ဆိုရင် ဝပ်ပါ အကာအကွယ်ယူပါ... အိမ်က သစ်သားအိမ်ဖြစ်လျင် သဲအိတ်များစီပြီး ခေါင်းမဖော်ဘဲနေပါ...

Shock absorb ဖြစ်တဲ့ပေါ့ပေါ့ပါးပါးဒိုင်းများအသုံးချပါ
ကတ်ထူ ဒါမှမဟုတ် ပေါ့ပါးတဲ့ base ပေါ်မှာ အဝတ်စထူထူ ဒါမှမဟုတ် သတင်းစာလိပ် စတာတွေကို တိပ်နဲ့ပတ်သည်ဖြစ်စေ ကော်ကပ်သည်ဖြစ်စေ ပြုလုပ်ပြီး ကာကွယ်ထားပါ

ကျည်ကာ ဒိုင်းလုပ်ဖို့ သံပြား မာကြောတဲ့ plate စတာတွေကို အသုံးပြပါ... အရေးကြီးတာက ဒိုင်းနောက်မှာ အဝတ်ထူထူဖြစ်စေ ကျောက်ဂွမ်းဖြစ်စေစတာတွေကိုထူထူထဲထဲထပ်ပိုးပါ... ကျည်က အမာသားကိုထိပြီးကြေရင် ကျည်စတွေ မစင်အောင် အဝတ်ထူကိုပိုးခိုင်းတာပါ...

ကြောက်ပြီး စွတ်မပြေးပါနဲ့... မဖြစ်မနေဆို အဖမ်းခံလိူက်ပါ... လူစုတစ်ခုက ကြောက်ပြီး ဒုန်းစိုင်းပြေးရင် ထိုးကြကြိတ်ကြနဲ့ အသက်သေဆုံးနိုင်ပါတယ်...

ခိုးဆိုးလုယက် ရာဇတ်မှုကိုရှောင်ပါ... လုံးဝလုံးဝရှောင်ပါ... နီးစပ်ရာလူကို ထိန်းပါ... ပြည်သူကို ပြည်သူကပဲ ပြန်စောင့်ရှောက်ပါ

အားလုံးပဲ ဘေးကင်းကြပါစေ...
ဖြည့်စွက်သင့်တာ ဖြည့်စွက်ကြပါ...
တချို့လူတွေက တားလို့ရမှာမဟုတ်တဲ့အတွက် အတူဘေးကင်းအောင် ကာကွယ်ပေးကြစိူ့

မ share ပါနဲ့ copy ပြီး လိုအပ်တဲ့နေရာတွေ ဖြန့်ဝေပါ

02/02/2021

အင်တာနက်ကို ထပ်မဖြတ်သေးတာ၊ မီးကို ပုံမှန်ဆက်ပေးထားတာ၊
ဘဏ်တွေကို သေချာပြန်လည်ပတ်ဖို့ လုပ်ပေးထားတာတွေက သူတို့အကွက်ဆင်လာတာပဲ။ လူတွေကို "အာဏာသိမ်းတာက ဘာမှမထူးပါဘူးလေ။ ငါတို့ နေ့စဉ်ဘ၀က ပုံမှန်ပါပဲ" လို့ထင်စေပြီး လူထုအင်အားကို ရိုက်ချိုးဖို့လုပ်နေတာပဲ။ မကြာခင် အဲလိုယုံ‌ကြမယ့် နလပိန်းတုံးတွေလည်း ပေါ်လာကြမှာပဲ။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိတ်ဆွေ အသိုင်းအဝိုင်းမှာကို ရှိလာကြဦးမှာ။

ဖေဖော်ဝါရီတစ်ရက်နေ့ကစလို့ စက္ကန့်တိုင်းမှာ သူတို့ကို အမြစ်ဖြတ်ရမယ်ဆိုတဲ့စိတ်မျိုး စွဲထားဖို့လိုတယ်။ အခုဖြစ်နေတာ "Normal" လုံး၀ မဟုတ်ဘူးဆိုတဲ့အသိကို အဆုံးထိ စွဲကိုင်ထားရမှာပဲ။



Lapu-Lapu's February 2021 Starlight SkinSpecial Force  မနက်ဖြန် ထွက်ပါမယ်ခင်ဗျာ🤩🤩
01/31/2021

Lapu-Lapu's February 2021 Starlight Skin
Special Force မနက်ဖြန် ထွက်ပါမယ်ခင်ဗျာ🤩🤩

New Skins UpdateClick the photos for more details
01/28/2021

New Skins Update
Click the photos for more details

😂
01/28/2021

😂

Address

4073 Center Street
Baldwin Park, CA
91706

Alerts

Be the first to know and let us send you an email when Casual Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share