10/05/2023
ဒီနေ့ကစပြီး သူဌေးဖြစ်အောင် ကြိုးစားမယ် စိတ်ဓါတ်ကိုအစွမ်းကုန် ပြင်ဆင်တယ် လောက ကသူဌေးဖြစ်ဖို့ကမလွယ် မသိတာတွေကများ အခုမှ စပြီး လေ့လာ သင်ယူမယ် စိတ်အား ထက်သန်လျှက် လေ့လာဖို့ ပထမ ခြေလမ်း ပျင်းတဲ့စိတ်တွေ ဖျောက်ပြီး စတယ်ပေါ့ ဒီကနေ့လာရင်းစိတ်ကူးလေးနဲ့ပေါ့ တစ်နေ့တော့ သူဌေးဖြစ်မှာပါ ရုတ်တစ်ရက် ဘေးအိမ်က သူဌေးမ ရုတ်တရက်ဆုံးသွားတယ် သူဌေးမ လေးဆို တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်နဲ့ ရုပ်ရည်လည်းချော ပိုက်ဆံလည်းရှာတတ် ကလေးကနှစ်ယောက်ကို မထင်မှတ်ပဲ ၃ရက်လောက်ပဲဖျားတာ ဆုံးသွားတယ်တဲ့ ဘယ်လိုမှမယုံနိုင်ဘူး အလုပ်သွားရင်လည်း ကားလေးနဲ့ သွားတယ် တစ်ခါတစ်လေဆိုင်ကယ်စီးတယ် အိမ်ရှေ့ဖြတ်လာရင် အမြဲတမ်း ပြုံးပြုးလေးနဲ့ပဲ အံသြစရာ လောက ကြီးက ကလေးတွေက ငယ်သေးတယ် တစ်ယောက်က ၂နှစ်ကျော် တစ်ယောက်က ၄နှစ်ကျော် ကလေးတွေကြည့်ပြီး သနားလိုက်တာ ပိုက်ဆံလည်းချမ်းသာတာကို မန္တလေး ဆေးရုံကြီးထိရောက်ပြီးပြီ ကုလို့မရတော့တာတဲ့ နေမကောင်းတော့ ဆေးထိုးပဲမှားခဲ့တာလား ဟိုရောက်တော့ အဖြေရှာမရတဲ့ အသဲတွေပျက်စီးနေပြီလို့ပြောကြတယ် ကံကြမ္မာရယ် ရက်စက်လိုက်တာ ဒါတွေမြင်ရပြန်တော့ သူဌေးဖြစ်အောင်လုပ်မယ် ဆိုတဲ့ကိုယ်ရဲ့ ဆုံးဖြတ်ချက်တွေ ဇဝေဇဝါဖြစ်ကုန်လို့ ဘာလုပ်ဘာကိုင်ရမှန်းမသိ အစွမ်းကုန်လေ့လာကြိုးစားရမှာလား ဒါမှမဟုတ် ကျန်းမာရေးလိုက်စားပြီး အေးအေးချမ်းချမ်း ရောင့်ရဲတဲ့စိတ်နဲ့နေရမှာလား မဝေခွဲတတ်တော့ ဒီစာကိုဖတ်ခဲ့မိတဲ့ စာဖတ် ပရိတ်ပတ်များ ရှိရင် တစါချက်လောက်ဖြေခဲ့ပေးပါရှင့်
ငယ်