သံစဥ် ချို

သံစဥ် ချို You can order cheap women's clothes.

အချိန်တွေ အများကြီး ကြာသွားလို့ မေ့သွားပြီလို့ မထင်လိုက်ပါနဲ့။လူတစ်ယောက်ရဲ့ နှလုံးသားထဲက ဒဏ်ရာဆိုတာ...အချိန်တန်ရင် ပြန်ပ...
01/28/2026

အချိန်တွေ အများကြီး ကြာသွားလို့ မေ့သွားပြီလို့ မထင်လိုက်ပါနဲ့။
လူတစ်ယောက်ရဲ့ နှလုံးသားထဲက ဒဏ်ရာဆိုတာ...
အချိန်တန်ရင် ပြန်ပြီး နာကျင်တတ်တဲ့ သဘောရှိတယ်။
"ငါ အဆင်ပြေပါတယ်" လို့
နှုတ်က ပြောနေပေမယ့်
ရင်ထဲမှာတော့ အကြောင်းတိုက်ဆိုင်တိုင်း အသစ်ပြန်ဖြစ်နေတုန်းပါပဲ။
အေးစက်သွားတဲ့ ခံစားချက်တွေအောက်မှာ...
မကျက်သေးတဲ့ ဒဏ်ရာအနာတရတွေ ဖုံးကွယ်နေတတ်တာကို
မပြောလည်း သိစေချင်မိတယ်။
ဒဏ်ရာကတော့... ဒဏ်ရာပါပဲလေ။

#

လူတစ်ယောက်ကို စွန့်လွှတ်လိုက်ဖို့ လွယ်ကောင်းလွယ်လိမ့်မယ်။ဒါပေမဲ့ သူနဲ့ပတ်သက်တဲ့ အရာတွေကို မေ့ပစ်ဖို့ကျတော့ တစ်သက်လုံး ကြ...
01/28/2026

လူတစ်ယောက်ကို စွန့်လွှတ်လိုက်ဖို့
လွယ်ကောင်းလွယ်လိမ့်မယ်။
ဒါပေမဲ့ သူနဲ့ပတ်သက်တဲ့ အရာတွေကို
မေ့ပစ်ဖို့ကျတော့ တစ်သက်လုံး ကြာသွားတတ်တယ်။
လက်တစ်စုံကို ဖြုတ်ချလိုက်ဖို့က စက္ကန့်ပိုင်းပဲ ကြာပေမယ့်...
ဦးနှောက်ထဲ စွဲနေတဲ့ ပုံရိပ်တွေနဲ့
နှလုံးသားထဲက အမှတ်တရတွေကိုတော့
ဘယ်လိုနည်းနဲ့မှ လွှင့်ပစ်လို့ ရနိုင်မှာမဟုတ်ပါဘူး။
တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။
လက်လွှတ်ပေးလိုက်ရတာ ခက်ခဲသလား...
ဒါမှမဟုတ် ကျန်ရစ်ခဲ့တဲ့ အမှတ်တရတွေနဲ့
ရှေ့ဆက်ရတာ ပိုခက်ခဲသလားလို့။
အဖြေကတော့...
လက်လွှတ်လိုက်ရတာက ခဏတာ နာကျင်မှုဖြစ်ပြီး၊
အမှတ်တရတွေကို သယ်ပိုးထားရတာကတော့
တစ်သက်တာ လွမ်းမောခြင်းပါပဲ။
မင်းသာ ငါ့ဘေးက ထွက်ခွာသွားခဲ့တာ...
မင်းပေးခဲ့တဲ့ အမှတ်တရတွေကတော့
ငါ့အရိပ်လိုပဲ အမြဲကပ်ပါနေတုန်းပါပဲ။
ဒါဟာ နာကျင်စရာကောင်းပေမယ့်
တန်ဖိုးရှိတဲ့ "အလွမ်း" တစ်ခုပါပဲလေ။
လူချင်းဝေးသွားပေမယ့်...
အမှတ်တရတွေထဲမှာတော့ ငါတို့ အတူရှိနေကြတုန်းပါပဲ။

゚viralシfypシ゚viralシ

ရှေ့ဆက်တိုးရင်လည်း နာကျင်ရမယ့်အတူတူ ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်လေ ...ဘယ်လောက် အဝေးကိုပဲ ပြေးကြည့် ပြေးကြည့် ဘယ်တော့မှ မန...
01/06/2026

ရှေ့ဆက်တိုးရင်လည်း နာကျင်ရမယ့်အတူတူ
ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်လေ ...

ဘယ်လောက် အဝေးကိုပဲ ပြေးကြည့်
ပြေးကြည့်
ဘယ်တော့မှ မနီးမယ့် အနာဂတ်တွေကို
ကြိုသိနေရပြီပဲ ။

ကိုယ့်ဖက်က ချည်ထားတဲ့ ကြိုးလေးမို့
ဒီနေ့ထိ မြဲနေခဲ့တယ်ဆိုတာမှန်း
သိလာရလေလေ ပိုနာကျင်ရလေလေပါပဲ

နေနိုင်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းကို မချစ်ပဲ မနေနိုင်ခဲ့ဘူး

နေတတ်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းလောက် မနေတတ်ခဲ့ဘူး ။

ကိုယ်မှ စာ စမပို့ရင်
ကိုယ်မှ ဖုန်း စမဆက်ရင်
အေးစက်နေတဲ့ ဆက်ဆံရေးကိုလေ

ဒီထက်ပိုပြီး နွေးထွေးအောင်
ကိုယ် မလုပ်တတ်တော့ဘူး ထင်ပါတယ် ။

ကိုယ့်ဖက်က ချည်ခဲ့တဲ့ကြိုးလေးမို့
ကိုယ့်ဖက်ကပဲ ပြန်ရုတ်သိမ်းတယ်လို့ပဲ မှတ်ပါ ။

အဆုံးသတ်တွေထိ
ရပ်စောင့်နေကြတာထက်စာရင်

ဒီထက်ပိုမနာကျင်ခင်
ရပ်လိုက်ကြတာ ကောင်းပါတယ် ။

Credit

01/06/2026

ချစ်သောရေ......

01/05/2026
သင် သိပါသလား...လူဟာ အရမ်းအားငယ်နေချိန်မှာပထမဆုံး သတိရမိတတ်တာကသူ့အတွက် အရေးပါဆုံးဆိုတဲ့ လူကိုပါတဲ့..အဲဒီလူဟာ ဘေးမှာရှိသည်...
01/05/2026

သင် သိပါသလား...
လူဟာ အရမ်းအားငယ်နေချိန်မှာ
ပထမဆုံး သတိရမိတတ်တာက
သူ့အတွက် အရေးပါဆုံးဆိုတဲ့ လူကိုပါတဲ့..

အဲဒီလူဟာ ဘေးမှာရှိသည်ဖြစ်စေ၊
အဝေးမှာရှိသည်ဖြစ်စေ သတိရမိတတ်တယ်။
ဒီအချိန် ဒီအခါမှာ သူ့ဆီက နှစ်သိမ့်မှု ရရင်
သိပ်ကောင်းမယ်လို့ တွေးကြတယ်။

တချို့က ပြောတယ်..
လူတိုင်းက လောဘကြီးတယ်တဲ့။
ပွေ့ဖက်မှုတစ်ခုကို ရပြီးရင်
နမ်းရှုပ်မှုတစ်ခုကို လိုချင်တယ်၊
နမ်းရှုပ်မှုကိုရပြီးရင်
ရှည်လျားတဲ့ တစ်သက်တာကို လိုချင်ရောတဲ့။

ကိုယ်ကတော့ အဲလို မထင်ပါဘူး...
လူတိုင်းကလည်း လောဘမကြီးပါဘူး။

အချစ်ခံ၊ ဦးစားပေးခံရသူကသာ
လောဘကြီးတာပါ။
သူတို့က အချစ်ကို ပိုင်ဆိုင်ထားတော့၊
ဆုံးရှုံးသွားတတ်မှာ မဟုတ်မှန်းလည်း သိတော့
ဆိုးနွဲ့ရဲ၊ စိတ်ရူးပေါက်ရဲ၊ စိတ်ကြီးဝင်ရဲကြတယ်။

တချို့က ချစ်နေ၊ တွယ်တာနေပြီး
လွမ်းဆွတ်ရုံလေးသာ ရခဲ့တယ်။

လွမ်းတယ်ဆိုပြီး ချက်ချင်း တွေ့ခွင့်ရတဲ့လူတွေကို အားကျတတ်လား....

တချို့မှာတော့ လွမ်းတဲ့အခါ ဓာတ်ပုံလေးလှန်ကြည့်၊ အသံတိတ်လွမ်း၊
မနှောင့်ယှက်တာကို အကျင့်ဖြစ်နေခဲ့ပြီ။

စိတ်ထဲမှာ သူ့နာမည်ကို အကြိမ်တစ်ထောင်၊
တစ်သောင်းမက ဟစ်ခေါ်မိလည်း
အပြင်ပန်းက ဘာမှ မဖြစ်သလို၊
မေ့သွားသလို ရှိနေခဲ့ပြီ။

လူတစ်ယောက်ကို လွမ်းတဲ့အရသာက
ဘယ်လိုပါလိမ့်...

မူးနေအောင် သောက်ထားလည်း
ဘယ်သူ့ကို ကြည့်ကြည့် သူနဲ့ တူနေတာမျိုးလား။

နားထောင်မိတဲ့ သီချင်းစာသားတိုင်းက
သူနဲ့ ကိုယ့်ဇာတ်လမ်းကို ရေးထားတာမျိုးလား။

အရာရာတိုင်းမှာ သူ့အရိပ်က ထင်နေတယ်။

လူတစ်ယောက်ကို လွမ်းတဲ့အခါ
တစ်ခါခါ နွေးထွေးတယ်၊
တစ်ခါခါ အထီးကျန်တယ်။

ကံကောင်းတဲ့ လွမ်းဆွတ်ခြင်းက
တစ်ယောက်ယောက်ကို ကိုယ်လွမ်းတဲ့အခါ
အဲဒီတစ်ယောက်ယောက်ကလည်း
ကိုယ့်ကို လွမ်းနေတာပါပဲ...

ကံကောင်းပါစေနော်....


#
နိုင်းနိုင်းစနေ
Crd

Address

Rockford, IL

Website

Alerts

Be the first to know and let us send you an email when သံစဥ် ချို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share