05/28/2026
❤️
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ တောင်းဆိုတဲ့အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲတစ်ခုကို လန်ဒန်မြို့က မြန်မာသံရုံးရှေ့မှာ ဗြိတိန်စံတော်ချိန် ဇွန်လ ၁၈ ရက် ညနေ ၃ နာရီကစလို့နောက် တစ်ရက်အထိ ၂၄ နာရီကြာ ပြုလုပ်ဖို့ရှိတယ်လို့ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတွေက ပြောပါတယ်။
နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားတယ်ဆိုတာမျိုး တိတိကျကျ သက်သေမပြတာနဲ့ အသက် ၈၁ နှစ်ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြသဖို့ ကမ္ဘာတလွှား ဆန္ဒဖော်ထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လန်ဒန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုကို တောင်းဆိုတဲ့အနေနဲ့ အကြမ်းမဖက်ဆန္ဒဖော်ထုတ်မှုကို ပါဝင်ကြဖို့ကိုလည်း ဒီပွဲကို ဦးဆောင်တဲ့ ဗြိတိန်ရောက် မြန်မာနွယ်ဖွားတွေက တိုက်တွန်းပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ မေ ၂၈ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/cg4pw09y4yvt နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဒေါ်အောင်ဆန်းစုကြည် #ဗြိတိန် #လန်ဒန်