Shwe Fashion & Design

Shwe Fashion & Design Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Fashion & Design, Mandalay.

Fashion Illustration, Design & Pattern Maker Service For Local Clothing Brand ...
Available Womenswear & Menswear Recorded/ Zoom Online Fashion Classes (Illustration , Basic, Advanced & Ready To Wear )

အချိန် အတော်ပေးရတဲ့ ပွဲတက်ပုဝါ...   #ပွဲတက်  #ပုဝါ
20/05/2026

အချိန် အတော်ပေးရတဲ့ ပွဲတက်ပုဝါ...

#ပွဲတက် #ပုဝါ

16/05/2026

ပန်းတပွင့် ဖြစ်ဖို့ မလွယ်ဘူး...
စျေးဝယ်တိုင်း
စျေးဆစ်ရတာ ဝါသနာပါပေမဲ့
လက်မှုပညာရှင်တွေနဲ့
ဟင်းသီးဟင်းရွက်သည်တွေကိုတော့
စျေးမဆစ်ဘူး...

ကိုယ်တိုင် ပန်းပန်ရတာကို မကြိုက်ပေမဲ့
ပန်းပန်တဲ့ အမျိုးသမီးတွေကို မြင်ရင်
သဘောကျတယ်...
ပန်းဆိုရင် စစ်စစ်တုတု အကုန်ကြိုက်တယ်...

အောက်က ပန်းလေးတွေကတော့
(၃)ရက်အတွင်း
ကိုယ့်အမ သင်ပေးခဲ့သမျှ ပန်းလေးတွေ...
တချို့က မမ လက်ရာ...
တချို့က ကိုယ့်လက်ရာ...
တချို့က သင်တန်းသူလက်ရာတွေ...

ရေလျှော်လဲရတဲ့ ကော်က
(၂၀)ရက်နေ့နောက်ပိုင်းမှ
ထပ်ရောက်မှာမို့လို့
သင်သမျှ ပန်းအကုန်တော့
မလုပ်ခဲ့လိုက်ရဘူး...

စနစ်ကျတဲ့ Sample တထည်ဟာစိတ်ချယုံကြည်ရတဲ့ Product ရဲ့အခြေခံ Foundation ပဲ...အထည်ပေါင်း (၁၀၀) မှာ အမှားပါသွားတာထက်၊ Sample...
11/05/2026

စနစ်ကျတဲ့ Sample တထည်ဟာ
စိတ်ချယုံကြည်ရတဲ့ Product ရဲ့
အခြေခံ Foundation ပဲ...
အထည်ပေါင်း (၁၀၀) မှာ
အမှားပါသွားတာထက်၊
Sample တထည်တည်းမှာတင်
အမှားကို ရှာဖွေပြင်ဆင်နိုင်ခြင်းက
လုပ်ငန်းတခုရဲ့ အချိန်နဲ့ အရင်းအနှီးကို
အထိရောက်ဆုံး ကာကွယ်ပေးတာကြောင့်
Sample အဆင့်ဟာ Production ပိုင်းရဲ့
အရေးကြီးဆုံး ကဏ္ဍမှာ ပါပါတယ်...

ရွှေ

10/05/2026

ဂိမ်း​ဆော့ပြီး (၃) ထည်ယူ 💥
​Lek Kha Moun ရဲ့ ပထမဆုံး Giveaway အစီအစဉ်!!!
https://www.facebook.com/share/p/172NL2bzUS/

💥Product (Code - LKM26001 Lek Kha Moun T-shirt)

အခု T- shirt သားက ZARA ( Made in Bangladesh) Cotton 100 % အသားကောင်းဖြစ်တာကြောင့် အသားက အေးပြီး နူးညံ့တဲ့အတွက် မြန်မာနိုင်ငံလို ပူအိုက်တဲ့ ရာသီဥတုနဲ့ အလွန်ကိုက်ညီပါတယ်။ အထည်သားကို အသာအယာ ဆွဲဆန့်ကြည့်ပြီး ပြန်လွှတ်လိုက်ရင်လဲ မူလပုံစံအတိုင်း ချက်ချင်း ပြန်ဖြစ်သွားပါတယ်။

◾ Size
L
ပုခုံး - ၂၀”
ရင် - ၄၂ "
အရှည် - ၂၉"

XL
ပုခုံး - ၂၁"
ရင် - ၄၄”
အရှည် - ၃ဝ"
(Size အတိုးအလျော့ အနည်းငယ် ကွဲနိုင်သည်။)

◾ Colour - Black

◾Price
မူရင်းစျေး - ၄၂,ဝဝဝ ကျပ်
ယခု - ၃၅,ဝဝဝ ကျပ် ( ၀၉.၀၆. ၂၀၂၆ အထိသာ)
အသင်းအဖွဲ့များ၊ လက်ဝှေ့/ သိုင်းကလပ်များ အထည် (၁၀/ ၁၅/ ၂၀/ ၃၀)အလိုက် လက္ကားစျေးသီးသန့် ရှိပါတယ်... Page ရဲ့ Messenger မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

💥 cash on delivery - Yangon /Mandalay ( ကျန်မြို့အားလုံး ငွေကြိုရှင်းပါ ခင်ဗျာ)

💥မှာယူလိုပါက Page ရဲ့ Messenger မှာ ဖြစ်ဖြစ် ၊ Comment မှာ ဖြစ်ဖြစ်

"သင်ဟာ ရဲရင့်သူတယောက်ပါ။
သင့်ရဲ့ ဝတ်စားဆင်ယင်မှုကလဲ
အဲဒီရဲရင့်မှုကို ထင်ဟပ်နေပါစေ။"

https://www.facebook.com/share/p/172NL2bzUS/

Lek Kha Moun
Wear The Warrior

#လက်ခမောင်း

ကိုယ့်အတွက်အထည်ချုပ်ချုပ်၊  ပတ်တမ်ဆွဲဆွဲအလုပ်တခုသက်သက် မဟုတ်တော့ဘူး...အပ်ချည်တမျှင်ချင်း၊ချုပ်ရိုးတကြောင်းချင်းစီမှာ စိတ...
22/03/2026

ကိုယ့်အတွက်
အထည်ချုပ်ချုပ်၊ ပတ်တမ်ဆွဲဆွဲ
အလုပ်တခုသက်သက် မဟုတ်တော့ဘူး...

အပ်ချည်တမျှင်ချင်း၊
ချုပ်ရိုးတကြောင်းချင်းစီမှာ
စိတ်ကို ငြိမ်အောင်ထားပြီး
ပုံဖော်နေရလို့
တရားကျင့်စဉ် တခုလိုပါပဲ...

သမထရော၊ ဝိပဿနာရော
ပါဝင်နေတဲ့ ကျင့်စဉ်တခုလိုပါပဲ...

ဘာလို့လဲဆိုတော့
အပ်ဖျားလေးနဲ့ ပိတ်စရဲ့ ထိတွေ့မှုပေါ်မှာ
ချုပ်ရိုးကြောင်းလေးတွေပေါ်မှာပဲ
စိတ်ကို စူးစိုက်ထားတာဟာ
သမထ သဘောပါပဲ...
စိတ်က ဟိုရောက်ဒီရောက်
မဖြစ်တော့ဘဲ အပ်ချည်မျှင်၊
အပ်ပေါက်လေးတွေပေါ်မှာပဲ
အသိ ကပ်နေတာကြောင့်
စိတ်က ငြိမ်သက်သွားတယ်...
အေးချမ်းသွားတယ်...
အလုပ်လုပ်နေရင်းနဲ့
ငြိမ်သွားတာ အေးချမ်းနေတာဟာ
သမထရဲ့ အကျိုးကျေးဇူးပါ...

တဖက်မှာလဲ
ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းကို
သတိနဲ့ သိနေပြီး
စိတ်ရှည်လက်ရှည်နဲ့ ပုံဖော်ရတာက
ဝိပဿနာသဘောအရ
ကိုယ့်စိတ်ကို ပြန်စစ်ဆေးနေရသလိုပဲ...

ချုပ်ရင်းဆွဲရင်းနဲ့
ဖြစ်နေတဲ့ စိတ်အခြေအနေနဲ့
ရုပ်ရဲ့ လှုပ်ရှားမှုသဘောကို
သိနေတာကြောင့်
ဝိပဿနာဘက်ကို ဆက်နွယ်နေတယ်...

ဘာလို့လဲဆိုတော့
လက်လှုပ်ရှားသွားတာကို
သိနေမယ်...
တထည်တည်းမှာပဲ
ပိတ်နှစ်စ ပူးချုပ်နေတဲ့
နေရာမျိုးနဲ့
ကွပ်စာတွေ ခေါက်စာတွေနဲ့
ထူတဲ့နေရာမျိုးမှာ ခုနက ပိတ်နှစ်စကို
ချုပ်ရသလို မဟုတ်တော့ဘဲ
ချည် အစိပ်အကျဲကို
ပြန်ပြန်ကစားပေးရတယ်...

မကစားပေးဘဲ ဆက်ချုပ်လိုက်လို့
ချည်စိပ်တွေ အစိပ်မတူတော့လို့
မလှတော့ရင်၊
ပွဲတက်စီးကွင့်ထည်တွေ ၊ ဇာတွေ
ချုပ်ရတဲ့အခါမျိုးတွေမှာ
စီးကွင့်ဘောကြယ်တွေကြောင့်
ချုပ်ကြောင်းလေးတွေ
နည်းနည်းစောင်းသွားတဲ့အခါမျိုးတွေမှာ
စိတ်ထဲမှာ
အားမလိုအားမရ ဖြစ်လာရင်
အဲ့ဒီစိတ်လေးကို
"ဪ... ငါ့စိတ်ထဲမှာ ဒေါသ၊
ဒါမှမဟုတ် ကျေနပ်အားရနေရင်လဲ
လောဘ ဖြစ်နေပါလား လို့
သတိနဲ့ သိရတယ်...

အထည်တထည်၊ ပတ်တမ်တခုဟာ
အစကနေ အဆုံးထိ
ပိတ်စ၊ စာရွက်အလွတ်ကနေ
တဖြည်းဖြည်းချင်း ပြောင်းလဲပြီး
ပုံပေါ်လာပုံ (အနိစ္စသဘော) ကို
ဆင်ခြင်/ မြင်နေရတာကြောင့်
ဝိပဿနာသဘော
သက်ရောက်နေတာ...

ဒါကြောင့် အထည်ချုပ်ချုပ်
ပတ်တမ်ဆွဲဆွဲ
အလုပ်လို့ မမြင်မိတော့ဘဲ
စိတ်ကို တည်ငြိမ်အောင်၊ အေးချမ်းအောင်
ကျင့်ကြံနေတာနဲ့တူတယ်လို့
ကိုယ်လဲ တခါတလေ တွေးမိတယ်...

အလုပ်က တရား၊
တရားက အလုပ်" ဆိုတဲ့အတိုင်း
ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ
ကိုယ် ဖန်တီးလိုက်တဲ့ လက်ရာကို
ကျေနပ်သဘောကျနေတဲ့
Customer တယောက်ရဲ့ တုံ့ပြန်မှု၊
စေတနာ ၊ ဝီရိယနဲ့ သတိ
အပြည့်အဝ ထားနိုင်ရင်
ဒီအလုပ်ဟာ ကုသိုလ်ဖြစ်စေတဲ့
တရားကျင့်စဉ်တခု ဖြစ်သွားတာပါပဲ...

A work in progress to bridge the years...  ​
31/12/2025

A work in progress to bridge the years...

ROYON Brand...
22/12/2025

ROYON Brand...

ROYON Brand
21/12/2025

ROYON Brand

Not finished yet...The light knows what's coming...
20/12/2025

Not finished yet...The light knows what's coming...

ဆရာ Z ထုတ်သမျှစာအုပ်တွေရယ်...အမေ ပြောပြဖူးတဲ့ ရှေ့မူရင်းပိုင်ရှင်နှစ်ဆက်ရယ်အိမ်မှာ ရှိနေတဲ့ နှစ်ပေါင်း (၄၀)ရယ်စုစုပေါင်း...
20/12/2025

ဆရာ Z ထုတ်သမျှစာအုပ်တွေရယ်...
အမေ ပြောပြဖူးတဲ့ ရှေ့မူရင်းပိုင်ရှင်နှစ်ဆက်ရယ်
အိမ်မှာ ရှိနေတဲ့ နှစ်ပေါင်း (၄၀)ရယ်
စုစုပေါင်း နှစ်ပေါင်း (၁၀၀) ကျော်နေပြီဖြစ်တဲ့
ကိုလိုနီခေတ်ကတည်းက
အင်္ဂလန်မိတ် SINGER စက်ရယ်...
မနက်ခင်းအမှိုင်းလေး...

Address

Mandalay

Telephone

+9595179524

Website

Alerts

Be the first to know and let us send you an email when Shwe Fashion & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Fashion & Design:

Share