HIV Myanmar Prevention

HIV Myanmar Prevention Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HIV Myanmar Prevention, Tamwe, Yangon.

"HIV Prevention" သည် HIV ကာကွယ်မှုနှင့် အခြေခံကျန်းမာရေး သတင်းအချက်အလက်များကို မျှဝေသည့် Page ဖြစ်ပါသည်။ HIV အရေးပေါ်ကာကွယ်ဆေး (PEP)၊ ကြိုတင်ကာကွယ်ဆေး (PrEP)၊ ART ဆေးများနှင့် HIV စစ်ဆေးနိုင်သည့် Test Kits အကြောင်း အသိပညာပေးခြင်းများကို ရည်ရွယ်ထားပါသည်။

PEP ကို ဘယ်သူတွေ စဉ်းစားသင့်သလဲ?PEP (Post-Exposure Prophylaxis) ဆိုတာ HIV ကူးစက်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပွားပြီးနောက် ...
12/07/2026

PEP ကို ဘယ်သူတွေ စဉ်းစားသင့်သလဲ?

PEP (Post-Exposure Prophylaxis) ဆိုတာ HIV ကူးစက်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပွားပြီးနောက် HIV ကူးစက်မှုကို လျှော့ချနိုင်ဖို့ အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်။
အောက်ပါအခြေအနေတွေ ဖြစ်ခဲ့ရင် PEP လိုအပ်နိုင်ပါတယ်။

🔹 အကာကွယ်မဲ့လိင်ဆက်ဆံခြင်း၊ဆက်ဆံစဥ်အတွင်းcondomပေါက်ပြဲခြင်း။

🔹 ဆေးထိုးအပ်၊ဆေးထိုးပြွန်များ မျှဝေသုံးစွဲမိခြင်း

🔹 ကျန်းမာရေးဝန်ထမ်းများတွင် အလုပ်လုပ်နေစဉ် အပ်စူးမိခြင်း၊ သွေး သို့မဟုတ် ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့မိခြင်း။
PEP ကို HIV ကူးစက်နိုင်တဲ့ အခြေအနေ ဖြစ်ပွားပြီးနောက် 72 နာရီအတွင်း စတင်သောက်သင့်ပြီး၊ စောလေ ပိုကောင်းလေ ဖြစ်ပါတယ်။
PEP ကို ပုံမှန်အားဖြင့် 28 ရက်တိတိ ဆက်တိုက်သောက်ရပါတယ်။
PEP ဟာ အရေးပေါ်ကာကွယ်မှုအတွက် ဖြစ်ပြီး HIV ကာကွယ်ရေးအတွက် ပုံမှန်အသုံးပြုတဲ့ ဆေးမဟုတ်ပါ။ HIVပိုးနှင့် ထိတွေ့နိုင်ခြေ မကြာခဏရှိသူများအတွက်တော့ PrEP ကို ဆရာဝန်နှင့် တိုင်ပင်
စဉ်းစားနိုင်ပါတယ်။

PEP ဆေးနဲ့ပါတ်သက်ပြီး ဆွေးနွေးပေးခြင်း၊
လမ်းညွှန်ပေးခြင်း အခမဲ့ပြုလုပ်ပေးပါတယ်။

PEP ဝန်ဆောင်မှုများကို ရရှိနိုင်ဖို့အတွက်
ဆက်သွယ်ရန် - - - 09764224628 ကိုခေါ်ဆို၍ဖြစ်စေ၊ Page Messenger မှာလည်း အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

ART သောက်ရင် ကိုယ်အလေးချိန်တက်နိုင်လား? "ART  ဆေးသောက်ပြီး အရင်ကထက် ဝလာသလိုခံစားရတယ်..." လို့ ပြောကြသူတွေ ရှိပါတယ်။အမှန်...
09/07/2026

ART သောက်ရင် ကိုယ်အလေးချိန်တက်နိုင်လား?

"ART ဆေးသောက်ပြီး အရင်ကထက် ဝလာသလိုခံစားရတယ်..." လို့ ပြောကြသူတွေ ရှိပါတယ်။
အမှန်တော့ တချို့လူတွေမှာ ကိုယ်အလေးချိန်တက်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ မဖြစ်ပါဘူး။

ART​ ဆေးသောက်တဲ့အခါHIVပိုးကို ထိန်းချုပ်နိုင်လာပြီး ခန္ဓာကိုယ်ကျန်းမာရေး ပိုမိုကောင်းမွန်လာတာကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

တချို့ ART ဆေးအမျိုးအစားတွေမှာလည်း ကိုယ်အလေးချိန်တက်နိုင်တဲ့ ဘေးထွက်သက်ရောက်မှု ရှိနိုင်ပါတယ်။အစားအသောက်မျှတစွာစားပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာကလည်း ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ အထောက်အကူဖြစ်စေပါတယ်။
ကိုယ်အလေးချိန်အပြောင်းအလဲကြောင့် စိုးရိမ်နေတာမျိုးရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အကြံဉာဏ်ကို ရယူပါ။ ART ဆေးကို နေ့စဉ် မပျက်မကွက် ပုံမှန်သောက်ပေးဖို့က HIVပိုး ကို ထိန်းချုပ်ထားနိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

HIVပိုးရှိမရှိအခမဲ့စစ်ဆေးခြင်း ၊ ART ဆေးနှင့်ပက်သက်၍ ဆွေးနွေးခြင်း လမ်းညွုန်ပေးခြင်းများအခမဲ့ပြုလုပ်ပေးပါတယ်။
ဝန်ဆောင်မှုရယူရန်- 09764224628 ကိုခေါ်ဆို၍ဖြစ်စေ page messengerမှာလည်း ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။


ိပညာ
ေး
#ကျန်းမာရေး


PEP သောက်နေစဉ် သတိထားရမယ့်အချက်များPEP (Post-Exposure Prophylaxis) ကို HIV ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပြီး...
06/07/2026

PEP သောက်နေစဉ် သတိထားရမယ့်အချက်များ

PEP (Post-Exposure Prophylaxis) ကို HIV ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပြီးနောက် ၇၂ နာရီအတွင်း စတင်သောက်သင့်တဲ့ ဆေး ဖြစ်ပါတယ်။

PEP ဆေးသောက်မယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားဖို့ အရေးကြီးပါတယ်။

✅ 1. နေ့တိုင်း အချိန်မှန်သောက်ပါ
ဆေးမပျက်ဘဲ နေ့တိုင်း အချိန်အတိကျ သောက်ခြင်းက PEP ရဲ့ ထိရောက်မှုကို မြင့်စေပါတယ်။

✅ 2. ၂၈ ရက် ပြည့်အောင် သောက်ပါ
သက်သာသွားပြီလို့ထင်ပြီး ဆေးသောက်ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ သတ်မှတ်ထားတဲ့ ၂၈ ရက်ကို ပြည့်အောင် သောက်ဖို့ လိုပါတယ်။

✅ 3. ဘေးထွက်လက္ခဏာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ပျို့အန်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဘေးထွက်လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အများစုက ယာယီဖြစ်ပြီး သက်သာသွားတတ်ပါတယ်။ မိမိဘာသာ ဆေးသောက်မရပ်ဘဲ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပါ။

✅ 4. Follow-up HIV Test ကို သွားစစ်ပါ
PEP သောက်ပြီးတာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ ဆရာဝန် ညွှန်ကြားတဲ့ အချိန်အတိုင်း HIV Test ကို ပြန်လည်စစ်ဆေးဖို့ လိုပါတယ်။

✅ 5. PEP က HIV ကို ၁၀၀% ကာကွယ်ပေးတာ မဟုတ်ပါ။
ဒါကြောင့် PEP သောက်နေချိန်နဲ့ သောက်ပြီးတဲ့နောက်မှာလည်း Condom အသုံးပြုခြင်းလို ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာသင့်ပါတယ်။

PEP ကို မြန်မြန်စသောက်လေ၊ ကာကွယ်နိုင်တဲ့ အခွင့်အရေး ပိုများလေ ဖြစ်ပါတယ်။
PEP ဆေးနဲ့ပါတ်သက်ပြီး ဆွေးနွေးပေးခြင်း၊
လမ်းညွှန်ပေးခြင်း အခမဲ့ပြုလုပ်ပေးပါတယ်။

PEP ဝန်ဆောင်မှုများကို ရရှိနိုင်ဖို့အတွက်
ဆက်သွယ်ရန် - - - 09764224628 ကို ခေါ်ဆို၍ဖြစ်စေ၊ Page Messenger မှာလည်း အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

#ကာလသား #ဂနို

ART ဆေးရဲ့ဘေးထွက်လက္ခဏာများART ဆေးစသောက်တဲ့အချိန်တွင် လူတချို့မှာ ဘေးထွက်လက္ခဏာအနည်းငယ် ဖြစ်နိုင်ပါတယ်။အဖြစ်များတဲ့ လက္ခ...
24/06/2026

ART ဆေးရဲ့ဘေးထွက်လက္ခဏာများ

ART ဆေးစသောက်တဲ့အချိန်တွင် လူတချို့မှာ ဘေးထွက်လက္ခဏာအနည်းငယ် ဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့ -
🔹 မူးဝေခြင်း
🔹 ခေါင်းကိုက်ခြင်း
🔹 ပျို့အန်ချင်ခြင်း
🔹 အိပ်မပျော်ခြင်း
🔹 ပင်ပန်းနွမ်းနယ်ခြင်း
🔹 ဝမ်းလျှောခြင်း

ဒီလက္ခဏာတွေဟာ များသောအားဖြင့် ART ဆေးစသောက်ပြီး ပထမရက်ပိုင်း၊ ပထမအပတ်ပိုင်းတွေမှာ တွေ့ရနိုင်ပြီး ခန္ဓာကိုယ်က ဆေးနဲ့
လိုက်လျောညီထွေ ဖြစ်လာတာနဲ့အမျှ သက်သာသွားလေ့ရှိပါတယ်။

ဒါပေမယ့်... အသက်ရှူရခက်ခြင်း၊ အရေပြားအဖုအပိန့်များထွက်ခြင်း၊ မျက်နှာဖောင်းခြင်း၊ အသည်းပြဿနာလက္ခဏာများ ပေါ်လာခြင်း စတဲ့ ပြင်းထန်တဲ့လက္ခဏာတွေရှိလာရင် သက်ဆိုင်ရာ​ဆေးပေးဌာနကို အမြန်ဆုံး ဆက်သွယ်သင့်ပါတယ်။ဘေးထွက်လက္ခဏာရှိလို့ ART ဆေးကို ကိုယ်တိုင် ရပ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ ARTဆေး ကို နေ့စဉ်မှန်မှန်သောက်ခြင်းက HIV ပိုးကို ထိန်းချုပ်နိုင်ပြီး ကျန်းမာတဲ့ဘဝကို ဆက်လက်ရရှိစေပါတယ်။

ART ဆေးနှင့်ပက်သက်ပြီးအသေးစိတ်သိရှိလိုပါက
09764224628 ကိုခေါ်ဆို၍ဖြစ်စေ page messenger မှာလည်းအခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။


PrEP နဲ့ PEP ကိုအတူတူပဲလို့ထင်နေသေးလား?HIV ကာကွယ်ရေးအတွက် အသုံးပြုတဲ့ PrEP နဲ့ PEP ဟာ အတူတူမဟုတ်ပါဘူး။💊 PrEP (Pre-Exposu...
22/06/2026

PrEP နဲ့ PEP ကိုအတူတူပဲလို့ထင်နေသေးလား?

HIV ကာကွယ်ရေးအတွက် အသုံးပြုတဲ့ PrEP နဲ့ PEP ဟာ အတူတူမဟုတ်ပါဘူး။

💊 PrEP (Pre-Exposure Prophylaxis)
HIV ကူးစက်နိုင်ခြေရှိသူတွေက မကူးစက်ခင် ကြိုတင်သောက်တဲ့ဆေး ဖြစ်ပါတယ်။
⏰ PEP (Post-Exposure Prophylaxis)
HIV ကူးစက်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပြီးနောက် 72 နာရီအတွင်း အမြန်ဆုံးစတင်သောက်ရတဲ့ဆေး ဖြစ်ပါတယ်။
📌 အလွယ်မှတ်ရန်
👉 PrEP = မကူးစက်ခင် ကြိုတင်ကာကွယ်ခြင်း
👉 PEP = ထိတွေ့ပြီးနောက် အရေးပေါ်ကာကွယ်ခြင်း

PrEP နဲ့ PEP နှစ်မျိုးစလုံးဟာ HIV ကာကွယ်ရေးအတွက် ထိရောက်တဲ့ နည်းလမ်းတွေဖြစ်တာကြောင့် လိုအပ်တဲ့အချိန်မှာ မှန်ကန်စွာ အသုံးပြုဖို့ အရေးကြီးပါတယ်။HIV ကာကွယ်ရေးမှာ မှန်ကန်တဲ့ အချက်အလက်တွေ သိရှိထားခြင်းက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

PrEPနဲ့PEP အတွက်လိုအပ်တဲ့လမ်းညွုန်မှုတွေကိုရရှိနိုင်ဖို့အတွက် ဆက်သွယ်ရန် 09764224628(Viber/Telegram /Whatsapp) ကိုခေါ်ဆို၍ဖြစ်စေ page messenger မှာလည်းအခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။


HIV ပိုးမကူးစက်နိုင်တဲ့ နေ့စဉ်အပြုအမူများHIV နဲ့ပတ်သက်ပြီး အယူအဆမှားများကြောင့် HIV နှင့်အတူနေထိုင်သူများအပေါ် ခွဲခြားဆက...
21/06/2026

HIV ပိုးမကူးစက်နိုင်တဲ့ နေ့စဉ်အပြုအမူများ

HIV နဲ့ပတ်သက်ပြီး အယူအဆမှားများကြောင့် HIV နှင့်အတူနေထိုင်သူများအပေါ် ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်တတ်ပါတယ်။ အမှန်တကယ်တော့ HIVပိုး ဟာ နေ့စဉ်ပုံမှန်ထိတွေ့ဆက်ဆံမှုများကနေ မကူးစက်နိုင်ပါဘူး။
✅ လက်ဆွဲနှုတ်ဆက်ခြင်း
✅ ပွေ့ဖက်ခြင်း
✅ အတူထိုင်ခြင်း၊ အတူအလုပ်လုပ်ခြင်း
✅ အတူစားသောက်ခြင်း၊ ပန်းကန်ခွက်ယောက်မျှဝေသုံးစွဲခြင်း
✅ အများသုံးအိမ်သာ အသုံးပြုခြင်း
✅ ရေကူးကန် အသုံးပြုခြင်း
✅ ချောင်းဆိုးခြင်း၊ နှာချေခြင်း
✅ ခြင် သို့မဟုတ် အင်းဆက်ပိုးများ ကိုက်ခြင်း
✅ အဝတ်အစား၊ အိပ်ယာ၊ မျက်နှာသုတ်ပဝါ မျှဝေသုံးစွဲခြင်း စတဲ့အချက်တွေကနေHIVပိုးဟာလုံးဝမကူးစက်နိုင်ပါဘူး။

HIV ပိုးသည် သွေး၊ သုတ်ရည်၊ မိန်းမကိုယ်ရည် နှင့် မိခင်နို့ကဲ့သို့သော ခန္ဓာကိုယ်အရည်များမှတစ်ဆင့်သာ ကူးစက်နိုင်ပါသည်။
HIV နှင့်အတူ နေထိုင်သူများကို နားလည်လေးစားစွာ ဆက်ဆံပြီး အမှန်တရားကို မျှဝေကြဖို့တိုက်တွန်းချင်ပါတယ်။အသိပညာတိုးပွားခြင်းက အမုန်းတရားနှင့် ခွဲခြားဆက်ဆံမှုကို လျှော့ချပေးနိုင်ပါတယ်။

HIV,ကာလလသားနှင့်လိင်မှတစ်ဆက်ကူးစက်တတ်သောရောဂါများနှင့်ပက်သက်၍သိလိုသမျှကို ဆက်သွယ်ရန် 09764224628 (Viber/telegram/Whatsapp) ကိုခေါ်ဆို၍ဖြစ်စေ page messenger မှာလည်းလာရောက်ဆွေးနွေးနိုင်ပါတယ်။


PEP  ဆေးကို 72 နာရီအတွင်း ဘာကြောင့် စသောက်ရတာလဲ?PEP (Post-Exposure Prophylaxis) ဆိုတာ HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတစ...
20/06/2026

PEP ဆေးကို 72 နာရီအတွင်း ဘာကြောင့် စသောက်ရတာလဲ?

PEP (Post-Exposure Prophylaxis) ဆိုတာ HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပွားပြီးနောက် HIV ကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့ အရေးပေါ်ကာကွယ်ဆေး ဖြစ်ပါတယ်။

⏰ PEP ကို 72 နာရီ (3 ရက်) အတွင်း စတင်သောက်ဖို့ အရေးကြီးပါတယ်။

ဘာကြောင့်လဲ?

🔹 HIV ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက် အချိန်ကြာလာတာနဲ့အမျှ ဆဲလ်တွေထဲမှာ ပွားများနိုင်ပါတယ်။
🔹 PEP က HIVပိုးကို ခန္ဓာကိုယ်အတွင်း အခြေချမသွားခင် တားဆီးပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
🔹 ထိတွေ့ပြီးနောက် စောစောသောက်လေ ကာကွယ်နိုင်စွမ်း ပိုကောင်းလေ ဖြစ်ပါတယ်။
⚠️ 72 နာရီကျော်သွားရင် PEP ရဲ့ ထိရောက်မှု သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။

📌 HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေ ဖြစ်ပွားခဲ့ရင် မစောင့်ပါနဲ့။ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ အမြန်ဆုံး ဆက်သွယ်ပြီး အကြံဉာဏ် ရယူပါ။
PEP ဆေးနဲ့ပါတ်သက်ပြီး ဆွေးနွေးပေးခြင်း၊
လမ်းညွှန်ပေးခြင်း အခမဲ့ပြုလုပ်ပေးပါတယ်။

PEP ဝန်ဆောင်မှုများကို ရရှိနိုင်ဖို့အတွက်
ဆက်သွယ်ရန် - - - 09764224628 ကို ခေါ်ဆို၍ဖြစ်စေ၊ Page Messenger မှာလည်း အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။


HIV, STI, PrEP, PEP, ART နဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိပါသလား?📌 HIV ဘယ်လိုကူးစက်လဲ? 📌 PEP ကို ဘယ်အချိန်အတွင်း စသောက်ရမလဲ?...
19/06/2026

HIV, STI, PrEP, PEP, ART နဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိပါသလား?

📌 HIV ဘယ်လိုကူးစက်လဲ? 📌 PEP ကို ဘယ်အချိန်အတွင်း စသောက်ရမလဲ? 📌 PrEP နဲ့ PEP ဘာကွာလဲ? 📌 ART သောက်ရင် ပုံမှန်ဘဝနဲ့ နေလို့ရလား? 📌 Viral Load ဆိုတာ ဘာလဲ?
ဒီလို မေးခွန်းမျိုးတွေကို Chatbox မှာ မေးမြန်းနိုင်ပါတယ်။
✅ အတတ်နိုင်ဆုံး တိကျမှန်ကန်တဲ့ အချက်အလက်တွေနဲ့ ဖြေကြားပေးသွားပါမယ်။ ✅ မေးခွန်းမေးသူရဲ့ ကိုယ်ရေးအချက်အလက်ကို လေးစားစွာ ထိန်းသိမ်းပေးပါတယ်။
💙 ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ မျှဝေရင်း HIV ကာကွယ်ရေးကို အတူတကွ လုပ်ဆောင်ကြရအောင်။


ART ဆေးစသောက်ပြီး ဘယ်လောက်ကြာရင် Viral Load ကျလာမလဲ?ART (Antiretroviral Therapy) ကို နေ့စဉ်ပုံမှန်သောက်နေမယ်ဆိုရင် HIV V...
18/06/2026

ART ဆေးစသောက်ပြီး ဘယ်လောက်ကြာရင် Viral Load ကျလာမလဲ?

ART (Antiretroviral Therapy) ကို နေ့စဉ်ပုံမှန်သောက်နေမယ်ဆိုရင် HIV Viral Load ဟာ တဖြည်းဖြည်း လျော့ကျလာပါတယ်။
လူအများစုမှာ ART စသောက်ပြီး ၁ လမှ ၃ လအတွင်း Viral Load သိသိသာသာ ကျဆင်းလာနိုင်ပါတယ်။
၃ လမှ ၆ လအတွင်း Viral Load ကို Undetectable (စမ်းသပ်မှုနဲ့ မတွေ့နိုင်တဲ့အဆင့်) ရောက်ရှိလာနိုင်ပါတယ်။
Viral Load မြန်မြန်ကျဖို့ အရေးကြီးတဲ့အချက်တွေကတော့
-ART ကို နေ့တိုင်း အချိန်မှန်သောက်ခြင်း
-ဆေးမလွတ်ခြင်း
-ဆရာဝန်ညွှန်ကြားချက်အတိုင်း Follow-up ပြုလုပ်ခြင်း
Undetectable = Untransmittable (U=U)
Viral Load ကို Undetectable အဆင့်အထိ ထိန်းထားနိုင်ရင် HIV ကို လိင်ဆက်ဆံမှုမှတဆင့် နိုင်ခြေနည်းသွားနိုင်ပါတယ်။

HIV ရှိမရှိအခမဲ့စစ်ဆေးခြင်းနှင့်ARTဆေးအကြောင်းအသေးစိတ်သိရှိလိုပါက 09764224628 ကိုခေါ်ဆို၍ဖြစ်စေ page messenger မှာလည််းလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။


HIV ပိုးရှိရင် ပုံမှန်ဘဝနဲ့ အသက်ရှည်ရှည် နေနိုင်လား?အဖြေကတော့ ✅ နေနိုင်ပါတယ်။ယနေ့ခေတ်မှာ HIV ကုသဆေး (ART) တွေကြောင့် HIV...
16/06/2026

HIV ပိုးရှိရင် ပုံမှန်ဘဝနဲ့ အသက်ရှည်ရှည် နေနိုင်လား?

အဖြေကတော့ ✅ နေနိုင်ပါတယ်။

ယနေ့ခေတ်မှာ HIV ကုသဆေး (ART) တွေကြောင့် HIV ပိုးရှိသူများဟာ ဆေးကို မှန်မှန်သောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူမယ်ဆိုရင် အခြားသူတွေနဲ့ မခြားနားဘဲ ပုံမှန်ဘဝကို ဖြတ်သန်းနိုင်ပါတယ်။

📌 အလုပ်လုပ်နိုင်တယ်
📌 ပညာသင်နိုင်တယ်
📌 အိမ်ထောင်ပြုနိုင်တယ်
📌 ကလေးယူနိုင်တယ်
📌 အသက်ရှည်ရှည် နေနိုင်တယ်

ART ဆေးကို ပုံမှန်သောက်ခြင်းကြောင့် HIVပိုးကောင်ရေ(viral load) ကို မတွေ့ရှိနိုင်တဲ့အဆင့် (Undetectable) အထိ လျှော့ချနိုင်ပြီး HIV ကူးစက်နိုင်ခြေလည်း အလွန်နည်းပါးသွားပါတယ်။

HIV ဆိုတာ ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူး။ စောစောသိ၊ စောစောကုသ၊ မှန်မှန်ဆေးသောက်ခြင်းက ကျန်းမာတဲ့ဘဝကို ဆက်လက်ရရှိစေပါတယ်။

HIV ပိုးရှိမရှိစစ်ဆေးခြင်းနဲ့လိုအပ်တဲ့ဆေးကုသမှုများအားအခမဲ့ပြုလုပ်ပေးပါတယ်။ဝန်ဆောင်မှုရယူရန်အတွက် 09764224628 ကိုခေါ်ဆို၍ဖြစ်စေ page messenger မှာလာရောက်ဆက်သွယ်နိုင်ပါတယ်။






Address

Tamwe
Yangon
11211

Alerts

Be the first to know and let us send you an email when HIV Myanmar Prevention posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HIV Myanmar Prevention:

Share